☦13☦

12.3K 1.1K 8
                                    


[Unicode]

"ဘာ! !! ...ဒီကောင့်အကြောင်းကိုလုံးဝရှာမတွေ့ဘူးဟုတ်လား"

"တောင်းပန်ပါတယ် သူဌေး "

"ဒီကောင့်ကို ဒီအတိုင်းလွှတ်ထားလို့မရဘူး သူ့အကြောင်းသိအောင်စုံစမ်းကြ!တောက်!"

"ဒါနဲ့ သူ့နာမည်အစတော့သိလာတယ် "

"ဘာလဲ!!!"

"J"

"J!  အဲ့တစ်လုံးထဲနဲ့ ငါကဘာလုပ်ရမှာလဲ ေ-ာက်သုံးမကျလိုက်တာ! "

"ဒါနဲ့ သူဌေးလုပ်သမျှအကုန်သိတယ်ဆိုတော့ သူဌေးရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူများလား..."

"ငါ့ပတ်ဝန်းကျင်မှာ...မဖြစ်နိုင်ဘူး ငါဒီအလုပ်လုပ်တာ ဘယ်သူမှမသိဘူး ...ဘာပဲဖြစ်ဖြစ်မင်းတို့သတိနဲ့လှုပ်ရှားကြ...ဘယ်လိုကြောင်းနဲ့မှ ငါသတင်းမထွက်ချင်ဘူး"

"ဟုတ်ကဲ့! "

ထိုလူရုံးခန်းထဲကထွက်သွားသည်နှင့် Mr. Kim sofa ပေါ်တွင်မှီထိုင်ကာ မျက်ရိုးကိုလက်ချောင်းတို့ဖြင့်ဖိနှိပ်ရင်းစဉ်းစားနေမိသည်။

*ငါ့ပတ်ဝန်းကျင်က လူဆိုရင်...ဘယ်သူဖြစ်နိုင်မလဲ?! စဉ်းစားစမ်း! JungKook?  မဟုတ်လောက်ပါဘူး သူက သခင်လေးနဲ့နာမည်တူတာလောက်ပဲ! ပြီးတော့ သခင်လေးအလောင်းကိုငါကိုယ်တိုင် စစ်ထားတာပဲ...ဟုတ်တယ် သူတော့မဖြစ်နိုင်ပါဘူး...ဒါပေမယ့် ဘာလို့ငါ့စိတ်တွေရှုပ်ထွေးနေရတာလဲ?!*

Mr. Kim စုပ်သက်မိသည်။ စိတ်ထဲမှာတော့ မတင်မကျလှိုင်းတစ်ခုကတော့ ပျောက်ပျက်မသွားခဲ့.....

"ငါစုံစမ်းဖို့လိုအပ်မယ်ထင်တယ်"

Mr. Kim တွေးတွေးဆဆဖြင့် ဖုန်းနံပါတ်တစ်ခုဆီသို့....

☮☮☮

"ဟားဟားဟား..."

ရေချိုးခန်းမှ TaeHyung ရဲ့ရယ်သံသည်အပြင်ဘက်ထိတောင် ပျံ့လွှင့်လျက်...

" JungKook နင်းလေ ဘာလို့အချောင်ခိုနေတာလဲ"

TaeHyung နဲ့ JungKook တို့ရုံးမသွားသည့်အတွက် ပေကျံနေသည့်စောင်များအား နှစ်ယောက်သား ဇလုံထဲထည့်ကာ နင်းနေကြသည်။

"ကိုယ်တစ်ခါမှမလုပ်ဘူးဘူး"

JungKook ကဘောင်းဘီမပြီး မတ်တပ်ရပ်လျက် ပြောသည်။

𝙈𝙔 𝙎𝙄𝙎𝙏𝙀𝙍'𝙨 𝙃𝙐𝙎𝘽𝘼𝙉𝘿 (Completed)Where stories live. Discover now