part33(Ending)
2.4K 86 19
"Kris hyung.......Chanyeolထမင်းမစားတာ
ဒီနေ့ဆို ၃ရက်ရှိပြီ....ချော့ကျွေးကြည့်ပါဦး....."
အားကိုးတကြီးပြောလာတဲ့ D.O.ကိုကြည့်ရင်း
Krisတစ်ယောက်သက်ပြင်းသာချမိသည်......
D.O.သည် အခုချိန်ထိ သံယောဇဉ်မကုန်သေးသော
Chanအပေါ် အတော်စိတ်ပူနေပုံပင်ရသည်.......
"D.O.ရယ် သူ့မိဘတွေတောင် ပြောမရတာ
Hyungဘယ်လိုလုပ်ပေးရမလဲ......."
Baekhyunneလေး၏
အသက်မဲ့နေသော ခန္ဓာကိုယ် ထားတဲ့နေရာနားကနေ
တစ်ဖဝါးမှမခွာသေးသော Chanyeolကို
နှစ်ဖက်မိဘတွေ ရော သူတို့တွေပါ
စိတ်ပူနေကြရသည်..........
Baekhyunလေးအတွက် ခံစားရသည့်အပြင်
သူ့ပုံစံကိုပါ စိတ်ပူနေရတာမို့
အကုန်လုံးက စောင့်ကြည့်နေကြရလေသည်.....
"ဟေ့ကောင် Suho.....
Baekလေးခန္ဓာကိုယ်ကို ပို့ဆောင်ရဲ့အချိန်က
နီးနေပြီ Chanကို ဖယ်ခိုင်းတော့......."
ခေါင်းသာ ငြိမ့်ပြပြီး Suhoလည်း
Chanရှိရာသို့ ထွက်လာလိုက်ရလေသည်....
"Chanyeol......."
"ဗျာ....Hyung......"
"Baekhyunလေးက ပြန်မလာတော့မဲ့လမ်းကို
ထွက်သွားတာ သိတယ်မလား......"
ပြန်ဖြေသံမကြားရတော့.........
မျက်ရည်မခြောက်သေးသော ပါးပြင်ပေါ်သို့
မျက်ရည်မိုးတို့ထပ်ရွာကြပြန်သည်........
"Chanyeolက အဲ့လိုလုပ်နေရင်
ညီလေးက ဘယ်လိုဘဝကူးကောင်းပါတော့မလဲ...."
သူ့အတွက်လို့ပြောရင် မဖယ်ဘူးဆိုတာသေချာလို့
Baekလေးနဲ့ ခြိမ်းခြောက်မှ ထိုင်ရာကထပေးသည်....
"Baekလေးရယ် မင်းကိုအရမ်းချစ်တဲ့ချစ်သူနဲ့
အိုအောင်မင်းအောင်တောင် မပေါင်းလိုက်ရပါ့လားကွာ.."
Chanyeolတစ်ယောက်ကတော့........
Baekလေးခန္ဓာကိုယ်သယ်ဆောင်ရာနောက်သို့
ထပ်ကြပ်မကွာ လိုက်လာလေသည်.........
မကြာခင်...အချိန်အတွင်းတွင် ကားများဖြင့်စီတန်းကာ
ပို့ဆောင်ကြလေသည်.......
"Baekလေး..........မင်းကတော့
နာကျင်မှုတွေ ကင်းသေးနေပြီပေါ့ကွာ.....
ငါ့ရင်ထဲမှာ...ဗလောင်ဆူနေပြီ........"