အိမ်ဌားသူ မိန်းမလှ အပိုင်း၂

1.2K 197 2
                                    

""အိမ်​ဌားသူမိန်းမလှ""
အခန်း ၂

Taehyung.. ​နောက်​တ​နေ့မနက်​ သူနိုးလာ​တော့သူ့ အခန်းထဲကကုတင်​​ပေါ်မှာအိပ်​​ပျော်​​နေတာကို သူ့ကိုယ်​သူ​တွေ့လိုက်​ရတယ်​။
မ​နေ့ညက သူအိပ်​​ပျော်​သွားတာလား​မေ့သွားတာလား သူမသိ​တော့ဘူး တဖက်​ကုတင်​​ပေါ်ကို ကြည့်​​တော့လဲ Jungkook က အိပ်​​မောကျ​နေတာ တ​ခေါ​ခေါ​ဟောက်​လို့ မနက်​ခင်းကလဲ ကြည်​ကြည်​လင်​လင်​..​ကျေးဌက်​​တွေကလဲတကျီကျီတတျာတျာ.

Jungkook နိုးလာပြီး
"ဟင်!!!ဘယ်​အချိန်​ရှိပြီလဲ?" သူကတခုခု ကိုသတိရသွားဟန်​နဲ့ နာရီ ကို ပြူးတူးပြဲတဲ ကြည့်​ရင်းထ​အော်​တယ်​။ ""ဘုရား ဘုရား!ဒုက္ခ ပဲ ၉နာရီ​တောင်​ထိုး​တော့မယ်​. ငါ​တော့နောက်​ကျပြီ!" Jungkook က ပြူးပြူးပြာပြာ ထ​အော်​တယ်​ ပြီး​တော့ အမြန်​​ရေချိုးခန်း ထဲဝင်​ဖို့လုပ်​လို့ မနည်း
Taehyung ဆွဲရတယ်​ ဟုတ်​တယ်​​လေ သူလဲ အလုပ်​​နောက်​ကျလို့မဖြစ်​ဘူး။ဒါနဲ့​ရေချိုးခန်း လု​နေရင်း Tarhyung
အရင်​လုဝင်​သွားတာမို့ Jungkook
ပွစိ ပွစိ ကျန်ခဲ့တယ်။
ဟုတ်​တယ်​​လေ မတတ်​နိုင်​ဘူး။ သူ​ရေချိုးခန်းက ထွက်​လာ​တော့ Jungkook က
"ကျနော် ဒီ​နေ့ထုတ်​လုပ်​သူနဲ့ ချိန်းထားတာကွ..hyung လုပ်​တာနဲ့ ဒုက္ခ ပဲ ​နောက်​ကျ​တော့မယ်​.." လို့မ​ကျေမချမ်း​ပြောရင်း​ရေချိုးခန်းထဲဝင်​သွားတယ်​။

Jungkook ရေချိုးခန်းထဲ ​ရေဝင်​ချိုး​နေတုန်းသူလဲ အမြန်​ဆန်​ အဝတ်​စားလဲ​နေရင်း.မှန်​တင်​ခုံက.ကြည့်​မှန်​ကို ကြည့်​ရင်း​ခေါင်းဖြီး​နေတုန်း..
"ဟင်​.." သူ့အ​နောက်​မှာလူတ​ယောက်​ရပ်​​နေတယ်​ ဒါ​ပေမဲ့ အဲ့လူက သူ့ကို​ကျော​ပေးရပ်​​နေတာ မျက်​နှာ မပြင်​ရဘူး Jungkook က ​ရေချိုးခန်း ထဲမှာ​လေ ဒါဘယ်​သူလဲ..သူ​ကြောင်​သွားပြီ ​နောက်​​ကျောကို လှည့်​ကြည့်​လိုက်​တယ်​ ဘယ်​သူမှ ရှိမ​နေပါဘူး အင်းသူမျက်​စိမှားတာထင်​ပါတယ်​။ မှန်​ထဲမှာလဲဘယ်​သူမှ မရှိ​နေ​တော့ဘူးး..ဒါ​ပေမဲ့
"​ညောင်​.."
"အမ​လေး.." ​ကြောင်​​အော်​သံ​လေးကိုပဲသူထ​အော်​မိတယ်​ ​အော်​မိတာလဲမ​ပြောနဲ့​လေ သူတို့အခန်းထဲ Yoora ရဲ့ ​ကြောင်​ကြီး​ရောက်​​နေတယ်​ သူက ​ကြောင်​ကြီးကို စိုက်​ကြည့်​​နေမိတယ်​ ​ကြောင်​ကြီးရဲ့ အကြည့်​​တွေက တိရစ္ဆာန်​ တ​ကောင်​နဲ့မတူ​အောင်​စူးရဲလွန်းတယ်​သူ့ကို ညို့​နေသလိုပဲ..သူမျက်​စိ​တွေ​ကြောင်​ဆီက အကြည့်​ခွာမရ​တော့ဘူးတကယ်​ကို သူအညို့ခံ​နေရပြီ..
"Yahh.hyung ah!.. အလုပ်​​နောက်​ကျ​နေပြီဆို ခုထိဘာလို့ မသွား​သေးလဲ မှန်​​ရှေ့အလှထိုင်​ပြင်​​နေတာလား.." ​ရေချိုးခန်း ထဲကထွက်​လာတဲ့ Jungkook အသံကြားမှသူ Jungkook ကို လှမ်းကြည့်​ရင်း ​ကြောင်​ဆီက အကြည့်​ခွာလိုက်​တယ်​..
"ဟို.. အခန်းထဲ ​ကြောင်​​ရောက်​​နေလို့.."
"ဘယ်​မှာလဲ ​ကြောင်​.."
"ဟို.." Taehyung ခုနက​ကြောင်​ထိုင်​​နေတဲ့​နေရာကို ကြည့်​​တော့မရှိ​တော့ဘူး မဟုတ်​​သေးပါဘူး ခုနကပဲအ​သေချာဒီနားမှာ ထိုင်​​နေတာ ထွက်​များ​ပြေးလား ​ပြေးရင်​လဲဒီအခန်းထဲမှာဆို တ​နေရာရာ​တော့​တွေ့ရမယ်​ အခု​တော့ အရိပ်​​ယောင်​တောင်​မ​တွေ့​တော့ဘူး။ Jungkook က အခန်းတံခါးကို ကြည့်​ရင်း.. ​သော့ခတ်​ထားတယ်​​လေ ဆိုတဲ့ အကြည့်​နဲ့သူ့ကို ကြည့်​တယ်​ ​သော့ခတ်​ထားတာ.​ကြောင်​က ဘယ်​အ​ပေါက်​ကဝင်​လာမလဲပြန်​ထွက်​သွားမလဲ ပြတင်း​ပေါက်​ ကဆိုရ​အောင်​လဲသူတို့ ပြတင်း​ပေါက်​ ကခြင်​ ဆန်​ကာတပ်​ထားတယ်​ ပြီး​တော့သူတို့်နေတာ ၁၂လွှာ
သူလဲ ခပ်​မြန်​မြန်​​လေး အခန်းပြင်​ထွက်​လာတယ်​ ရုံး​နောက်​ကျ​တော့မယ်​​လေ ထမင်းစားပွဲမှာ သူတို့ကို Yoora က အ​ငွေ့တ​ထောင်း​ထောင်းထ​နေတယ်​ ခေါက်ဆွဲ ပြုတ်တွေနဲ့​စောင့်​​နေတယ်​။

The Night Cruise (BTS Horror Stories) Where stories live. Discover now