Twins (Part 1)

1.6K 201 5
                                    

Twins (Part 1)
~~~~♥~~~~
Jungkook တယောက် စာကြည့်စားပွဲမှာ ထိုင်ရင်း ခဲတံတချောင်းနဲ့ စက္ကူအလွတ်တရွက်ပေါ် ပုံထိုင်ဆွဲနေတယ်...
သူ ဆွဲနေတဲ့ ပုံကတော့ ကုတင်ပေါ်မှာ ipad တစ်လုံးနဲ့ Game ထိုင်ဆော့နေတဲ့ အကို ဖြစ်သူ Taehyung ရဲ့ ပုံကို ကာတွန်းရုပ်ဖြစ်အောင်ဆွဲနေတာ။.. ဘာရယ်တော့ မဟုတ်ဘူး ဒီလိုပဲ ရောက်တတ်ရာရာ ပျင်းလို့ လျှောက်ဆွဲနေတာ။ Taehyung ကတော့ သူ့ပုံကို Jungkook ဆွဲနေမှန်းတောင်မသိပဲ Game ကိုပဲ အသဲအသန် အားခဲ ပြီး ကစားနေတယ်။

"ဟာ..အား... သေပါပြီကွာ! သွားပြီ ရှံးပြီ... ''' Taehyung က သူရှူံးတော့ အသံပြဲ ကြီးနဲ့ ထအော်တာကြောင့် အခန်းထဲ ဝင်လာတဲ့ Jimin လန့်သွားပြီး..

"Yah... Taehyung~ ah အသံပြဲ ကြီးနဲ့ ကွာ.. လန့်လိုက်တာ.. လူမမာက လူမမာလို မနေဘူး...ဒီလောက်အသံထွက်နေပုံ ထောက်ရင် နေကောင်းသွားပြီ ထင်တယ်!'' Jimin က ပြောပြောဆိုဆို သူ့ အမြွှာညီလေးရဲ့ နဖူးကိုစမ်းရင်းပြောတယ်။

ဟုတ်တော့လဲ ဟုတ်သည်။ Taehyung က ဟိုတနေ့ ကျောင်းက အပြန် မိုးမိရင်း ဖျားနေတာမို့ အခန်းထဲ အောင်းနေတာ။
"Nae...Jimin..ငါသက်သာသွား
ပြီကွ..'' Taehyung က ပြုံးဖြီးဖြီးနဲ့ Jimin ကို ကြည့်ရင်းပြောလိုက်တယ်။
တကယ်ဆို Jimin က သူ့ကို Taehyung အနေနဲ့ ရိုရိုသေသေ hyung လို့ခေါ်စေချင်ပေမဲ့ Taehyung က သူ့အမြွှာအကို ကို ဘယ်တော့မှ hyung လို့မခေါ်ပါ။ Jimin လို့ပဲ ခေါ်ပြီး သူငယ်ချင်း ပေါင်းပေါင်းသည်။ ၂ မိနစ်ပဲ ကွာတာ hyungဘာ တွေ လုပ်မနေနဲ့တဲ့လေ။ Jimin နဲ့ Taehyung က တယောက်နဲ့ တယောက် မချစ်ကြတာလဲ မဟုတ်ဘူး.. မတည့်အတူနေ Tom & Jerry လို တချိန်လုံး တယောက်ကိုတယောက်မခံချင်အောင်စပြီး ရန်ထဖြစ်နေကြတာ။ ဒါပေမဲ့ ရန်ဖြစ်တာကလဲ ဟိုလို အကြီးကျယ် ဘယ်တော့မှ မဖြစ်ကြပါဘူး.. တယောက်နဲ့တယောက် စကားနိုင်လုကြတာမျိုးပါ.. ချစ်တာကတော့ ချစ်တာပေါ့ မချစ်ပဲနဲ့ လဲ မနေပါဘူး။

Jin hyung နဲ့ NamJoon hyung ကျတော့ ဒီလိုမဟုတ်ကြဘူး။
သူတို့က အချင်းချင်း အရမ်း တည့်တာ..Nam Joon က Jin ကို hyung လို့ရိုရိုသေသေလဲ ခေါ်တယ်။ ပြီးတော့ သူတို့ နှစ်ယောက်က အချင်းချင်း ပို close ဖြစ်ပြီးတစ်တွဲ..
အငယ်သုံးယောက်က.. တစ်တွဲ ပို close ဖြစ်ကြတာ။

The Night Cruise (BTS Horror Stories) Where stories live. Discover now