☦12☦

12.8K 1.1K 28
                                    


[Unicode]

🔞Warning🔞
This part will include some violet sence.
Don't bash me
I warned you babe😆

********************************

JungKook စိတ်တို့ရှုပ်ထွေးနေမိသည်။ TaeHyung ကိုအလုပ်နေရာရွေ့လိုက်တာနှင့်ပတ်သတ်ပြီး သူ့ရင်ထဲမှာနေလို့မကောင်း...စိတ်ပေါက်ပေါက်နဲ့ အလုပ်ကဆင်းတာနဲ့ အရက်ဘားသို့သာသူထွက်လာခဲ့သည်။ အိမ်ကိုလည်းဖုန်းဆက်ကာ ဒီညပြန်လာနိုင်မည်မဟုတ်ကြောင်းပြောခဲ့သည်။

"ဒီဆိုင်မှာရှိတာအကုန်ချ "

ဆိုတဲ့စကားသံသြသြလေးကို ဘေးမှဖြတ်လျှောက်ရင်း ကြားဖြစ်အောင်ကြားလိုက်သေးသည်။

"TaeHyung"

JungKook တိုးတိုးရွတ်မိသည်။ TaeHyung နဲ့မျက်နှာချင်းဆိုင်ဝိုင်းတွင် သူစောင့်ကြည့်နေလိုက်သည်။ သူထိုင်သည့်နေဂာသည် အမှောင်ဘက်ခြမ်းဖြစ်နေ၍ TaeHyung ကသူ့အားမမြင်နိုင်။

နှစ်ခွက်ပဲရှိသေး မူးနေတဲ့ TaeHyung ကိုသူလွှတ်မထားနိုင်တော့။ TaeHyung ရှိရာသို့ဖြေးဖြေးလျှောက်သွားလိုက်ပြီး

"ကိုယ့်အကြောင်းပြောချင်ရင်လဲ ပေါ်တင်ပြောပေါ့ ကလေးလိုအရက်သောက်ပြီးမှပြောရတယ်လို့"

"ပြောချင်လို့ပြောတာ ဘာဖြစ်လဲ? ဟင်! Jeon jungKook ခင်ဗျားက ဘာလာလုပ်တာလဲ"

"ဘာလာလုပ်တယ်လို့ထင်လဲ"

သူပြန်မေးလိုက်တော့ မသိချင်ယောင်ဆောင်ကာ တစ်ခွက်ထပ်သောက်ဖို့လုပ်သည်။ နှုတ်ခမ်းနားရောက်နေပြီဖြစ်တဲ့ TaeHyung လက်ထဲကခွက်ကို သူဆွဲလုလိုက်ကာ ခုံပေါ်တင်လိုက်သည်။

"ဘာလုပ်တာလဲ"

"လာခဲ့ ပြန်မယ်"

"မပြန်ဘူး ကိုယ့်ဘာသာပြန်"

"ပြန်မယ်လို့ပြောနေတယ်နော် Kim TaeHyung! "

"ခင်ဗျားကဘာမို့လို့ ကျွန်တော့်ကိုအမိန့်လာပေးနေတာလဲ!!?"

TaeHyung ပြန်အော်လိုက်ပြီး မျက်နှာကိုလှည့်ထားလိုက်သည်။ ခဏနေတော့ မြှောက်တက်သွားတဲ့သူ့ခန္ဓာကိုယ်ကြောင့် TaeHyung အလန့်တကြားရုန်းမိသည်။

"ခင်ဗျားဘာလုပ်တာလဲ!!!"

JungKook ကဘာမှပြန်မပြောဘဲ TaeHyung ကိုပခုံးပေါ်တင်ကာ ဘားမှထွက်လာခဲ့သည်။

𝙈𝙔 𝙎𝙄𝙎𝙏𝙀𝙍'𝙨 𝙃𝙐𝙎𝘽𝘼𝙉𝘿 (Completed)Where stories live. Discover now