☦11☦

11.9K 1.1K 9
                                    


[Unicode]

TaeHyung JungKook ဆီမှကြားလိုက်ရသောစကားကြောင့် JungKook နဲ့မျက်နှာချင်းမဆိုင်ချင်တော့တာနဲ့ company ကနေစောစောပြန်လာခဲ့သည်။
Jeju ကပြန်လာပြီးကတည်းက တိုက်ခန်းမှာပြောင်းနေ၍ အဆင်ပြေသည်။ မဟုတ်ရင် သူနဲ့ JungKook နဲ့လုံးဝအဆင်ပြေနိုင်မည်မဟုတ်...။
အထူးသဖြင့် သူ့ Noona ရဲ့ခင်ပွန်းဖြစ်နေသည့်အတွက် သူတို့ကလုံးဝမဖြစ်နိုင်။ ထိုနေ့ကကိစ္စကိုလဲ အမှားတစ်ခုလို့သဘောထားပြီး သူမေ့နိုင်အောင်ကြိုးစားတော့မည်။

နာကျင်နေတဲ့နှလုံးသားကို လျစ်လျူရှု့ပြီးတော့ပေါ့...။

📲 Rings>>>

ကားမောင်းနေရင်း ဖုန်းထမြည်လာတော့ နားတစ်ဖက်တွင်နားကြပ်တပ်လိုက်ပြီး

"Nae Omma"

"...... "

"ကျွန်တော် တိုက်ခန်းကိုပဲတန်းပြန်လိုက်ပြီ Omma.... nae"

ဖုန်းချလိုက်ပြီး သူ့တိုက်ခန်းသို့သာ တဟုန်ထိုးမောင်းလာခဲ့တော့သည်။

အိမ်ရောက်တော့လဲ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ၍ ရေချိုးပြီးကတည်းက အိပ်ယာထဲမှာသာခွေနေမိသည်။ ရင်ထဲမှာတော့ နေလို့လုံးဝမကောင်းသေး...

☮☮☮

မနက်မိုးလင်းတော့ ခေါင်းကအတော်လေးကိုကိုက်နေပြီဖြစ်သည်။ ညကတည်းက သူလုံးဝမအိပ်ရသေးဘူးမဟုတ်လား...။တစ်ချိန်လုံး ခေါင်းထဲတိုးဝင်လာတာ ထိုနေ့ညက JungKook ရဲ့နှုတ်ခမ်းတွေပင်...

"ဟား...စိတ်ရှုပ်လိုက်တာ!"

TaeHyung သူ့ဆံပင်တွေကိုစိတ်ရှုပ်စွာ ထိုးဖွလိုက်ပြီး ရေချိုးခန်းသို့လေးပင်စွာဖြင့် ဝင်သွားတော့သည်။

Necktie ကိုသေချာတည့်အောင်ပြင်နေရင်း မှန်ထဲကြည့်မိတော့ သူ့မျက်ကွင်းတွေကသိသိသာညိုနေတာ...

*ဒါ Jeon JungKook ကြောင့်*

စိတ်မပါစွာပင် အိတ်ကိုဆွဲယူကာ အလုပ်သို့ထွက်ခဲ့သည်။

Company ကိုရောက်တာနဲ့ JungKook ရုံးခန်းနဲ့နီးလာလေလေ သူ့ခြေလှမ်းတွေလေးလံလေဖြစ်နေသည်။ စိတ်ကိုဖြေလျော့လိုက်ပြီး JungKook ရုံးခန်းထဲသို့ဝင်လိုက်သည်။

𝙈𝙔 𝙎𝙄𝙎𝙏𝙀𝙍'𝙨 𝙃𝙐𝙎𝘽𝘼𝙉𝘿 (Completed)Where stories live. Discover now