2. Area 3 Number 47

238 32 2
                                    

Zawgyi

“Tsk, သူ့ကိုယ်သူ ဘယ်သူများ ထင်နေလဲ မသိဘူး။ "
" သူ့ကို အနားယူခိုင်းတာကလည်း သူ့အတွက်ပဲလေ။ သူ ဘာများ ပြန်လုပ်နိုင်မှာလဲ။ "

" ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ သူသာ အတွေးအခေါ်ရှိတဲ့သူဆို အသင်းက သူ့ကို အနားယူခိုင်းတာကို ကျေးဇူးတင်ဖို့ တွေးသင့်တယ်။

Ye Qiuနှင့် Su Mu Cheng အခန်းထဲက ထွက်သွားခဲ့တယ်။ အခန်းထဲ ကျန်ခဲ့တဲ့ လူတွေက အခြေအနေကို ချက်ချင်းဆိုသလို လက်ခံနိုင်ကြပြီး သူတို့ အရင် ခေါင်းဆောင်ဖြစ်သူအား စတင် လှောင်ပြောင်ကြတော့လေသည်။ ဒါပေမယ့် Sun Xian ရဲ့ မျက်နှာအမူအရာကတော့ ရှုပ်ထွေးနေလေသည်။ သူက လှောင်ပြောင်နေသည့် အထဲ ဝင်မပါတော့ပဲ မန်နေဂျာနားကို ကပ်သွားတော့လေသည်။

" ကျွန်တော် နားမလည်တာ .. သူ ဘာလို့ အာ့အခြေအနေတွေကို လက်ခံနိုင်ရတာလဲ။ "

" သူ့မှာ လက်ခံရုံကလွဲပြီး ရွေးချယ်စရာ မရှိလို့ပေါ့။ " မန်နေဂျာက ပြောလိုက်လေသည်။

" ဘာဖြစ်လို့လဲ? "

" သူ့မှာ လျော်ကြေး ပေးဖို့ ပိုက်ဆံမှ မရှိတာ " မန်နေဂျာက တည်ငြိမ်စွာ ပြန်ပြောလာလေသည်။

" အဲ့ .. အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ "

ထိုအရာက Sun Xiangကို ကြောင်သွားစေလေသည်။ Ye Qiuသည် Pro Gamerတစ်ယောက်အဖြစ် ကြိုးကြိုးစားစား အလုပ်လုပ်လာသည်မှာ ခုနှစ်နှစ်ပင် ရှိခဲ့ပြီ ဖြစ်သည်။ သူက စီးပွားရေးနှင့် ပတ်သတ်သော အရာများ ငြင်းပယ်သည် ဆိုတောင် သူ၏ လစာသည် လျော်ကြေးမပေးနိုင်လောက်သည်အထိ နိမ့်ကျမနေနိုင်ပင်။

" မင်းက အာ့ခေတ်တုန်းက မဟုတ်လို့ မသိလောက်ဘူး ထင်တယ်။ Gloryမှာ အသင်းအဖွဲ့တွေ စတင် တည်ထောင်တုန်းက Pro ကစားသမားတွေက အခုအချိန်က ကစားသမားတွေလောက် သဘောကျလောက်တောင် ကောင်းတဲ့သူဆိုတာ ရှားခဲ့တယ်။ သူတို့ရဲ့ အချိန်အများစုကလည်း ကစားရင်းနဲ့ အချိန်ကုန်ရတာဆိုတော့ သူတို့ အထုတ်ခံလိုက်ရတာနဲ့ တော်တော်ဆိုးတဲ့ စားဝတ်နေရေး အခြေအနေတွေ ရင်ဆိုင်ရတော့တာပဲ။ Ye Qiuကတော့ ထိုအချိန်ရဲ့ အတော်ဆုံးလူဖြစ်ခဲ့ပြီး ငါတို့တော်တော်များများက သူ့အောင်မြင်မှုပေါ် မှီခိုပြီး အခု ငါတို့ဆိုတဲ့နေရာကို ရောက်လာကြတာပေါ့။ ဒါပေမယ့် သူ့မှာက ကျရှုံးသွားတယ်ဆိုတဲ့ သူငယ်ချင်းတွေ အများကြီး ရှိနေခဲ့တယ်လေ။ "

The King's Avatar Where stories live. Discover now