"ဖေဖေ ကျွန်တော် ကွာရှင်းပြီး ကျွန်တော်ဘာသာ သာယာတဲ့ မိသားစုဘဝကို ထူထောင်ချင်တယ်"
Philip စိတ်တည်ငြိမ်လာတော့ ဖေဖေ့ကို စကားတွေဘာတွေ ခင်းမနေဘဲ ဒဲ့ဘဲ ပြောချလိုက်သည်
ဦးမျိုးနိုင် သက်ပြင်းကို မှုတ်ထုတ်လိုက်သည် သူ ဒီကိစ္စအတွက် အိပ်မပျော်တာကြာပါပြီ သမီးအတွက် ဘယ်လိုလုပ်ပေးသင့်လဲ ကွာရှင်းဖို့ကလည်း ကလေးရောရှိနေသည် မဟုတ်လား သမီးကို ပတ်ဝန်းကျင်က မေးငေါ့မယ့်အဖြစ်မျိုးလည်း သူ ပူပန်မိသည် ဒါပေမယ့် ဒီတခါတော့ သူ ယုံကြည်သင့်တယ်မလား
ဦးမျိုးနိုင် မျက်မှောင်ကြုတ် စဉ်းစားနေရာမှ အိမ်ထဲဝင်လာသောခြေသံကြောင့် လှမ်းကြည့်လိုက်သည်
"ဆု "
ဦးမျိုးနိုင် ဘာမှ မပြောနိုင်ခင်မှာဘဲ philip အသံက အရင်ထွက်သွားသည်
"ဆု ဒီကို လိုက်လာတာလား"
Philip အံအားသင့်စွာနဲ့ မေးခွန်းထုတ်လိုက်တော့ ဆုအိမ့် ခေါင်းညိတ်ပြသည်
"ဘာမဆို အတူတူရင်ဆိုင်ဖို့ ဆုံးဖြတ်ပြီးကြပြီဘဲလေ "
သူ့ရှေ့မှာ နှစ်ယောက်သား ပြောနေသော စကားအသွားအလာကို ကြည့်ပြီး ဦးမျိုးနိုင် ကိစ္စတချို့ကို သဘောပေါက်လိုက်သည်
"ဒီလို ရွေးချယ်ထားတယ်ပေါ့ "
အဆုံးမရှိ အစမရှိ အတွေးတွေကြားမှ မေးလိုက်ပုံရျသာ ဖေဖေ့မေးခွန်းကြောင့် philip ဖေဖေ့ကို လှမ်းကြည့်လိုက်သည်
"အမှန်တိုင်းပြောရရင် ဆုအိမ့်နဲ့ ခရီးထွက်ရင်းကနေ မိသားစုဘဝအရသာဆိုတာကို ပိုပြီး ပီပီပြင်ပြင် သဘောပေါက်ခဲ့ရတာ မနက်ဆို သမီးလေးကို မျက်နှာသေချာသစ်ပေး မနက်စာသေချာကျွေး သမီးရဲ့နောက်ကနေ အမြဲ အရိပ်တကြည့်ကြည့် စိုးရိမ်နေတတ်တဲ့ ဆုအိမ့်က ကျွန်တော်နဲ့ သမီးအတွက် အကောင်းဆုံး အိမ်ထောင်ရှင်မဖြစ်လာမယ်လို့ ယုံကြည်ပါတယ် ဒါကြောင့် ဆုအိမ့်နဲ့အတူ သမီးလေးကို ပျိုးထောင်ချင်တယ် ပြီးတော့ ချစ်ရတဲ့သူနဲ့ တဘဝလုံး ကောင်းအတူ ဆိုးအတူ ရှင်သန်သွားချင်တယ်"
Philip ဆုအိမ့်လက်ကို အသာလေးဆုပ်ကိုင်ရင်း ပြောလိုက်သည်
"ဒီမယ်သမီးတို့ နှစ်ယောက်လုံးကို ပြောပြမယ်နော် ဘဝဆိုတာ သမီးတို့အခုပြန်လာခဲ့တဲ့ အပျော်ခရီးလို့ အမြဲသာယာနေမှာ မဟုတ်ဘူး ပြီးတော့ သမီးတို့နှစ်ယောက်လုံး ပတ်ဝန်းကျင်ရဲ့ဒဏ်ကို ခါးစည်းခံနိုင်ပါ့လား"
ဦးမျိုးနိုင် စိတ်မချစွာနဲ့ အတွေးတွေထဲက မေးခွန်းများကို တခုချင်း မေးနေမိသည်
"အဲ့ဒီအရာတွေကို အတူတူရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာဟာ အခုမှ မဟုတ်ပါဘူး လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကရင်းပါ မမျှော်လင့်ဘဲ သမီးတို့ကြားမှာ အဖြသ်အပျက်တွေ အများကြီး ဖြစ်ခဲ့တယ် ဒါပေမယ့် သမီးဘဝမှာ Philip အပြင်နောက်တယောက်ဆိုတာလည်း မရှိခဲ့ဖူးပါဘူး အခု သမီးတို့ပြန်တွေ့ပြီး အတူတူလက်တွဲဖို့ နောက်တကြိမ် အခွင့်အရေး ရတဲ့အချိန်မှာ ဘယ်လိုကြောင်းပြချက်မျိုးနဲ့မှ နောက်မဆုတ်နိုင်တော့ပါဘူး"
"ဟုတ်တယ်ဖေဖေ ကျွန်တော့်ဘဝမှာ ထြစ်စင့်တယ်လို့ထင်တာကို မျက်စိမှိတ်ပြီး တခါလုပ်ခဲ့ပြီးပြီ ဒီတခါတော့ ဖြစ်ချင်တာကို လုပ်ပါရစေ"
ဦးမျိုးနိုင် ထိုင်ခုံလက်ကိုင်တန်းကို တဒေါက်ဒေါက်ခေါက်ရင်း ရှေ့မှနှစ်ယောက်ကို အကဲခတ်နေသည်
အခန်းထဲမှာ လက်ကိုင်တန်းကို ခေါက်နေသော ထိုင်ခုံခေါက်သံကလွဲပြီး တိတ်ဆိတ်နေသည်
"ယုံကြည်ပေးလိုက်ပါ ဖေဖေ ဆုအိမ့်လည်း သမီးတို့ ရှေ့မှာကြီးလာတာဘဲ အဲ့ဒီလိုလူမျိုးကိုမှ မယုံရင် ဘယ်လိုလူမျိုးကို ယုံရမလဲ philip ကို တယောက်တည်း နေခိုင်းမလို့လား အဲ့ဒီလိုမနေခိုင်းစေချင်ဘူးဆိုရင်တော့ ဆုအိမ့်ထက် သင့်တော်နိုင်မယ့် အဖော်မျိုး မရှိနိုင်တော့ဘူး"
အိမ်ထဲဝင်လာရင်း ပြောလိုက်သော သန္တာ့စကားသံက အကုန်လုံးကို လွှမ်းမိုးသွားသည်
"ကောင်းပြီ ဖေဖေတို့ တဆင့်ချင်းသွားတာပေါ့ ဟုတ်ပြီလား ပထမဆုံးအနေနဲ့ သမီးကွာရှင်းဖို့ ဖေဖေတို့ အရင်စီစဉ်တာပေါ့"
"ဖေဖေ ပြောတာ သဘာဝကျပါတယ် အခုလိုယုံကြည်ပေးတာ ကျေးဇူးပါ ဖေဖေစိတ်မပျက်စေရပါဘူး"
ဖေဖေ့အနားသွားထိုင်ရင်း ဖေဖေမျက်နှာကိုမော့ကြည့်ပြီး ယုံကြည်မှုရှိရှိ ပြောလိုက်သည်
Philip စကားပြောနေတဲ့အချိန်မှာ ဆုအိမ့် အိမ်ထဲကနေ ထွက်လာခဲ့သည် philip အိမ်မပြန်လာတာ အတော်ကြာခဲ့ပြီမလား အခုချိန်မှာ သူတို့မိသားစုသုံးယောက် အေးအေးဆေးဆေး တွေ့ပြီး စကားပြောဖို့ သူမအလိုက်သိရမယ် မဟုတ်ပါလား
"ဆိုင်ကယ်တစီးနဲ့ အဖော်မပါဘဲ တယောက်တည်း စွန့်စားလာတာပေါ့"
မွှေးအိမ်ထဲဝင်ဝင်ချင်း ထိုင်ခုံပေါ်မှာ လဲရင်းကနေ ပြောလိုက်သော john စကားကြောင့် ဆုအိမ့် သွားလေးဖြဲကာ ရယ်ပြလိုက်သည်
"ဒီလိုဘဲ အချစ်အတွက် စွန့်စားရတာပေါ့"
ဆုအိမ့်ရဲ့ ရွှတ်နောက်နောက် စကားကြောင့် john ရယ်လိုက်သည်
"အဲ့တော့ နင်က ယောက်ျားလားတောင်း အ အ အား"
ဒီတခါစကားကိုတော့ john ဆုံးအောင် ပြောခွင့်မရလိုက်ပါ အနားမှာရှိနေသော မွှေးက ဗိုက်ခေါက်လိမ်ဆွဲလိုက်သောကြောင့် အသံဗြဲကြီးနဲ့ အော်တော့သည်
John ရဲ့ အော်သံကြောင့် Angel လေးမှာ ငိုတော့သည်
"လာ မေမေ့ဆီလာ"
ဆုအိမ့်ကခေါ်တော့ ကလေးက ငိုရင်း ဆုအိမ့်ဆီ ပြေးသည်
"အော် ကလေးက ဒီလိုကျ သိသားဘဲ"
John မျက်နှာရှူံ့မဲ့ရင်း ပြောလိုက်သည်
ဆုအိမ့်ရယ်ရင်း Angel လေးကို ပွေ့ချီကာ ချော့နေလိုက်သည်
John ထိုင်ရင်းကနေ မွှေးနားသွားကာ မွှေးပုခုံးမှီတော့ မွှေးက ခေါင်းလေးပွတ်ပေးသည်
"အမလေး john ရယ် နင်က ငါ့သမီးထက်တောင် ပိုချွဲတတ်နေပါလား"
ဆုအိမ့်စကားကြောင့် မွှေး ရယ်လိုက်သည် မောင်က ငယ်ငယ်လေးကတည်းက အချွဲသန်သူ တယောက်ပါ
"မနာလို မဖြစ်နဲ့ ဒါ ကိုယ့်ကုသိုလ်နဲ့ကိုယ် နော် မွှေး"
John စကားကြောင့် ဆုအိမ့်ခေါင်းယမ်းရင်းကနေ ကလေးချော့နေလိုက်သည်
"ဟာ မွှေး ယောက္ခမအိမ်က ပြန်လာပြီလား "
မင်းမင်း အိမ်ထဲဝင်လာရင်းက မေးလိုက်သည်
"သူက ယောက်ျားတောင် တောင်းပြီးပြီ မင်းကသာ ဟိုဘက်အိမ်ကူး ဒီဘက်အိမ်ကူးနဲ့ ဘာတွေ အိနြေ္ဒမရ ဖြစ်နေတာလဲ"
John စကားအဆုံးမှာ ဆုအိမ့်ရဲ့မျက်စောင်းက ချက်ချင်း ရောက်လာသည်
"ဆုအိမ့် ငါအေးမယ် အမှန်တိုင်းဖြေနော်"
မင်းမင်းစကားကြောင့် အားလုံးရဲ့ အကြည့်တွေက မင်းမင်းဆီ စုပြုံရောက်ကုန်သည်
"Angel လေးကို နင် လက်ခံနိုင်လား ပြီးတော့ philip ကိုရော နင် ကြည်ဖြူနိုင်ပါ့မလား ငါအခုလို မေးလို့ နင်ငါ့ကို တမျိုးမထင်ပါနဲ့ ငါ့အနေနဲ့ ငါတို့သူငယ်ချင်းတွေကြားမှာ ဘာအဖုအထစ်မှ မရှိစေချင်သလို philip ရော နင်ရော နောက်ထပ်နာကျင်ရမယ့် အဖြစ်တွေ မရှိစေချင်တော့ဘူး"
"ဟုတ်တယ် ဆုအိမ့် အဲ့ဒါကို နင်သေချာ စဉ်းစားသင့်တယ် philip အနေနဲ့က သူ့ဘဝပြန်စဖို့ အများကြီး တိုက်ပွဲဝင်ရမှာ နင့်အနေနဲ့ အရာအားလုံးကို ထည့်စဉ်းစားဖို့လိုတယ် Angel လေးအပေါ်တချိန်ချိန်မှာ ငြိုငြင်လာနိုင်မလား philip အတိတ်ဆိုးတွေကို ခဏခဏတူးဆွနေမယ်ဆိုရင် အဆင်ပြေနိုင်မှာ မဟုတ်ဘူး"
မင်းမင်းစကားကို john ထပ်ဖြည့်ပြီး ပြောလိုက်သည် မွှေးကတော့ မေးထောက်ပြီး သေချာစဉ်းစားနေသည်
ဆုအိမ့် သမီးလေးကို ချီပြီးချော့သိပ်နေရာမှ အသာထိုင်လိုက်သည်
"နင်တို့ပြောတာကို ငါ နားလည်ပါတယ် ငါကလည်း စကားအများကြီး ပြောတတ်တဲ့လူမျိုး မဟုတ်တဲ့အတွက် နင်တို့နားလည်အောင် ပြောပြတတ်ချင်မှပြောတတ်လိမ့်မယ် ဒါပေမယ့် အချိန်အတိုင်းအတာ တစ်ခုက သက်သေပြသွားမှာပါ နင်တို့ ငါ့ကို ယုံတယ်မလား"
ဆုအိမ့်အမေးကို သူတို့သုံးယောက်ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်
အချိန်တွေကြာခဲ့ပါပြီ ဆယ်ကျော်သက်အရွယ်ကျော်လွန်ပြီး နှစ်ဆယ်ဆိုသော အသက်ကို ချင်နင်းဝင်ရောက်ခဲ့ပြီ ဒီသူငယ်ချင်းတွေကြားမှာ အငြင်းပွားစရာ ချစ်ခြင်းတရားတွေ အမုန်းတရားတွေ အများကြီး ဖြစ်ခဲ့ပြီးပါပြီ နောက်ထပ် ရှင်သန်သွားမယ့် အချိန်တွေမှာ တယောက်နဲ့တယောက် ဖေးမရင်း နားလည်ပေးပြီး အချစ်မပြယ်နိုင်တော့ပါဘူးလေ
YOU ARE READING
အဖြူရောင်မေတ္တာ
Romanceနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်