ကိုမင်းရဲ့တိုက်ခန်းအောက်ကိုရောက်တော့
ကိုမင်းက
"မြတ် အဆင်ပြေလား ကိုယ်အိမ်လိုက်မောင်းပို့
ရမလား""ရပါတယ် ကိုမင်းရယ် ကိုမင်းအိမ်ထိတောင်
ရောက်နေပြီကို ကိုမင်းလဲနားတော့
တစ်နေကုန်ဆိုတော့ပင်ပန်းလောက်ရောပေါ့""အင်းပါ လမ်းကိုဂရုစိုက်မောင်းနော်
ဖြေးဖြေးပဲမောင်း""ဟုတ် ကိုမင်း ဒါဆိုမြတ်သွားပြီနော်"
မြတ်ကိုမင်းတို့တိုက်အောက်ကနေမောင်း
ထွက်လာခဲ့ပြီး ခဏကြာတော့ငယ်လေး တိုက်ခန်းကိုသွားရင်ကောင်းမလား?
နာရီကိုကြည့်လိုက်တော့ခြောက်နာရီထိုးတော့မယ်
သွားလိုက်မယ် ပြီးမှတိုက်အောက်ကကားပါကင်
မှာမှဖုန်းဆက်လိုက်မယ်မြတ်တစ်ယောက်ကတော့သူ့အစီအစဉ်နဲ့သူ
တွက်ချက်ပြီးဟုတ်နေတာပဲ
တိုက်အောက်ရောက်တော့
ငယ့်ဆီကိုဖုန်းခေါ်တော့ ပထမတစ်ခါ
မကိုင်ဘူး ဒုတိယတစ်ခါကိုင်ပြီး
'ဟဲလို' ဆိုပြီးထူးလာသည်နွေတိုက်အပေါ်ဆုံးထပ်မှာနေဝင်သွားတာ
ထိုင်ကြည့်နေရင်း တစ်ဖြည်းဖြည်းမိုးချုပ်ခါနီး
မှောင်ရိပ်သန်းလာတော့ ရန်ကုန်မြို့ရဲ့မီးရောင်စုံ
တွေနဲ့ညနေမြင်ကွင်းကိုဆက်ထိုင်ကြည့်နေသည်
ဆောင်းတွင်းဘက်ဆိုတော့မိုးစောစောချုပ်သည်
ပထမတစ်ခေါက်ဖုန်းဝင်လာတော့
ဖုန်းကိုဘေးနားမှာချထားတာလဲဖြစ်
ကိုယ့်အတွေးနဲ့ကိုဆိုတော့
ဖုန်းကကျသွားသည် ဒုတိယတစ်ခါထပ်လာမှသာ
ကြည့်မိတော့ နာမည်မမမှတ်ထားတဲ့ဖုန်းနံပါတ်ပေမယ့်
နွေအလွတ်ရနေတဲ့ နံပါတ်တစ်ခုမို့လို့
တန်းကိုင်လိုက်သည်"ဟဲလို"
"ငယ် အိမ်မှာလား"
"ဟင် မဟုတ်.....
ဘာလုပ်မို့လဲ""ငယ့် တိုက်အောက်မှာ မမက ငယ်အခုအခန်းမှာ
ရှိတယ်မလား မမတက်လာခဲ့မယ် တံခါးဖွင့်ပေး
ထားအုံး"