"Chan......အပြင်မှာ....Ommaတို့ကို
သွားခေါ်ဦး....."ပြုံးပြကာ.....Chanထွက်လာလိုက်သည်.....
မထွက်လာခင် Baekကိုလှမ်းကြည့်လိုက်တော့
နှာခေါင်းပိုက်ထည့်ထား
Oxygenတွေနဲ့အသက်ရှုနေသည့်ကြားမှ
ပြုံးနေလေသည်..........ကျေးဇူးပြုပြီး ငါ့ကိုမထားခဲ့ပါနဲ့Baekရယ်
အခန်းအပြင်သို့ထွက်သွားသော Chanကို
ကြည့်ရင်း သက်ပြင်းသားချမိသည်......
နောက်ဆုံးအချိန်ထိပြုံးနေပေးပါကွာ...."Hyung......"
အားအင်ချိနဲ့စွာ ခေါ်လိုက်သော
ကျွန်တော့အသံကြောင့် Suho hyungက
ဆရာဝန်ကြီးတွေနဲ့ စကားပြောနေရာမှလှည့်ကြည့်သည်
စကားအများကြီး.....မပြောနိုင်
မောနေတာကြောင့် Hyungကို
ဟိုးအရင်ကတည်းက ကြိုတင်၍ရေးထားသော
စာရွက်လေးကို ထုတ်ပြလေသည်........စာကိုဖတ်နေရင်း....မျက်ရည်တွေကျလာသော
Hyungကို ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိ....."မငိုပါနဲ့ဗျာ......"
တစ်ခွန်းတည်း....ပြောလိုက်မိတော့
Hyungကမျက်ရည်တို့ကို သုတ်လိုက်ရင်း
အားတင်းကာ ပြုံးပြလာရှာသည်...
Gomawayol.....hyung....."Chanyeolကလက်ခံပါ့မလား......"
"Hyungကရှင်းပြပေးပါ......."
သက်ပြင်းခပ်ဖွဖွချလိုက်ကာ
ဆရာဝန်ကြီးတွေထံမှ ခွင့်ပြုချက်တောင်းပေနေလေသည်
ထပ်ပြီး ကျေးဇူးတင်ပါတယ် Hyung
နောင်ဘဝဆိုတာမျိုးရှိရင် Hyungနဲ့
ညီအစ်ကို ပြန်လည်တော်စပ်ချင်ပါသေးတယ်....ပြုံးပြလိုက်မိပေမဲ့ ကျွန်တော့အပြုံးတို့က
ပီပြင်မယ်မထင်..........နာကျင်မှုတွေက ပိုပိုတိုးလာသည်..........
တံခါးဖွင့်ကာ ဝင်လာသော နှစ်ဖက်မိဘများနှင့်သူ
အကုန်လုံးကတော့ အပူရုပ်ကို ဟန်လုပ်ရင်း
ပြုံးပျော်နေကြလေသည်....................အသက်ရှူသံတွေက တစ်စထက်တစ်စ
ကျယ်လောင်လာတော့ Suho hyungတို့က
လှည့်ကြည့်လာကြသည်.....
အပြုံးတစ်ခုကို ဖန်တီးပေးလိုက်တော့
ဘယ်နှစ်ခေါက်ရှိမှန်းမသိသော
သက်ပြင်းကို ချတာမြင်လိုက်ရသည်......
YOU ARE READING
အျဖဴေရာင္စည္း(အဖြူရောင်စည်း){completed}
FanfictionUnicode ကြည့်တော့သာ ကြိုးကမျှင်တယ်ထင်ရတာ အရမ်းခိုင်မာတာဘဲ