A

11.2K 255 7
                                    

မမ...

အိမ်​​ဘေးကို​ပြောင်းလာတဲ့မိသားစု
ထဲမှာ ကိုယ့်​အသက်​ထက်​ပိုပြီးချစ်​ရမယ့်​သူပါ​နေမယ်
လို့ဘယ်​သူကထင်​မှာလဲ

အဲ့တုန်းက​ကိုယ်​က၁၄နှစ်
မမက၁၉နှစ်​ omm ငါးနှစ်​ကြီးတဲ့မမ​ပေါ့
ကား​ပေါ်က​နေဆင်းလာတဲ့မမကဂါဝန်​​လေးနဲ့အိမ်​ကို
လျှောက်​ကြည့်​​နေပြီး ဒီဘက်​အိမ်​ကဝရံတာကသူ့ကို
ငေး​နေတဲ့က​လေး​လေးကိုမျက်​နှာ​သေနဲ့ပြန်​ကြည့်
နေခဲ့တာ

အဲ့တုန်းကစပြီးအိမ်​ချင်းနီးခဲ့တယ်
ဒီဘက်​အိမ်​ကက​​လေး​လေးက​တော့နှလုံးသားချင်း
နီးချင်​ခဲ့တာ

နောက်​နှစ်​ရက်​သုံးရက်​ကျ​တော့အိမ်​ကိုဧည့်​သည်​​တွေ
ရောက်​လာတယ်​ဟိုဘက်​အိမ်​ကတဲ့ လာမိတ်​ဆက်​ရင်း
အိမ်​တက်​အလှူကိုလာဖိတ်​တာ
မမလဲပါလာတယ်​ မမက​တော်​​တော်​​အေး​ဆေးသမား
စကားလဲမ​ပြောဘူး မမရဲ့​ဖေ​ဖေကစကားဦးစရင်း

"ဒါ ကျွန်​​တော့သမီး​လေး​လေ မြတ်​သစ္စာဦး တဲ့
သမီး​လေးကစကားနည်းတယ်​ဗျ "
သူ့သမီးကိုပုခုံးဖတ်​ပြီးမိတ်​ဆက်​​ပေး​နေတယ်

"သမီး​​လေးကအ​နေ​အေးတာ​နေမှာပါ မိန်းက​လေးဆို​တော့"

"ဒါကကျွန်​​တော့ရဲ့သမီး ​နွေဦးကို တဲ့ ၈တန်း​ဖြေပြီးပြီကိုးတန်းတက်​မှာ​ပေါ့"

"ဟုတ်​လား ကျွန်​​တော်​သမီးက​တော့စီးပွား​ရေးဒုတိယနှစ်
တကယ်​​တော့သူဝါသနာပါတာက​ကျောင်းဆရာမ
ကျွန်​​တော့်​မှာကလည်းသားသမီးဆိုလို့တစ်​​ယောက်
တည်းရှိတာ​ဆို​တော့ လုပ်​ငန်း​တွေကိုဆက်​ခံဖို့က
သူပဲရှိတယ်​​လေ"

"အဲ့တာလည်းဟုတ်​တာ​ပေါ့ဗျာ ဒါဆိုသမီး​လေးကလိမ္မာတာ​ပေါ့မိဘဆန္ဒကို
လိုက်​​လျောပြီးစီးပွား​ရေးတက္ကသိုလ်​တတ်​တာဆို​တော့"

နွေ့​ဖေ​ဖေကမမကိုကြည့်​ပြီး​မေး​​တော့ မမကပြုံးသာ
ပြသည်

သိပ်​မကြာပါ​ဖေ​ဖေရဲ့စကားတို့က​နွေဆီကို​ရောက်​လာသည်

"အိမ်​ကသမီးက​တော့အခုထဲကဆယ်​တန်းပြီးရင်​သူလုပ်​ချင်​တာလုပ်​မယ်​ဆိုပြီးကြို​ပြောထားတယ်​ဗျာ
ကျွန်​​တော့က​တော့မနိုင်​ဘူးသူ့ကို"

"Ma"Where stories live. Discover now