အပိုင်း - ၆

775 56 6
                                    

သတိရတယ်​ မင်းတို့​လေး​ယောက်​လုံးကို အရမ်း သတိရတယ်​ စာ​မေးပွဲကြီးပြီးရင်​​တော့ အရင်​လိုဘဲ ငါး​ယောက်​အတူတူ အရင်​ကလိုဘဲ ​ပျော်​စရာ​တွေ ဖန်​တီးကြရ​အောင်​ ​ကျောင်းပိတိရက်​​​တွေပြန်​မလာလို့ မင်းတို့ငါကို စိတ်​ဆိုးရင်​ ဆိုး​နေကြမှာ​ပေါ့ ငါ့စိတ်​ကိုငါသိလို့ ပြန်​မလာတာပါ မင်းတို့နဲ့​တွေ့ရင်​ မန္တ​လေးမှာ​နေချင်​စိတ်​ ​ပျောက်​သွားလိမ့်​မယ်​ ဆယ်​တန်းတနှစ်​​လေး​တော့ ငါ​အောင့်​ခံသင့်​တယ်​မလား အရင်​ကလို က​လေးမဆန်​​တော့​ပေမယ့် မင်းတို့နဲ့ ပက်​သက်​ရင်​ ခံစားလွယ်​တုန်းဘဲ မိုး​တွေရွာရင်​ ပြင်​ဦးလွင်​ရယ်​ သူငယ်​ချင်း​လေး​ယောက်​ရယ်​ကို ပိုသတိရမိ​တယ်

"john ​ရေ အတန်းချိန်​နီးပြီမလား"

အခန်းပြင်​ဘက်​မှ ကိုကိုကြီးအသံ​ကြောင့်​ သူငိုင်​​နေရာမှ သတိဝင်​လာသည်​ စာ​မေးပွဲနီးပြီဘဲ ​မျှော်​လင့်​​တကြီးနဲ့ ​စောင့်​ခဲ့ရတဲ့ အချိန်​​တွေ ​ရောက်​ခါနီးပြီ သူ​တွေးရင်း ​​ကျောင်းသွားဖို့ ပြင်​လိုက်​သည်

"ဆုအိမ့်​ နင်​အဲ့ဒီလိုကြီး လှလှပပ ဝတ်​မလာနဲ့ဟ"

မျက်​နှာရှူံ့မဲ့ပြီး ​ပြော​နေ​သော philip ရဲ့စကား​ကြောင့်​ ဆုအိမ့်​အံသြသွားရသည်

"philip ငါပုံမှန်​​ကျောင်းစိမ်းဘဲ ဝတ်​တာပါဟာ"

"အဲ့ဒါကို နင်​ကဘာလို့ အရမ်းလှ​နေရတာလဲဟာ နင့်​ကိုငါ စိတ်​မချ​တော့ဘူး"

"​တော်​ပါ philipရယ်​ ဒီကြားထဲ စာကိုသာ အာရုံစိုက်​ပါဟာ စာ​မေးပွဲကြီးပြီးရင်​ သူ့ဘာသာ ဖြစ်​သင့်​တာ ဖြစ်​လာလိမ့်​မယ်​ ခု​ အာရုံ​နောက်​​အောင်​ မလုပ်​နဲ့ ​နောင်​တ​ရ​နေရမယ်​"

ဆုအိမ့်​ရဲ့ ခြိမ်း​ခြောက်​စကား​ကြောင့်​ philip ခမျာ တခါတည်း ငြိမ်​ကျသွားရသည်

အငယ်​တန်း​တွေ စာ​မေးပွဲ​ဖြေပြီမို့ သူတို့ private study ရကာ အိမ်​မှာဘဲ စာကြည့်​ရသည်​ အ​ဆောင်​မှာ​ဒေးတတ်​သူများမို့ အ​ဆောင်​ကိုလည်း အချိန်​ပြည့်​သွားစရာမလို​တော့ပါ ဆုအိမ့်​မှာ နှစ်​​ယောက်​အတူကျတ်​လိုက်​ philip အိမ်​မှာ နှစ်​​​ယောက်​အတူစာတွက်​လိုက်​နဲ့ နှစ်​​ယောက်​သား ဘယ်​​တော့မှ မခွဲဘဲ စာကျတ်​ကြသည်

အဖြူ​ရောင်​​မေတ္တာWhere stories live. Discover now