part22
805 59 8
မှိတ်ထားသော မျက်ဝန်းအစုံကိုဖွင့်မိတော့
အလင်းရောင်စူးစူးကြောင့် ချက်ချင်းပြန်မှိတ်လိုက်မိပေမဲ့
အမှတ်တမဲ့မြင်လိုက်ရသော အရိပ်တစ်ခုကြောင့်
ချက်ချင်းပင် ပြန်ဖွင့်လိုက်သည်.........
"Yeol.....မင်းဘာမှမဖြစ်ဘူးနော်......"
ပြုံးပြကာ ခေါင်းငြိမ့်ပြသောကြောင့်
ဝမ်းသာမျက်ရည်တို့ကကျလာရသည်....
"Park Chanyeolရယ်​မင်းသာငါ့ကိုထားသွားခဲ့ရမယ်​
ဆိုရင်​ငါရူးသွားနိုင်​တယ်​မင်းသိလား...."
​ပြောရင်းဖြင့်​Chanအား လွတ်​ထွက်​မသွားနိုင်​အောင်​
​ပွေ့ဖက်​ထားလိုက်​သည်​...........
အပြင်​ကိုလှမိးကြည့်​လိုက်​တော့ Ommaတို့​တွေက
လှမ်းကြည့်​နေ​လေရဲ့........
ပြုံးပြလိုက်​ရင်း.....Chanရဲ့လက်​က​လေး​တွေကို
ဖွဖွ​လေး ဆုပ်​ကိုင်​လိုက်​ချိန်​တွင်​.....
တိတ်​ဆိတ်​နေ​သော ပတ်​ဝန်းကျင်​မှ....
အသံနစ်​ခုကထွက်​ပေါ်လာသည်​........
"Suho.....သား​ငယ်​လေးလက်​လှုပ်​လာပြီ....
ဆရာဝန်​သွား​ခေါ်...."
ထိုအသံကို ကြားလိုက်​တော့ မိမိမနိုးထ​သေး​ကြောင်း
နားလည်​လိုက်​သည်​.....
အဖြစ်​အပျက်​အလုံးစုံကို ပြန်​စဉ်းစားကြည့်​မိ​တော့
"Chan......"
သတိရကာစိုးရိမ်​စိတ်​များစွာနှင့်​မျက်​လုံးဖွင့်​ကာ
ကုန်းရုန်းထလိုက်​တော့.....
​ခေါင်းကမူး​နေသည့်​အပြင်​လက်​ဆီမှ
နာကျင်​မှုတစ်​ခု........
ထိုနာကျင်​မှုဆီမှသည်​လိုက်​ကြည့််လိုက်​တော့
​သွေးထုပ်​တစ်​ထုပ်​........
"အဲ့တာက သားငယ်​လေးရဲ့​သွေးထဲမှာပါတဲ့ဓာတ်​တစ်​မျိုးကနည်း​နေလို့ သား​လေးရဲ့ ဘာမှမဖြစ်​ဘူး
စိုးရိမ်​မ​နေနဲ့......"
Ommaရဲ့အသံကြားမှပင်​စိုးရိမ်​စိတ်​တို့က
​ပျောက်​ကွယ်​သွားရသည်​.......
ငယ်​ငယ်​ကတည်းက ခဏခဏ​နေမ​ကောင်းတတ်​သော
ကျွန်​တော်​သည်​Chanကိုထားသွားခဲ့ရမှာ
​ကြောက်​ရွံ့​နေခဲ့သည်​.....အခုလိုအချိန်​မျိုးမှာဆို
ပို​တောင်​ဝေး​သေးသည်​...........
ဝင်​ရောက်​လာ​သော ဆရာဝန်​တွေ၏
ရှင်းပြသံ​တွေ နားထဲမဝင်​အား
​တွေး​နေမိသည်​က Chan ဘယ်​လို​နေလဲ ဆိုတာပင်​
"​ဆရာ...."
စကား​ပြော​နေ​သော ဆရာဝန်ကြီး၏ အသံမှာ
တိတ်​ဆိတ်​သွားကာ
"​ပြော သား​....."
"Chanရဲ့အ​ခြေအ​နေ ဘယ်​လိုရှိလဲ......"
"​ကောင်းပါတယ်​သားရဲ့...သက်​သာရင်​သွားကြည့်​လေ...
အသက်​ဘေးက​တော့ သူလွတ်​မြောက်​လာပါပြီ...."
"ဟုတ်​...."
"သားက​တော့ ကိုယ့်​ကိုကိုယ်​အရင်​အားပြည့်​အောင်​
ဖြည့်​ပါဦး....."
​ခေါင်း​လေးသာငြိမ့်​ပြ​လိုက်​ဖြစ်​သည်​
အခုချိန်​တွင်​Chanကလွဲပြီး
Ommaတို့ကို​တောင်​အပူရုပ်​ကိုဟန်​လုပ်​၍
မပြုံးပြချင်​လောက်​အောင်​ပင်​ပန်း​နေသည်​.......
၃ရက်​မြောက်​သော​နေ့တွင်​ပင်​Chanကိုမြင်​ခွင့်​ရခဲ့​လေပြီ
Chanက အိပ်​ပျော်​နေဆဲ....လုံးဝကိုသတိရမလာ​သေး​ပေ.
မင်းရဲ့အိပ်​ပျော်​ခြင်းမှာ နာကျင်​မှု​တွေကင်း​နေရဲ့လားChan.
မင်းနာကျင်​နေရလား........
"သား​လေး.....အိမ်​ပြန်​ပြီးအနားယူပါဦးလား.....
ပင်​ပန်း​နေ​ရော​ပေါ့......."
"ရပါတယ်​Ommanie...သား Chan​ဘေးနားမှာဘဲ
​နေချင်​လို့ပါ...ဒါနဲ့​လေ....Chanနိုးလာရင်​
သားတို့လက်​ထပ်​ဖို့ကိုအသိ​ပေးကြမယ်​နော်​......."
မျက်​ရည်​တသွင်​သွင်​ကျလျက်​ရိုက်​သံစွတ်​နေ​သော
ကျွန်​တော့အသံတို့က ကျွန်​တော့နာကျင်​မှုကို
​ဖော်​ပြ​နေ​လေသည်​.........
"သား​လေးရယ်​.....အသိ​ပေးမှာ​ပေါ့....Chanဆိုတာ
​ဟောဒီက ကျွန်​မသားမက်​Baek Baek​လေးအတွက်​ပါကွာ.........."
ပြုံးပြကာ​ပြောလာတဲ့ Chanရဲ့ Ommaရင်​ထဲတွင်​
ဘယ်​လောက်​တောင်​ပူ​လောင်​နေခဲ့ရလဲ.........
Chanရယ်​ငါသာဖုန်းမဆက်​ခဲ့ရင်​
မင်း......ကား​မှောက်​ခဲ့ပါ့မလား............
ငါ့​ကြောင့်​သာ မင်းအခုလိုခံစား​နေရတာ.......
စိတ်​ချပါ Chan.....ငါ​နောက်​ဆုံးထွက်​သက်​ထိ
​မင်း​ဘေးမှာဘဲ​နေသွားပါ့မယ်................
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
🙏🙏🙏
အများကြီး​စောင့်​စေခဲ့မိလို့​တောင်းပန်​ပါတယ်​
အဘွားမ​ကောင်းလို့ပြုစု​ပေး​နေရတာနဲ့
​ဆေးရုံကduty​တေဆက်​နေလို့ပါ...
အခု​တော့အဘွားလည်းဆုံးသွားခဲ့ပါပြီ.....
​နောက်​ထပ်​အကြာကြီးမ​စောင့်​ခိုင်းရမိ​အောင်​ကြိုးစားပါ့မယ်​
​စောင့်​နေ​ပေးလို့​ကျေးဇူးတင်​ပါတယ်​