H

2.5K 199 11
                                    

"​ဖေ​ဖေ သမီးဒီ​နေ့ရုံးကို​နောက်​ကျမှလာလို့
ရတယ်​မလား သမီး​လေဆိပ်​သွားမလို့"

အိမ်​​ပေါ်ထပ်​မှဆင်းလာရင်း
ထမင်းစားခန်းထဲမှာမနက်​စာစား​နေတဲ့
ဖေ​ဖေ​ဘေးကိုဝင်​ထိုင်​ကာ​ပြောလိုက်​သည်

"ရပါတယ်​ သမီးရဲ့ ဒါနဲ့​လေဆိပ်​ကဘာလို့
သွားရတာလဲ"

"သမီးကိုဂျပန်​မှာအများကြီးကူညီ​ပေးတဲ့
ကို​နေမင်းဆက်​​လေ မြန်​မာကိုပြန်​လာမယ်​တဲ့
ဒီမှာကလဲဘယ်​သူမှမရှိဘူး​လေ သမီးသွားကြို​ပေး
မလို့ပါ"

"​အော်​ အဲ့​​ကောင်​​လေးလာရင်​ ​ဖေ​ဖေဆီ​ခေါ်ခဲ့ပါလား
ဖေ​ဖေ​တွေ့ချင်​လို့ ငါ့သမီးကိုကူညီ​ပေးခဲ့တာဆို​တော့
အိမ်​မှာထမင်းစားဖိတ်​ချင်​တယ်​...."

"ဟုတ်​ကဲ့"

"သမီးကိုဂျပန်​ကိုလွှတ်​​တော့ ​အ​လောကြီး
သွားတာလဲပါတယ်​ ​ဖေ​ဖေကလဲဒီမှာအလုပ်​ရှုပ်​​နေ​တော့
ဖေ​ဖေ​နည်းနည်းလိုသွားတာပါ...
မောင်​​နေမင်းဆက်​ကကူညီ​ပေးလို့​တော်​​သေး
တာ​ပေါ့"

"ဟုတ်​တယ်​​ဖေ​ဖေ သူ့မှာကမိသားစုလဲမရှိဘူး
ပညာ​တော်​သင်​နဲ့ဂျပန်​ကို​ရောက်​ပြီး အလုပ်​ရလို့
ဆက်​လုပ်​ဖြစ်​တယ်​​လေ သမီးမ​ရောက်​ခင်​တစ်​နှစ်
ကြို​ရောက်​တာဆို​တော့အ​ခြေနည်းနည်းကျ​နေပြီ​လေ"

"​အေးပါ သွားကြို သမီးတစ်​​ယောက်​တည်းသွား
ကြိုမှာလား "

"ဟုတ်​တယ်​​ဖေ​ဖေ သမီးဘာသာပဲသွားမယ်​"

"ဒါနဲ့သမီးဆင်းလာထဲကကြည့်​​နေတာ
လက်​ကဘာဖြစ်​တာလဲ"

"​အော်​ ဘာမှမဟုတ်​ပါဘူး​ဖေ​ဖေရယ်​ ကားတံခါနဲ့ညှပ်​မိတာပါအဲ့တာကို
ကြီးကြီးကအစိုးရိမ်​လွန်​ပြီးပတ်​တီးစီး​ပေးထားတာပါ"

"Omm ဂရုစိုက်​​လေ သမီးရဲ့
ဒါဆို​ဖေ​ဖေရုံးကိုသွား​တော့မယ်​"

"ဟုတ်​ကဲ့ ​ဖေ​ဖေ"

ဖေ​ဖေကစားပွဲက​နေထလိုက်​ပြီးမြတ်​ဘက်​သို့
လာကာ....
မြတ်​ရဲ့နဖူး​လေးကိုနမ်းပြီး​ခေါင်းကိုက​လေးတစ်​​ယောက်​လို
ပုတ်​လိုက်​ကာထွက်​သွား​တော့သည်

"Ma"Where stories live. Discover now