D

2.5K 176 6
                                    

ထိုရက်​ကမိုးအုံ့​နေခဲ့တယ်​မိုးမရွာ​ပေမယ့်
ဖေ​ဖေ​ပြောလိုက်​တဲ့စကား​ကြောင့်​မြတ်​ထိတ်​လန်​သွား
သည်

"သမီးဂျပန်​ကိုသွားရမယ်​ အဲ့မှာစီးပွား​ရေးနဲ့ပတ်​သက်​ထဲ​ကျောင်းထက်​တက်​ရ
မယ်​ ​ဖေ​ဖေအကုန်​စီစဉ်​ပြီးပြီ"

"ဟာ!! ​ဖေ​ဖေ သမီးသ​ဘောကိုလဲ​မေးအုံး​လေ
သမီးမသွားချင်​ဘူး​နော်​"

"မရဘူးသမီး မသွားလို့မရဘူး ​ဖေ​ဖေစီစဉ်​ထား​တာ
တွေမှာသမီးကအဓိကပဲ"

"ဘာ​တွေလဲ​ဖေ​ဖေရာ သမီးသိတာသမီးဒီနိုင်​ငံက​နေဘယ်​မှမသွားဘူးဆို
တာပဲ"

"​ဖေ​ဖေ​ပြောပြမယ်​ ​ဖေ​ဖေ့companyကိုသမီးကိုလွှဲ​​ပေးရမယ်​​လေ
ဖေ​​ဖေ့မှာကသမီး​လေးပဲရှိတာ​လေ"

အ​ဖေဖြစ်​သူကလက်​ကို​​သေချာဆုတ်​ကိုင်​ပြီး​ပြော
နေ​တော့မြတ်​သစ္စာတစ်​​ယောက်​သူ့အ​ဖေကိုလဲချစ်
ဂျပန်​ကိုလဲမသွားချင်​ဖြစ်​​နေသည်

"ဂျပန်​ကို​သေချာ​ပေါက်​သွားမှသမီးကcompamy
ကိုဆက်​ခံရမှာလား"

"အဲ့လိုလဲမဟုတ်​​သေးဘူး​လေ သမီးကဂျပန်​မှာ​နေ​နေ
တဲ့အချိန်​​ဖေ​ဖေကဒီမှာလုပ်​ငန်း​တွေကို​သေချာပြန်​လုပ်
ရမယ်​​လေ"

"အခုလဲ​ဖေ​ဖေcompanyက​အောင်​မြင်​တာပဲ​လေ"
"Omm ဟုတ်​တယ်​အဲ့လုပ်​ငန်းက​အောင်​မြင်​​နေတယ်
တခြားလုပ်​ငန်းကအခုမှစရမှာ"

"လုပ်​ငန်းတိုးချဲ့​နေတာလားသမီးလဲမသိရပါလား"

"​ဆောက်​လုပ်​​ရေး လုပ်​ငန်းရှိ​သေးတယ်​​လေသမီးရဲ့"

"​ဆောက်​လုပ်​​ရေး? အဲ့တာငယ်​​လေး​ဖေ​ဖေလုပ်​ငန်းမဟုတ်​ဘူးလား"

"မကြာခင်​​ဖေ​ဖေပိုင်​​တော့မှာ​လေသမီးရဲ့"

မြတ်​တစ်​​ယောက်​လန့်​သွားပြီးမတ်​တပ်​​​တောင်​ရပ်​မိ
သည်

"​ဖေ​ဖေ သမီးငယ်​​လေး​တို့အိမ်​သွားလိုက်​အုံးမယ်
ပြီး​တော့သမီးဂျပန်​မသွား​တော့ဘူး​ဖေ​ဖေ!!"

အိမ်​ထဲမှာကျန်​ခဲ့​သော​ဖေ​ဖေ​ပြော​နေ​သောစကားများ
ကိုမကြား​တော့ငယ်​​လေးတို့အိမ်​ဘက်​ကိုသာ
သွား​ရန်​စိတ်​​လော​နေသည်

"Ma"Where stories live. Discover now