☦4☦

12.4K 1.2K 12
                                    


[Unicode]

TaeHyung America ရောက်ပြီးမကြာပါဘူး...
Taeyoon ရဲ့မင်္ဂလာသတင်းကိုသူကြားခဲ့သည်။
အခုလဲအတန်းချိန်အားတုန်း Taeyoon မင်္ဂလာဆောင်တုန်းက သူ့ကိုပို့ထားနဲ့ပုံတွေကြည့်ရန် Messenger ဖွင့်လိုက်သည်။

ကျက်သရေရှိစွာလှပနေသော သူ့အစ်မ Taeyoon ရဲ့မင်္ဂလာပုံတွေကိုသူကြည့်ရင်းပြုံးမိသည်။ သူ့အစ်မရဲ့ခင်ပွန်းကိုသူကြည့်မိတော့ ရင်ထဲမှာတစ်မျိုးခံစားလိုက်ရသည်။ သူသေချာစိုက်ကြည့်လိုက်ရင်း

"ငါသူ့ကိုတွေ့ဖူးသလိုပဲ? ဘယ်မှာပါလိမ့်!"

"ဟေ့ကောင်! ဘာတွေကြည့်နေတာလဲ"

သူ့ဘေးမှာထိုင်ရင်း Mark ကမေးတော့ သူ့ဖုန်းကိုလှမ်းပြလိုက်သည်။

" ဟာ! သွားပါပြီကွာ!"

Mark ကသူ့နဖူးကိုသူရိုက်ရင်းပြောသည်။

"ဘာဖြစ်လို့လဲ"

"မင်းနော် တော်တော်အကျင့်မကောင်းတဲ့ကောင် Nona မင်္ဂလာဆောင်တာတောင်ငါ့ကိုမပြောဘူး ငါကျောင်းပြီးရင် Nona ကိုဖွင့်ပြောဖို့စဉ်းစားထားတာ"

Mark ကမျက်စိမျက်နှာပျက်ဖြင့်ပြောလာတော့ သူရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ ဒီကောင့််လို ရည်းစားထည်လဲတွဲနေတဲ့သူက သူ့အစ်မကိုကြိတ် crush နေတာကိုသိပေမယ့် အတည်လို့မထင်ခဲ့...အခုသူပြောလာမှပဲ စိတ်မကောင်းလဲဖြစ်မိသည်။

" အံမယ် Mark မင်းက TaeHyung Hyung ရဲ့ Nona ကိုတကယ်ကြွေတာလား"

Jihoon ရောက်လာကာ Mark ကိုပြောင်စပ်စပ်မျက်နှာနှင့်မေးတော့

"ဟေ့ကောင် ငါ့ကို Hyung လို့ခေါ်စမ်း TaeHyung ကိုတော့ Hyung ချင်းထပ်ပြီး ငါ့ကိုကျတော့ မိုက်ရိုင်းနေတယ်ဟုတ်လား"

"Hyung လို့ခေါ်ခံချင်တယ်ပေါ့"

"မင်းဘာသာခေါ်ချင်ခေါ်မခေါ်ချင်နေ..."

"အယ် ချစ်လေးကစိတ်ကောက်သွားတာလား"

"parkJihoon မင်းသေချင်နေပြီနဲ့တူတယ်"

ဆိုပြီး Mark က jihoon ကိုလိုက်ကန်ပါလေရော TaeHyung ကတော့သူတို့နှစ်ယောက်ကိုကြည့်ကာ တခွီးခွီးရယ်ရင်းကျန်ခဲ့တော့သည်။

𝙈𝙔 𝙎𝙄𝙎𝙏𝙀𝙍'𝙨 𝙃𝙐𝙎𝘽𝘼𝙉𝘿 (Completed)Where stories live. Discover now