ဆုအိမ့်ပွဲရုံကနေပြန်ပြန်ချင်း johnကို ဝင်တွေ့လိုက်သည် john ဖေဖေနဲ့ မေမေ johnအတွက် အလုပ်များနေတော့ ကိုကိုလေးနဲ့ သူမမှာ နှစ်ယောက်တည်း ပွဲရုံကိစ္စတွေကို စီစဉ်ရသည်
"John နေရတာအဆင်ပြေလား"
ဝရန်တာမှာ ထိုင်ပြီး လမ်းမပေါ်ငေးနေရင်းက ဆုအိမ့်စကားကြောင့် john နောက်လှည့်ကြည့်လိုက်သည်
"Sorry ပါjohn အလုပ်တွေကြောင့် နင့်အနားမှာ အချိန်အများကြီး မရှိနေပေးနိုင်တာကို"
"ရပါတယ် ပွဲရုံမှာ အလုပ်များတယ်ဆို ကိုကိုလေးပြောတယ်"
"ဟုတ်တယ် အလုပ်များတယ် john နင်မြန်မြန်နေကောင်းအောင် ကြိုးစားပါ နင်နေမကောင်းတော့ ငါစိတ်မဖြောင့်ဘူးဟ"
"ငါ အမေရိကန်သွားတော့မယ်"
John ထံမှ မမျှော်လင့်သော စကားကို ကြားလိုက်ရသောကြောင့် ဆုအိမ့် အံသြသွားသည်
"ဘာလို့လဲ john ဘာဖြစ်လို့သွားမှာလဲ"
အံ့အားသင့်စွာ မေးခွန်းထုတ်နေသော ဆုအိမ့်ကို johnနားမလည်နိုင်စွာ ကြည့်လိုက်သည်
"နင်ပြောတော့ နင်က ငါ့အချစ်ဆုံးသူငယ်ချင်းဆို ငါ့အကြောင်းကို ဘာလို့မသိတာလဲ"
"ဘာကိုလဲ"
"ငါ အက်ဆီးဒင့် မဖြစ်ခင်ကတည်းက အမေရိကန်သွားဖို့ ခွင့်တောင်းပြီးသားတဲ့ မွှေးကိုတောင် ဘွဲ့ယူအမှီပြန်လာမယ်လို့ ကတိပေးထားသေးတယ်တဲ့"
John စကားကြောင့် ဆုအိမ့် အံ့သြသွားသည်
"ငါတကယ်မသိဘူး John "
"အေးပါ နင့်ကို မပြောမိသေးလို့နေမှာပါ နင်ပြန်နားတော့လေ ပင်ပန်းလာတယ်မလား"
"နင် ငါ့ကို နှင်ထုတ်နေတာလား john နင်ပြောင်းလဲသွားတာ အခုမှ မဟုတ်ပါဘူး နင် မန္တလေးမှာ ကျောင်းသွားတတ်ပြီးကတည်းက ပြောင်းလဲသွားတာ ငါ့ကို အမြဲရှောင်ဖယ်ရှောင်ဖယ် လုပ်တယ် ဘာလို့လဲ john"
ဆုအိမ့်ရင်ထဲက စကားတချို့ကို မထိန်းနိုင်ဘဲ ပေါက်ကွဲမိသည်
"ငါ့ကို ဘာတွေလာပြောနေတာလဲ နင်ပြောတာတွေ ငါ မသိဘူး"
"နင် ငါ့ကို ဘာလို့ဥပေက္ခာပြုနေတာလဲ လူယုတ်မာရဲ့ ခုလည်း ငါ့ကို နင်မသိဘူးမလား ငါကတော့ မျှော်လိုက်ရတာ john ဆယ်တန်းဖြေပြီးလို့ မန္တလေးက ပြန်လာရင်ဆိုပြီး နင်ကတော့ ငါ့ကို အမြဲရှောင်ဖယ်ဖယ် လုပ်တယ် အရင်ကဆို ငါက နင့်ရဲ့ ဦးစားပေး ဟီး ဟီး"
ဆုအိမ့်ရဲ့ အားရပါးရ ငိုချသံကြောင့် john စိတ်ထဲ တမျိုးကြီး ခံစားရသည်
"ဟဲ့ ဟဲ့ သမီး ဆုအိမ့် ဘာလို့ ငိုနေတာလဲ လာ အိမ်ပြန်ရအောင်"
ဆုအိမ့်ငိုသံကြောင့် ဆုအိမ့်မေမေက လာခေါ်ပြီး အိမ်ပြန်သွားကြသည်
John စိတ်ရှူပ်စွာ ကုလားထိုင်ကို မှီချလိုက်သည် အခုမှ တကယ့်အူကြောင်ကြား ဖြသ်နေသည် မသိသော ပြဿနာပေါင်းစုံကို သူဘယ်လို ဖြေရှင်းရမည်နည်း ညနေကလည်း ဘာမှမသိပါဘူးဆို ကတိပေးထားတယ်နော်လို့ ပြောတဲ့လူကြောင့် ပြုံးရပြီးပြှ ခုလည်း ဥပေက္ခာ ပြုတယ်လို့ စွပ်စွဲသူကြောင့် စိတ်ရှူပ်ရသည် ဒါတောင် ညနေက ကောင်တကောင်က မကြည်ကြည့်နဲ့ ကြည့်သွားသေးတယ် ဒီကနေ မြန်မြန်ထွက်သွားမှပါလေ
"Philip နေမကောင်းဘူးလား မေမြို့က ပြန်လာကဆည်းက တမျိုးဘဲ ဆော်နဲ့ အဆင်မပြေခဲ့ဘူးလား"
လောပန်ရဲ့သား မင်းထက်က သူ့ကို ခင်ရှာသည် ခုလည်း အရိပ်တကြည့်ကြည့်နဲ့ သူ့မျက်နှာမကောင်းနေသောကြောင့် မေးရှာသည်
"ပြေခဲ့ပါတယ်ကွ ဒီလိုဘဲ စိတ်ရှူပ်စရာလေးတွေ ရှိလို့ပါ"
"ဟုတ်လား ကျွန်တော်လည်း စိတ်ရှူပ်တယ် စာမေးပွဲကိစ္စကြီး ခေါင်းထဲထည့်ထားရတာ နှစ်ယောက်လုံး စိတ်ရှူပ်နေတဲ့ အတူတူသောက်ရအောင်"
မင်းထက်စကားကြောင့် philip လန့်သွားသည်
"ဘာကွ ဆယ်တန်းကျောင်းသားက စာကျတ်ရမယ့်ဟာကို"
"သိတယ် ဒါပေမယ့် ဒီနေ့စာကျတ်နိုင်မှာ မဟုတ်ဘူး သိတ်မကြည်ဘူး အပြင်သွားသောက်မယ် philip ဘာသာ သောက်ချင်သောက် မသောက်ချင်နေ"
"ဟာ မင်းထက် ဘယ်မှာသွားသောက်မလို့လဲ မဟုတ်တာတွေ မလုပ်စမ်းပါနဲ့ "
စိတ်ရှူပ်ရတဲ့အထဲ ဒီကလေးကတမျိုး နာရင်းထအုပ်လိုက်ရင်တော့ မကောင်းရှိတော့မယ်
"စာမေးပွဲကလည်း လိုပါသေးတယ် philip ဘဲစဉ်းစားကြည့်တော့ ကျွန်တော့်မှာ အချိန်ရှိသရွေ့ ဒီစာတွေနဲ့ဘဲ အချိနကုန်နေရတာဘဲ တခါတလေတော့ စိတ်အပန်းပြေစရာလည်း လုပ်သင့်တယ်မလား"
အဲ့ဒီလိုနဲ့ မင်းထက်ရယ် philip ရယ် သိပ်သားနားမှုမရှိသော ဆိုင်တဆိုင်မှာ ထိုင်၍သောက်ဖြစ်ခဲ့သည်
မူးလာရင် သူများတွေက အရာအားလုံး မေ့သွားတတ်သည်တဲ့ သူ့မှာတော့ မချိမဆန့် ဝေဒနာကို ခံစားရသည် ခွဲစိတ်ခန်းထဲက ထွက်လာသော john ရဲ့မျက်နှာ ပြီးတော့ အေးစက်နေတဲ့ john ပုံစံတို့က သူ့အာရုံထဲမှာ စွဲနေသည် သူ့ကြောင့်ဆိုသော ယူကျုံးမရ ခံစားချက်က သူ့စိတ်ကို အမြဲဒုက္ခပေးသည်
"အဲ့ဒီတော့ အက်ဆီးဒင့် ပြီးကတည်းက ဒီလိုဘဲ နေလာတာပေါ့"
ရှေ့ကဆရာဝန်ကြီးအမေးကို john ခေါင်းညိတ်ပြလိုက်သည်
"ဟုတ်ပါတယ် မြန်မာပြည် ကထွက်လာတာ ၈လလောက်ရှိပါပြီ ဒီမှာကတော့ ဘာမှအခက်အခဲ မရှိပါဘူး ကျောင်းတတ်ဖို့ရယ် နေသားကျအောင် ကြိုးစားနေရတာရယ်နဲ့ ဆရာ့ဆီ အခုမှ လာဖြစ်တယ်"
"မင်းပြောတဲ့ ပုံစံအရရော မြန်မာနိုင်ငံက ဆရာဝန် ကောက်ချက်ချထားတဲ့အတိုင်းရောဆို မင်းကိုယ်တိုင် ပူးပေါင်းပြီး ကြိုးစားမှသာ ကုသလို့ရမယ် နို့မို့ကတော့ ဆရာ ဘယ်လောက်တော်တော် အလကားဘဲ ပဲ့ဒီတော့ အရင်ကမှတ်ဥာဏ်တွေကို သိချင်စိတ်အရင်မွေး အဲ့ဒီစိတ်ထက်သန်လာပြီဆိုရင် ဆရာ့ဆီလာခဲ့ အတူတူ ကြိုးစားတာပေါ့"
"ဟုတ်ကဲ့ဆရာ"
John ပြန်ထွက်လာတော့ ဆရာဝန်ပြောခဲ့တဲ့ စကားများကို စဉ်းစားနေမိသည် သိချင်စိတ်ဖြစ်အောင် အရင်ကြိုးစားရမယ်တဲ့ အဲ့ဒီသိချင်စိတ်ဆိုတာ အက်ဆီးဒင့် မဖြစ်ခင် ၁၆နှစ်လုံးလုံးက အကြောင်းအရာတွေကို စိတ်ဝင်စားကြည့်ရမှာပေါ့
"မွှေး"
မင်းမင်း အသံကြောင့် မွှေး အပင်တွေကြားထဲကနေ ထွက်လာခဲ့သည်
"ဟာ ကြည့်စမ်းပါဦး ဗိုလ်လောင်းကြီးက ထွားလာလိုက်တာ"
မွှေးစကားကြောင့် မင်းမင်း ရှူံ့မဲ့လိုက်သည်
"ထွားတာလည်းမပြောနဲ့ ဒီမှာကြည့်ဦး "
ပြောပြောဆိုဆို အင်္ကျီလှန်ပြလိုက်သော မင်းမင်းရဲ့ ဝမ်းဗိုက်ကို ကြည့်ရာ မွှေး အံ့သြသွားသည် ဝမ်းဗိုက်ကြွက်သားများက ချိုင့်ဝင်နေသည်
"ဟာ မင်းမင်း ဘယ်လိုဖြစ်တာလဲ"
"ဒါ စီနီယာတွေက ပုံသွင်းပေးထားတာလေ"
"ဟမ် အဲ့ဒီလိုကြီးလား"
"အေး အဲ့ဒီလိုကြီး "
"ရယ်တော့ရယ်ရသားနော် မင်းမင်း နင့်လို ဆော်ပွေချင်တဲ့သူမှ ယောက်ျားလေးတွေချည်းဘဲ တတ်တဲ့တက္ကသိုလ်ရောက်သွားရတယ်လို့"
"အမ်မာ ရောက်တာမဟုတ်ပါဘူး ငါ့သဘောနဲ့ငါ တတ်တာပါနော် နိုင်ငံတော်ကို ကာကွယ်ဖို့"
မင်းမင်းလုပ်ပြနေသော ပုံစံကြောင့် မွှေးရယ်လိုက်သည်
"ရယ်မနေနဲ့ ဆုအိမ့်ဆီ သွားရအောင်"
"အေး သွားမယ် တနင်္ဂနွေ နင်ထွက်တဲ့ရက်ရယ် ငါ့ကျောင်းပိတ်တဲ့ရက်ရယ် ကြုံတုန်းလေး သုံးယောက်ဆုံ ကြတာပေါ့"
နှစ်ယောက်သား ဆုအိမ့် အိမ်ဘက်ထွက်လာခဲ့သည်
"ဆုအိမ့် ဆုအိမ့်"
"နှစ်ယောက်သား ဧည့်ခန်းထဲထိုင်ပြီး ကျုံးအော်မနေနဲ့ ငါရှိပါတယ်ဟ"
မီးဖိုချောင်ထဲက ထွက်လာရင်း နှစ်ယောက်လုံးကို ဆုအိမ့်အော်လိုက်သည်
"သူကဖြင့် လူသံကြားတာတောင် ထွက်မလာဘဲနဲ့"
မင်းမင်းစကားကြောင့် ဆုအိမ့်ရယ်လိုက်သည်
"ငါ ဟင်းအိုးတန်းလန်းဖြစ်နေလို့ပါ"
"အန်တီရော ဘယ်သွားလဲ"
"John တို့အိမ်က ပြန်မလာသေးဘူး"
"အန်တီမရှိတုန်း မေးရဦးမယ် philip ရော နေကောင်းလား သူ ငါတို့ကို ဖုန်းမဆက်ဘူး သူ့ဆီဖုန်းဆက်ရင်လည်း မရတချက် ရတချက်နဲ့"
မင်းမင်း စကားကြောင့် မွှေး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်
"ဟုတ်တယ်ဟ သူ မှော်ဘက် ခဏခဏ သွားနေရတာ အလုပ်ကတော့ အဆင်ပြေတယ် ပြောတာဘဲ သူ အရက်တော့ တအားသောက်နေသလိုဘဲ ပြောလိုက်ရင်လည်း ပင်ပန်းလို့ပါနဲ့ ဘာနဲ့ ဆေးမစွဲတာဘဲ ကျေးဇူးတင်ရမယ် အဲ့ဒီဘက်က ပေါတယ်မလား"
ဆုအိမ့်စကားကြောင့် သူတို့စိတ်လေးသွားသည်
"ဒီကောင် အဲ့ဒီလိုဖြစ်တာ john ကိစ္စကြောင့်ထင်တယ်"
မင်းမင်းစကားကြောင့် ဆုအိမ့်ကြောင်သွားသည်
"ဘာကိစ္စလဲ နင်တို့ ငါ့ကို တခုခု ဖုံးကွယ်ထားတယ်မလား john အက်ဆီးဒင့် မဖြစ်ခင် အမေရိကန်သွားမယ့်ကိစ္စလည်း ငါမသိဘူး"
မွှေးသက်ပြင်းချလိုက်သည် ဘာဘဲဖြစ်ဖြစ် ဆုအိမ့်လည်း သိသင့်တာပေါ့ philip ပိုခံစားနေရတာ ဆုအိမ့်ကို ဖုံးကွယ်ထားတာကြောင့်လည်း ဖြစ်နိုင်တာဘဲ
မင်းမင်းကတော့ မျက်နှာငယ်လေးနဲ့ ဟိုကြည့်ဒီကြည့် လုပ်နေရှာသည်
မွှေးကတော့ ဆုအိမ့်လက်ကိုကိုင်ရင်း အစကနေ ဖြစ်ခဲ့သမျှအား ရှင်းပြရသည်
"အဲ့ဒါ philip က အစိုးရိမ်ကြီးတာဘဲ ငါနဲ့ johnက တအားနီးစပ်ခဲ့တယ်ဆိုပေမယ့် ငါက john ဘက်ပါသွားနိုင်ပါ့မလား သူငယ်ချင်းက သူငယ်ချင်း ချစ်သူက ချစ်သူဘဲလေ ပြီးတော့ johnကရော သူငယ်ချင်းရဲ့ရည်းစား လုရအောင် စိတ်ဓာတ်ညံ့ဖျင်းတဲ့သူမှ မဟုတ်တာ philip ကို ရွေးချယ်တာ ငါသေချာဆုံးဖြတ်ပြီးမှ ရွေးထားတာ ငါ john အပေါ် ခင်တာမှန်ပေမယ့် ငါ့ဘဝလက်တွဲဖော်ကိုတော့ philip ကိုဘဲ ဖြစ်စေချင်တာ ငါ philip ကိုဘဲချစ်တယ် "
မင်းမင်းရော မွှေးရောပါ ဆုအိမ့်ပြောတဲ့စကားကို နားလည်ပါသည်
"Philip အနေနဲ့ကလည်း နင့်ကို တအားချစ်လွန်းလို့ အခုလို သူ ကမူးရှူးထိုးလုပ်မိတာပါ သူ့ကို အပြစ်မမြင်ပါနဲ့"
မွှေးရဲ့ စကားအဆုံးမှာ ဆုအိမ့် သက်ပြင်းချလိုက်သည် သူမ အခန်းထဲဝင်ဝင်ချင်း ထားမသွားပါနဲ့ တတွတ်တွတ် ပြောရင်း ငိုနေသော philip ရဲ့ပုံစံကို ပြန်မြင်ယောင်လာမိသည် အဲ့ဒီအချိန်တုန်းက ဘာလို့အဲ့ဒီလိုပြောတာလဲဆိုတာ သူမ နားလည်လာရသည် တ
"မမြင်ရက်ပါဘူး မွှေးရယ် ကို့ ကို ငါအနားလည်ဆုံးပါ အမြဲတမ်း သူ့ကိုယ်သူထက် ငါ့ကို စဉ်းစားပြီးချစ်ပေးတတ်တဲ့သူပါဟာ ဆယ်တန်းတုန်းကလည်း ငါ့ကြောင့် သူ့မှာ သူ့အိမ်ကို အတိုက်အခံလုပ်ပြီး အဆောင်မဝင်ဘူး အခုလည်း သူ့မှာ ငါ့အတွက် အဝေးမှာနေပြီး အလုပ်လုပ်နေရရှာတာ သူ့ဘာသာတောင် john ဖြစ်ရတာ သူ့ကြောင့်ပါဆိုတဲ့ဖိအားအောက်မှာ စိတ်ဆင်းရဲနေရတာ ငါ သူ့ကို ထပ်ပြီးစိတ်ဆင်းရဲအောင် မလုပ်ရက်ပါဘူး အဝေးသင်တတ်ရင် တူတူတတ်ရမှာဆိုတော့ အဲ့ဒီအချိန်ကျမှဘဲ သူ့အနားမှာနေပြီး သူစိတ်သက်သာအောင် လုပ်ပေးရမှာဘဲ"
"သူလည်း တဖြည်းဖြည်းနဲ့တော့ နားလည်သွားမှာပါ "
ဆုအိမ့်စိတ်သက်သာရာရအောင် မင်းမင်း ဝင်ပြောလိုက်သည်
"Johnရော သက်သာလားတဲ့ နင်က သူတို့အိမ်မှာ အလုပ်လုပ်နေတာဆိုတော့ သူ့မိဘတွေ ပြောတာကြားမိလား"
"သက်သာတယ်တဲ့ သူ ဆရာဝန်နဲ့သေချာပြဖို့ လုပ်နေတယ်လို့တော့ ပြောတာဘဲ"
ဆုအိမ့်လည်း ဘာမှရေရေရာရာ မသိတာကြောင့် မွှေးကို တိကျသောအဖြေမျိုး မပေးနိုင်ပါ
"အေးပါ ငါတို့ ကျောင်းပြီးတဲ့အချိန်ဆိုရင်တော့ ငါတို့သူငယ်ချင်းတတွေ အရင်လို ပြန်နေနိုင်လောက်ပါပြီ ဟိုကောင် philip ကိုလည်း သေချာပြောဦး ကိုယ့်ကိုယ်ကို ဖျက်ဆီးမနေနဲ့လို့ ငါက ဖုန်းမကိုင်ရလို့်သာ နို့မို့ဆိုရင် ဒီကောင့်ကို ဖုန်းဆက်ပြီး လှမ်းဆဲတယ်"
မင်းမင်းစကားကြောင့် မွှေး ငိုင်သွားသည်
"သေချာစဉ်းစားကြည့်မယ်ဆိုရင် johnက ထိခိုက်ခဲ့တာဆိုပေမယ့် အခုလက်ရှိ ပိုနာကျင်နေရတာက philip ဘဲ john က ဘာမှမသိတဲ့လူလို ဖြစ်နေတော့ သူ့အနေနဲ့က အေးဆေးဘဲ philip ကတော့ အကုန်လုံး သူ့ကြောင့်ဆိုပြီး နာကျင်နေရတယ် သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲတောင် မသိဘူး သူ့ကိုယ်တိုင် ကိုယ့်ဘာသာ နာကျင်အောင်လုပ်နေတာဆိုတော့ ငါတို့ပြောရင် နားဝင်ပါ့မလား"
မွှေးစကားကြောင့် သူတိ့ သက်ပြင်းချမိသည်
"John သတိရလာရင်ကောင်းမယ် john နဲ့ ဖြစ်ခဲတဲ့ကိစ္စဆိုတော့ john ကိုယ်တိုင် ဖြေရှင်းရင်တော့ သူနားလည်သွားမှာပါ ငါတို့နားမှာ john ရှိနေရင်လည်း ပြန်သတိရလိုရညား ချောင်းရိုက်လို့ရဦးမယ် အခုတော့ ကံကိုဘဲ မျှော်လင့်ပြီး စောင့်ရုံပေါ့ ဆုအိမ့် philip ကို သေချာဂရုစိုက်ပါဦး"
မင်းမင်း သူငယ်ချင်းကို စိုးရိမ်တာကြောင့် ဆုအိမ့်ကို ပြန်မှာလိုက်သည်
"နင်တို့ရော ကျောင်းတတ်ရတာ အဆင်ပြေလား"
ဆုအိမ့်စကားလွှဲရင်း ကျောင်းတတ်တဲ့အကြောင်းများကို မေးလိုက်သည်
မင်းမင်းနဲ့ မွှေးကတော့ သူတို့တတ်သော တက္ကသိုလ်တွေအကြောင်း သူတို့ကိုယ်တိုင် အပြိုင်အဆိုင် ရှူံ့ချနေသည် သူငယ်ချင်းသုံးယောက် တယောက်နဲ့တာက် စကားလုပြောရင်း အရာအားလုံး မေ့ထညးလိုက်ကြသည် အချစ်ရဆုံးသော သူငယ်ချင်း အရင်းနှီးဆုံးသောသူများမို့ဘယ်လောက်ဘဲဝေးဝေး ပြန်တွေ့တိုင်းမှာ နွေးထွေးမှုကို ခံစားရသည်
ဆုအိမ့် အဝတ်တွေသိမ်းနေရင်းက ဖုန်းသံကြောင့် အိပ်ရာပေါ်လှဲချရင်း ဖုန်းကိုင်လိုက်သည် ညတိုင်း ဖုန်းဆက်နေကျတာဝန်ကိုတော့ ကို သည် မပျက်မကွက်ထမ်းဆောင်သည် သိပ်မူးမေရင်တောင် ဖုန်းခေါ်ပြီး အရမ်းလွမ်းတာဘဲဆိုပြီး ငိုနေတတ်သည် ဒီဘက်ကလူလည်း လိုက်ပြီး ကြိတ်ငိုရသည်
"ကို နေကောင်းလား"
ချစ်ရသူစကားကြောင့် philip ပြုံးမိသည် အမြဲတမ်း နေကောင်းလား ဆိုတဲ့စကားကို အရင်မေးတတ်သည်
"နေကောင်းပါတယ် ဆု ရဲ့ ကိုတို့ မတွေ့ရတာတောင် ကြာပြီနော်"
"ကို မှ မေမြို့ပြန်မလာတာ နေနိုင်နေတာသူက"
ဆုအိမ့်စကားကြောင့် philip ရယ်လိုက်သည်
"နေနိုင်တယ်လို့တော့ မဟုတ်ပါဘူး ဆု ရယ် ဒီမှာအလုပ်များနေလို့ပါ ပြီးတော့ အိမ်ပြန်လာရင် ဖေဖေက ကို့ကို ကြည်တာ မဟုတ်ပါဘူး အဲ့ဒါကြောင့်မို့ပ မျက်နှာလေးမြင်ချင် vc ပြောလို့ရတာဘဲ ဆုရယ် ပြီးတော့ အဝေးသင်တတ်ရင် ကို တို့ မိုးလင်းကနေ မိုးချူပ်နေ့တိုင်း တွေ့ရမှာဘဲကို"
"ဟုတ်ပါပြီ ကိုဒီနေ့ သောက်သေးလား"
"မသောက်ရသေးပါဘူး"
"မသောက်သေးဘူးဆိုတော့ ကို က သောက်ဦးမှာပေါ့"
ချစ်သူရဲ့အမေးကြောင့် philip သက်ပြင်းချမိသည် ကိုယ့်ရင်ထဲက ဝေဒနာ ကိုယ်သာသိသည် မဟုတ်လား
"မသောက်ပါနဲ့လား ကို ရယ် ဒီလိုနဲ့ အရက်သမားဖြစ်လိမ့်မယ်"
အသံတိတ်သွားသောကြောင့် ဆုအိမ့် အားမရစွာ ပြောမိသည်
"အင်းပါ ကို အရက်သမား မဖြစ်ပါဘူး"
မင်းထက်နဲ့ သူက စိတ်တူတော့ ပေါင်းလို့ရသည် နှစယောက်သား အချိန်တော်တော်များများမှာ အတူသောက်ဖြစ်သည် သူကတော့ ညီလေးလိုသဘောထားပြီး ညီအစ်ကို လိုပေါင်းဖြစ်သည်
ဒီနေ့ အလုပ်က ပင်ပန်းသည်မို့ john စောစောအိပ်ရာဝင်ခဲ့သည် ကျောင်းတဖက် အလုပ်တဖက်နဲ့မို့ သူ့မှာ ဘာမှ တွေးတောချိန် သိပ်မရှိပါ ဆရာဝန်နား တောင် မသွားဖြစ်
သူတယောက်တည်း အမှောင်ထဲမှာ ရပ်နေမိသည် ဘေးဘီကိုကြည့်တော့လည်း ဘာမှမရှိ
ထွက်သွား john မင်းထွက်သွား ငါတို့နားကနေ ပြီးတော့ မေမြို့ကနေ ထွက်သွား
မင်းထွက်သွား
မင်းထွက်သွား
"အား"
John တုန်လှုပ်ချောက်ချားစွာ အော်ရင်း နိုးလာသည်
ရေထသောက်ရင်းက john စဉ်းစားနေမိသည် သူအခုလိုဖြစ်နေတာ အဲ့ဒီအသံရှင်နဲ့များ သက်ဆိုင်မလား အဲ့ဒီအသံရှင်ကရော သူ့ကို ဘာလို့ အဲ့ဒီလိုပြောရတာလ သူစိတ်ပင်ပန်းလာတာဘဲ အဖက်တင်သည် ဘာမှ အဖြေထွက်မလာခဲ့ပါ
ဆရာဝန်နဲ့သေချာပြဖို့ john ဆုံးဖြတ်လိုက်သည်
![](https://img.wattpad.com/cover/181970096-288-k25225.jpg)
YOU ARE READING
အဖြူရောင်မေတ္တာ
Romanceနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်