3.အထူးတာဝန်: ညပိုင်းတာဝန်ကျအလုပ်သမားလေး(Both Zawgyi and Unicode)

252 32 4
                                    

နိုင်တာလား?

Chen Guo သည်အချိန်ခဏတာ အံဩသင့်သွားသည်။ Screen ပေါ်မှာရှိတဲ့ Glory ဂိမ်းထဲကပေါ်နေတဲ့ "K.O" ဆိုသည့် သင်္ကေတအဓိပ္ပါယ်သည် Arena၏ အနိုင်ရခြင်းပင်ဖြစ်သည်။

သူမထွက်သွားတာ အချိန်ဘယ်လောက်ကြာသေးလို့လဲ။ 40 စက္ကန်လား။50 စက္ကန့်လား။ Chen Guo သည် သူမလက်ကောက်ဝတ်ကိုမပြီး လက်မှနာရီကိုငုံ့ကြည့်လိုက်မိသည်။ အတိအကျတစ်မိနစ်တောင် မရှိသေးဘူး။ဒါပေမယ့်ရလဒ်အနေနှင့် သူမ rowတစ်ခုထဲမှာ 52 ကြိမ်တောင်ရှုံးခဲ့သော ပြိုင်ဘက်ကို အနိုင်ယူခဲ့သည်။

Chen Guo သည်သူမ၏ Account ကိုအပြေးသွား၍ပြန်လုယူရန်ပင် မေ့နေခဲ့သည်။ ဤပုဂ္ဂိုလ်သည် နောက်တစ်ကြိမ်နှစ်ယောက်ပြိုင်ထပ်ဆော့လျှင် သူမ သင့်လျော်သလိုစစ်ဆေးရန် ထပ်ကြည့်ချင်ပါသေးသည်။ ဒါပေမယ့်အဆုံးမှာတော့ ထိုသူသည်Game ကို Log-out လုပ်လိုက်သည်ကိုသူမမြင်လိုက်ရပေသည်။ သူသည် Computer ကိုအရမ်းကြီးစိတ်မဝင်စားခဲ့သလို သူ၏လက်မောင်းများကို အကျောဆန့်ကြီးနောက် ဘယ်ဘက်နဲ့ညာဘက်ကို မျက်စိတစ်ချက်ဝေ့ကြည့်လိုက်သည်။ သူခေါင်းကိုလှည့်လိုက်သည့်အချိန် Chen Guo ကပြူးကျယ်သော မျက်လုံးများနှင့်သူ့ကိုကြည့်နေသည်ကို တွေ့သွားခဲ့လေသည်။ ပြီးနောက် သူသည်အလျင်အမြန်ရှင်းပြလာခဲ့သည်။
" မင်းက Game ကို Log-out မလုပ်ခဲ့ဘူးလေ။ အာ့ကြောင့် ငါထိုင်လိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်ပွဲကစခဲ့ပြီးသွားပြီ။ စိတ်မပူပါနဲ့ ငါမင်းနိုင်အောင်ကူညီခဲ့တယ်။ "

" ရှင် အချိန်ဘယ်လောက်ကြာကြာသုံးခဲ့တာလဲ "
Chen Guo ကမေးခဲ့သည်။

" 40 စက္ကန့် " Ye Qiu ကပြန်ဖြေခဲ့သည်။

သူသည်နောက်တစ်စုံတစ်ရာကို နောင်တရစွာပြောလာသည်ကို Chen Guo ကြားရလိုက်သောအခါ သူမပါးစပ်ကျယ်လောက်စွာပွင့်ဟသွားကာ အံ့ဩသင့်ရပြန်သည်။

" ကျွန်တော့်လက်တွေက အေးခဲနေလို့ နောက်မလို့ဆို ပြိုင်ဘက်ကိုအနိုင်တိုက်နိုင်ဖို့ 30 စက္ကန့်ဆိုလုံလောက်တယ် "

သုံးဆယ်စက္ကန့်... ငါ row တစ်ခုမှာ 52ကြိမ်ရှူံးခဲ့တဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့ သူက 30စက္ကန့်တည်းပဲလား။ ဤပုဂ္ဂိုလ်သည် မည်သူနည်း။

The King's Avatar Where stories live. Discover now