F

2.7K 204 12
                                    

လေဆိပ်​ကပြန်​​ရောက်​​ရောက်​ချင်းခဏနားပြီး​တော့
ရေမိုးချိုးပြီးအိပ်​လိုက်​တာ​တော်​​တော်​အိပ်​​ပျော်​သွား
သည်​ ည​နေ၆နာရီမှပြန်​နိုးလာ​သော​ကြောင့်​ဗိုက်​ကပါဆာ
နေသည်
ပြန်​​ရောက်​ထဲကငယ်​​လေးနဲ့​တွေ့ပြီးစကားများပြီး
ထဲကစိတ်​ပင်​ပန်းလို့ကြီးကြီးစကား​ကောင်း​ကောင်း
မ​ပြောဘဲ အခန်းထဲဝင်​နား​နေလိုက်​တာည​နေအထိ

ကြီးကြီးက​တော့မြတ်​ငယ်​ငယ်​​လေးထဲကထိန်းလာ
တာဆို​တော့မြတ်​ဘာဖြစ်​​နေလဲဆိုတာ မျက်​နှာကြည့်​ရုံနဲ့သိသည်

အင်း ငယ်​​လေးနဲ့​ဖေ​ဖေနဲ့ဘယ်​လိုပတ်​သတ်​​နေတာ
လဲဆိုတာကြီးကြီး​တော့သိနိုင်​​လောက်​သည်
ငယ်​​လေးစိတ်​နဲ့ဆိုရင်​ဘယ်​နည်းနဲ့မှ​ဖေ​ဖေကိုခွင့်​လွှတ်
နိုင်​​ချေမရှိ ​ဖေ​ဖေကလဲငယ်​​လေးတို့မိသားစုcompanyကို
သိမ်းပြီးမှငယ်​​လေးကိုသူ့လက်​​အောက်​မှာပြန်​ထား
တယ်​ဆိုတာလဲယုတ္တိမရှိလှ ​ဖေ​ဖေနဲ့ငယ်​​လေးကြားမှာမြတ်​က​တော့ရူးရအုံးမည်

"ကြီးကြီး ဘာ​တွေလုပ်​​နေတာလဲ နားနား​နေ​နေ
နေတာမဟုတ်​ဘူး"

မြတ်​ အ​ပေါ်​လှေကားက​နေ​အောက်​ကိုဆင်းလာရင်း
မီးဖို​ချောင်​ ထဲမှာကြီးကြီးကဘယ်​​တွေချက်​​နေမှန်းမသိ

"မဟုတ်​ပါဘူးသမီးရယ်​ သမီးနိုးရင်​စားလို့ရ​​အောင်
ကြက်​ပြုတ်​ရည်​​​လေးပြန်​​နွေး​နေတာ"

မြတ်​က ကြက်​ပြုတ်​ရည်​ကိုထမင်းဖြူ​ပေါ်ဆမ်းပြီးစားရင်
အရမ်းကြိုက်​တာ မမကလူမမာစာ​​တွေကြိုက်​တာလား
မမကတကယ်​​ပေါက်​ကရစားတယ်​ဆိုပြီး မျက်​လုံး​လေး​တွေမှိတ်​သွားတဲ့အထိရီ​ပြော​နေတဲ့
ငယ်​​လေးကိုသတိရမိသွားသည်

"​နေ့ခင်းက​ကောင်​မ​လေးက​ရော"

"သူကပြန်​သွားပြီ​လေ ကြီးကြီးကအသက်​ရလာလို့သာ
အကူထပ်​​ခေါ်တာ သူကမနက်​လာပြီးည​နေပြန်​တာ"

"Aww ကြီးကြီးသမီးထမင်းစား​တော့မယ်​ "

"ရပြီ စားလို့ရပြီသမီးရဲ့ ကြီးကြီးခူး​ကျွေးမယ်​ ဒီည​နေ​တော့ဒါ​လေးစားလိုက်​​နော်​ မနက်​ကျမှသမီး​လေးကြိုက်​တဲ့ငါးသံပုရာ​​ပေါင်းလုပ်
ကျွေးမယ်​"

"Ma"Where stories live. Discover now