part 23
885 64 14
After 3years later
နိုးထလာသေးခြင်းမရှိတဲ့ Chanက
ငြိမ်းချမ်းမှုတွေနဲ့ အိပ်စက်နေသော
ကလေးပမာ အပြစ်ကင်းစင်လှလေသည်.......
ကျွန်တော် Chanကို ဒီဆေးရုံခန်းလေးထဲမှာ
စောင့်နေခဲ့ရတာ ဒီနှစ်ဆို၃နှစ်ပြည့်ခဲ့လေပြီ.....
အကြာကြီးလဲလျောင်းနေခဲ့ရတဲ့ Chanမှာ
အိပ်ယာနာတွေဖြစ်မှာစိုးလို့ ကိုယ်တိုင်အပင်ပန်းခံပြီးတော့ကို
ဂရုတစိုက်နဲ့အနီးကပ်ပြုစုပေးခဲ့ရတာ........
မင်း ပြန်လာမယ် ဆိုတဲ့ ယုံကြည်ချက်တစ်ခုလေးနဲ့ပေါ့....
မင်း ပြန်နိုးထလာရင် ငါတို့ရဲ့မင်္ဂလာပွဲကို
ကျင်းပရမယ် ပြီးရင်မင်းအတွက် ကလေးလေးမွေးပေးရမယ်
အခုဆို Kris hyungရဲ့ သားလေးတောင်
နှစ်နှစ်ဖြစ်နေခဲ့ပြီ......Hyungရဲ့မင်္ဂလာဆောင်ကိုလည်း
မသွားဖြစ်ခဲ့ပေ......ကျွန်တော့အတွက် Chanကသာ
အရေးအကြီးဆုံးဆိုတာကို Chanနိုးလာမှ ပြောပြရမယ်...
"အမလေး.....Baekhyunnie....တံခါးခေါက်နေတာကိုတောင်မကြားပါ့လား...ဘာတွေတွေးနေတာတုန်း...."
Kris hyungအသံကြောင့်လှည့်ကြည့်လိုက်တော့
သူ့သားလေးနဲ့hyungကအခန်းအပေါက်ဝတွင်
ရပ်နေကြလေသည်........
"Hyung...လာလေ အထဲဝင်လာခဲ့....."
Hyungလက်ထဲက ကလေးကိုခေါ်လိုက်တော့
ကိုယ့်ရင်ခွင်ထဲလာထိုင်လေသည်.......
"Hyung....တစ်နှစ်မှတစ်ခါဘဲပြန်လာတယ်ပေါ့
အခုတစ်ခေါက်ကဘယ်နှစ်ရက်နေမှာလဲ....."
"အမယ်.....ခင်ဗျားလေး...ဖုန်းပိတ်ထားတာလေ
ကျွန်တော်မျိုးရောက်နေတာ ဒီနေ့က၄ရက်မြောက်နေ့ဘဲ"
"ဟာ....ဟုတ်လား....miyanae hyung.."
"ရပါတယ် Baekရယ် တောင်းပန်စရာမလိုပါဘူး...
မင်း Chanအတွက် ဘယ်လောက်ပူပန်နေရလဲဆိုတာ
သိတာမို့....Chanyeolနိုးလာရင်တော့ ငါကိုယ်တိုင်ပြောပြပေးရမယ်...."
"အင်း......Chanနိုးလာရင်ပေါ့...😞"
"ကဲပါ Baekလေးရယ်.....စိတ်မကောင်းစရာတွေ
တွေးမနေပါနဲ့ ဘယ်လိုလဲ Hyungသားလေး
ချစ်ဖို့ကောင်းလာလား...."
"ပထမတစ်ခေါက်ထက်ပိုပြီးချစ်ဖို့ကောင်းလာတယ်..
ပြီးတော့ Hyungနဲ့လည်း အရမ်းဆင်တယ်"