အပိုင်း-၂၀

682 49 8
                                    

ဆုအိမ့်​ပြန်သွားကတည်းက philip မှာ အလုပ်​ကိုဘဲ ပိုပြီး အာရုံစိုက်​သည်​ အရင်​ထက်​ပိုပြီး ​လေ့လာသည်
"Philip ည ဘားသွားရ​အောင်​"
မင်းထက်​စကား​ကြောင့်​ philip ​ကျောက်​​တွေကို ဓာတ်​မီးနဲ့ထိုးကြည့်​​နေရာမှ ​မော့ကြည့်​လိုက်​သည်
"​တော်​ပါပြီကွာ ငါလုပ်​စရာ​တွေရှိတယ်​ မင်းထက်​ မင်းလည်း တအားမ​သောက်​ပါနဲ့ ဒီအိမ်​ကအလုပ်​​တွေကို တချိန်​ကျ မင်းဦးစီးရမယ်​ မဟုတ်​လား ကြိုးစားပါကွာ ကိုယ်​ ကိုယ်​တိုင်​ကျွမ်းကျင်​​နေမှ အဆင်​​ပြေမယ်​မဟုတ်​လား ဒီ​လောကအ​ကြောင်း မင်းလည်း ဒီ​လောကအ​ကြောင်းကို သိရဲ့သားနဲ့"
"အာ philip ကလည်း အခု အ​ဖေလုပ်​​နေတာဘဲ ပြီး​တော့ ကျွန်​​တော်​လည်း ​ကျောင်းမှမပြီး​သေးတာ ​ကျောင်းပြီးရင်​ ​လေ့လာမှာ​ပေါ့ မလိုက်​ချင်​ရင်​လည်း ပြီး​ရော ကျွန်​​တော့်​ဘာသာ သွားမယ်​"
ပြောရင်း ကား​သော့ယူကာ ထွက်​သွား​သော မင်းထက်​ကိုကြည့်​ပြီး philip ​ခေါင်းယမ်းလိုက်​သည်​ ဆယ်​တန်း​အောင်​ကတည်းက အိမ်​ကတအား​မြှောက်​စားထား​တော့ ဒီ​ကောင်​ ပျက်​စီးချင်​​နေပြီ ပြိုင်​ကား​လေးတဝှီဝှီနဲ့ ​ငွေကို ​ရေလိုသုံးနိုင်​​တော့ အ​ပေါင်းအသင်း​တွေကလည်း ဝိုင်း​မြှောက်​သည်​ ကိုယ်​ ကိုယ်​တိုင်​ကလည်း သူနဲ့လိုက်​သွားရင်​ ​သောက်​မိသော​ကြောင့်​ သူ့မှာ မလိုက်​ဘဲ ​ရှောင်​​နေရသည်
"Philip အလုပ်​​တွေအရမ်းကြိုးစားတာကိုး"
လောပန်​က ​ပြောရင်း သူ့​ဘေးကခုံမှာ ဝင်​ထိုင်​လို​က်​သည်
"မင်းထက်​ကိုလည်း တွဲ​ခေါ်ပါဦးကွယ်​ ဦးမှာလည်း သားသမီးကနှစ်​​ယောက်​ဘဲ ရှိတာမလား သူ့ကိုဘဲ အားကိုးရမှာမို့ပါ အဲ့ဒါ​ကြောင့်​ ​ချော့ပြီး သူ့ကို တွဲ​ခေါ်ပါဦး"
သူ့ကို စကားလာ​ပြော​နေ​သော ​လောပန်​ကိုကြည့်​ရင်း သူစိတ်​မ​ကောင်းမိတာ​ကြောင့်​ ခပ်​ဖွဖွပြုံးပြီး ​ခေါင်းညိတ်​ပြလိုက်​သည်
"အိမ်​မပြန်​ဘူးလား မျိုးသန့်​က​တော့ ဦးကို အလုပ်​​တွေ အရမ်းခိုင်းတယ်​ဆိုပြီး စိတ်​ဆိုး​​နေ​တော့မယ်​"
"မ​ဆိုး​လောက်​ပါဘူး ဦးရယ်​ အိမ်​မှာလည်း ဘာမှမလုပ်​ဖြစ်​မယ့်​အတူတူ ဒီမှာ​နေ​တော့ ပညာရတာ​ပေါ့"
စကား​ပြောရင်းနဲ့ ချစ်​သူဆီက ဖုန်းလာတာ​ကြောင့်​ philip ​လောပန်​ကို အသာပြုံးပြရင်း ခြံထဲဆင်းလာသည်
"Hello"
"ကို ဒီမှာ မိုးရွာ​နေတယ်​ မန္တ​လေးမှာ​ရော မရွာဘူးလား"
"အွန်း အဲ့ဒီလိုမိုး​တော့ မရွာဘူး ဆုရဲ့"
Philip စကား​ကြောင့်​ ဆုအိမ့်​​ကြောင်​သွားသည်
"ဘယ်​လိုမိုးရှိ​သေးလို့လဲ"
"ဒီမှာလား ​မေမြို့သူ​လေးကို လွမ်းလို့ အလွမ်းမိုး​တွေ ရွာ​နေတယ်​"
"ဟာကွာ အတည်​​ပြော​နေတယ်​ထင်​တာ"
"အတည်​​ပြော​နေတာ ဆု ရဲ့ တအားလွမ်း​နေတာ"
"လွမ်းရင်​ ​မေမြို့ပြန်​ခဲ့​လေ ​မွှေးနဲ့ မင်းမင်းက​တောင်​ ​ပြော​နေတာ ကို ပြန်​မလာလို့တဲ့"
"ဟုတ်​လား သူတို့က ကို့ ကို သတိရ​နေတာတဲ့လား"
"ဟုတ်​တယ်​ အဲ့ဒါ ​ကို အားရင်​ပြန်​ခဲ့ဦး ဆု တို့သူငယ်​ချင်းတ​တွေ ပြန်​ဆုံရ​အောင်​"
"အင်းပါ ကို လည်း သူတို့ကို ​တွေ့ချင်​တယ်​ ကိုအားရင်​ ပြန်​လာခဲ့မယ်​ ဟုတ်​ပြီလား"
နေ့တိုင်း ​နေ့တိုင်း ဒီအချိန်​​လေးကို သူသ​ဘောကျသည်​ ချစ်​ရတဲ့သူနဲ့ စကား​ပြော​နေရ​သောအချိန်​များတွင်​ သူကြည်​နူးရသည်​  သင်္ကြန်​​တော့ သူငယ်​ချင်း​တွေဆီ ပြန်​ဖြစ်​​အောင်​ ပြန်​မည်​ အိမ်​မှာ အကြာကြီး အနားယူရမည်​ philip ​တွေးရင်း ပြုံးလိုက်​သည်
"​မွှေး"
ဆုအိမ့်​ ​မွှေး အိမ်​​ရှေ့က​နေ အသံ​ပေးလိုက်​သည်
"ဟာ ဆုအိမ့်​ ထူးထူးဆန်းဆန်း ပါလား "
မွှေး ​ပြောရင်း သူငယ်​ချင်းကို ခြံတံခါး ဖွင့်​​ပေးလိုက်​သည်
"ထူးထူးဆန်းဆန်းဆို နင်​ကမှ ငါ့အိမ်​မလာတာ အဲ့ဒီ​တော့ ငါလာရတာ​ပေါ့ "
"ငါလာမလို့ပါဘဲ ဒါ​ပေမယ့်​ ငါက ခဏပြန်​လာတာဆို​တော့ အိမ်​မှာ လုပ်​စရာရှိတာ​တွေ လုပ်​​နေလို့ပါ"
"​အေးပါ သင်္ကြန်​ကျမှ ​အေး​ဆေး​တွေ့ကြတာ​ပေါ့ philip လည်းပြန်​လာမယ်​တဲ့"
"ဟုတ်​လား ငါတို့​လေး​ယောက်​ ပြန်​​တွေ့ကြတာမှာ​ပေါ့"
"​အေး​ပေါ့ ဒါ​ပေမယ့်​ မင်းမင်းက ပြန်​လို့ရပါ့မလား "
"သူ အပြင်​ထွက်​ခွင့်​ရတဲ့​နေ့ ​တွေ့ကြတာ​ပေါ့"
"John ​ရော ​နေ​ကောင်းလား"
"​နေ​ကောင်းပါတယ်​ သူ​တော်​​တော်​ထွားလာတယ်​ သူ ခုထိ နင့်​ကို စကားလာမ​ပြော​သေးဘူးလား"
"ဟင့်​အင်း "
"နင်​ကဘဲ နားလည်​​ပေးလိုက်​ပါ သူ့အတွက်​လည်း အကုန်လုံးကို ပြန်​ကြိုးစား​နေရတာဆို​တော့ အကုန်​လံး တပြိုင်​နက်​တည်း မလုပ်​နိုင်​​ဘူး​လေ"
"ငါနားလည်​ပါတယ်​ဟာ ငါဒီလိုဘဲ ​မေးကြည့်​တာပါ ဘာဘဲဖြစ်​ဖြစ်​ သူကလည်း ငါ့ရဲ့ အချစ်​ရဆုံး သူငယ်​ချင်းတ​ယောက်​ဘဲ​လေ"
သူ့ကို အမြဲစ​နောက်​​နေတတ်​​သော john ရဲ့ပုံရိပ်​​တွေကို ပြန်​မြင်​ပြီး ဆုအိမ့်​​ပြောမိသည်​ ခွင့်​လွှတ်​ပါjohn နင့်​အတွက်​ ငါ့အချစ်​​တွေ မ​ပေးနိုင်​ခဲ့တာကို ငါ့အတွက်​ နင်​က ချစ်​သူတ​ယောက်​လို မခံစားရဘူး ငါ့ရဲ့ ​မောင်​​လေးတ​ယောက်​လို အဲ့ဒီလို ဖြူစင်​တဲ့အချစ်​​တွေနဲ့ဘဲ ငါချစ်​တာjohn
သိချင်​စိတ်​ပြင်းပြလာ​သော​ကြောင့်​လား ​ဒေါက်​တာကဘဲ သူ့စိတ်​အ​ခြေ​နေကို နားလည်​​သော​ကြောင့်​လားမသိ jon အ​ခြေ​နေ​တော်​​တော့်​ကို တိုးတက်​လာသည်​ အထူးသဖြင့်​ ကိုကို​လေးရဲ့ စကား​တွေ ညီအစ်​ကိုတ​တွေ အတူ​ပျော်​ခဲ့​တွေ အတူတူမူးခဲ့တာ​တွေ  ​ဖေ​ဖေ နဲ့​မေ​မေ အ​ပေါ်ချွဲ​နေတတ်​တာ​တွေကို သူမှတ်​မိလာသည်
>>​ဖေ​ဖေ<<
>>john ဘာ​ပြောမလို့လဲ<<
>>တခါတ​လေ​တော့လည်း ​ဖေ​ဖေ လိုက်​ရိုက်​တာကို ပတ်​​ပြေးချင်​​သေးတယ်​<<
>>အယ်​ john မှတ်​မိ​နေပြီလား<<
>>နည်းနည်း​ပေါ့<<
>>​အေးပါ ဖြည်းဖြည်းချင်း​ပေါ့ ​ဟော်​မုန်​​ဆေးထိုးတာ​ရော အဆင်​​ပြေရဲ့လား ခိုင်​​ဇော်​​အောင်​ ကအပြတ်​အသတ်​ ​ထောက်​ခံလို့သာ ​ဖေ​ဖေ ခွင့်​ပြုတာ စိတ်​ပူတယ်​<<
>>စိတ်​မပူပါနဲ့ ​ဖေ​ဖေ ကျွန်​​တော်​ စနစ်​တကျ ​သေချာ​လေ့လာပြီးမှ လုပ်​တာပါ<<
>>ခွဲစိတ်​မှု​တွေ​တော့ မလုပ်​ဖူးမလား<<
>>ဟာ​ဖေ​ဖေကလည်း ခွဲစိတ်​ချင်​လို့မှ ​ဆေးထိုး​နေတာပါဆို ​ဖေ​ဖေမခွဲစိတ်​ခိုင်းရင်​ မြန်​မာပြည်​ ပြန်​မလာ​တော့ဘူး ​ဖေ​ဖေနဲ့လည်း စကား​မ​ပြော​တော့ဘူး​နော်​<<
John ရဲ့ က​လေးဆန်​​ဆန်​ အကြပ်​ကိုင်​မှု​ကြောင့်​ ဦးမြတ်​စိုး ရယ်​လိုက်​သည်
>>​အေးပါ တခုခုဆို ​ဖေ​ဖေ့ကို​ပြော <<
ဖေ​ဖေ့အတွက်​ john ​ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့ ရှင်​သန်​​နေရင်​ ​နေပြီjohn ဘာဘဲဖြစ်​ဖြစ်​ ကြိုးစားပြီး ရှင်​သန်​ပါ သူတို့​ကို ​​ဟော်​မုန်းကုသမှုခံယူမယ်​လို့ ​သူတို့လန့်​သွားရသည်​ သူတို့လည်း သိပ်​အကျွမ်းတဝင်​မရှိတာ​ကြောင့်​ သ​ဘောမတူခဲ့ပါ အဲ့ဒါကို ဟိုက​နေ အမျိုးမျိုး ဆန္ဒပြသည်​ သူ့ဦး​လေးကို ရ​အောင်​စည်းရုံးပြီး စစ်​ကူ​တောင်းသည်​ ​နောက်​ဆုံး​တော့ ​​သေချာဂရုစိုက်​ဖို့်မှာပြီး ခွင့်​ပြု​ပေးလိုက်​ရသည်
ဒီ​နေ့ တနင်္ဂ​နွေ ဖြစ်​တာရယ်​ ​မွှေးလည်း သင်္ကြန်​နီး ​ကျောင်းပိတ်​တာရယ်​​ကြောင့်​ ဆုအိမ့်​ရဲ့အိမ်​​ရှေ့မှာ သုံး​ယောက်​သား စကား​ပြော​နေကြသည်
"Philip"
ခြံထဲဝင်​လာ​သော သူငယ်​ချင်းကို မင်းမင်း ဝမ်းသာအားရ ​ခေါ်လိုက်​သည်
"ကို"
ဖားကန့်​သွား​နေရဦးမယ်​ဆိုပြီး ကိုနဲ့ အဆက်​အသွယ်​ပြတ်​​နေတာ သုံးလနီး​ပါး​လောက်​ရှိပြီမလား
သူတို့ဝမ်းသာအားရ ​ခေါ်​သော်​လည်း philip မျက်​နှာက ခပ်​တည်​တည်​ရယ်​ပါ
"ငါ ​မင်္ဂလာ​ဆောင်​​တော့မယ်​"
Philip စကား​ကြောင့်​ သုံး​ယောက်​လုံး အံသြသွားသည်​ ခပ်​တည်​တည်​နှင့်​ ​အေး​အေး​ဆေး​ဆေးပဲ ပုံ​ပေါက်​​နေ​သောပုံစံက စ တာမဟုတ်​​ကြောင်း သက်​​သေခံ​နေသည်

အဖြူ​ရောင်​​မေတ္တာNơi câu chuyện tồn tại. Hãy khám phá bây giờ