☦9☦

12.6K 1.2K 44
                                    

[Unicide]


⚛⚛⚛

သူ့မျက်လုံးဝိုင်းဝိုင်းတွေသည် သူ့အား ညှို့ယူနေသလိုခံစားနေရသည်။

သူ့အားစိုက်ကြည့်နေသော သူ့မျက်ဝန်းညှိုတွေသည် လူတစ်ယောက်ကိုသိမ်ငယ်စေသည်။

သူ့မျက်ဝန်းတွေကိုစိုက်ကြည့်နေတဲ့အချိန် ဘေးပတ်ဝန်းကျင်ကိုတောင် သူသတိမေ့နေခဲ့သည်ဆိုတာကို သူဝန်ခံပါသည်။ ထပ်ပြီးကြည့်နေရင် သူတို့ကြားကစည်းပြေပြေကိုချိုးဖောက်မိတော့မည်ဖြစ်သည်။

ဟင့်အင်း...သူကအန္တရာယ်ရှိတယ်!

JungKook ခင်ဗျားက တကယ်ကို...!!!

သူ့ဘက်မှအရင် အကြည့်လွှဲကာ တလိမ့်လိမ့်တက်နေတဲ့လှိုင်းလုံးတွေဘက်အကြည့်ပို့လိုက်သည်။

"ပြန်ရအောင် အပြင်မှာအေးလာပြီ"

သူ့အသံကြောင့် TaeHyung ပြန်လှည့်ကြည့်ကာ

"အင်း" ဟုဆိုမိသည်။

လာတုန်းက ဘေးချင်းယှဉ်လျှောက်လာသော သူတို့နှစ်ယောက်သည်  အခုတော့ခပ်ခွာခွာဖြင့်...။ သူက အရှေ့ကနေပုံမှန်းအတိုင်းလျှောက်နေပေမယ့် သူတစ်ယောက်ထဲစိတ်မလုံစွာ ဖြေးဖြေးလျှောက်နေမိသည်။

ဒီအခြေအနေကဘာမှန်းသူမသိပေမယ့်...ပင်ပန်းသည်။ တကယ်ကိုနေရခက်သည့်အခြေအနေမျိုးကြီး...

TaeHyung ခေါင်းငုံ့ကာ မျက်လုံးတွေကိုလဲသဲဖြူဖြူတို့ဆီသာ အကြည့်ပို့ရင်းလျှောက်လာခဲ့သည်။

"အ!"

သူ့ခန္ဓာကိုယ်သည်အနောက်ကို တစ်လှမ်းလောက်ရောက်သွားသည်။

*ငါတိုက်မိသွားတာ JeonJungKook ရင်ဘက်ကြီးလား! *

"ဘာလို့ငုံ့ပြီးလျှောက်နေတာလဲ အဲ့ဒီတော့ငါ့ကိုတိုက်မိပြီပေါ့"

"ခင်ဗျားကဘာလို့ရပ်နေတာလဲ သွားမယ့်ဟာမသွားဘဲနဲ့"

𝙈𝙔 𝙎𝙄𝙎𝙏𝙀𝙍'𝙨 𝙃𝙐𝙎𝘽𝘼𝙉𝘿 (Completed)Where stories live. Discover now