Part-1

254 26 2
                                    

တီတီ တီတီ...

အဆတ်​မပြတ်​ထွက်​​ပေါ်လာတဲ့ Alarm သံ​ကြောင့်​ မထချင်​ထချင်​ဖြင့်​ အိပ်​ယာမှ ထကာ ​ရေချိုးခန်းဆီသို့ ထွက်​လာခဲ့သည်​... ညက Partyပွဲမှာ ​တော်​"များ"​သောက်​ခဲ့တာမို့ ​ခေါင်းက သိပ်​မကြည်​ချင်​..

အောက်​ထပ်​ဆင်းလာပြီး စားဖို​ဆောင်​က အ​ဒေါ်ကြီးကို ပျားရည်​ တစ်​ခွက်​ ယူလာခိုင်းလိုက်​တယ်​.. 

သောက်​ပြီးတာ​တောင်​ ​ခေါင်းက ကိုက်​​နေ​သေးသည်​.. အလုပ်​ကလည်း ကိုယ်​ကCEOဖြစ်​​တာ​ကြောင့်​ ကိုယ့်​စိတ်​ကြိုက်​ ခွင့်​မယူချင်​..

ငယ်​"ရွယ်​"နဲ့ ဒီရာထူးရထား​တော့.. တချို့တ​လေက ကိုယ့်​အရည်​အချင်းနဲ့ ရလာတဲ့ အတွက်​ ဘာမှ​ပြောမှာမဟုတ်​​ပေမဲ့..

ဒီရာထူးကို ငမ်းငမ်းတက်​ လိုချင်​တယ့်​ လူ​တွေရှိ​သေးသည်​။ သူတို့က ကိုယ့်​ဘက်​ကအမှားကို မရရ​အောင်​ အသုံးချမည့်​သူ​တွေမို့.. အလုပ်​သွားရန်​ ကိုယ့်​ရဲ့ အတွင်​​ရွေးမှူးလည်းဖြစ်​သလို အိမ်​​တော်​ထိန်း ရာထူးလည်းခန့်​အပ်​ခြင်း ခံထားရတဲ့ ဦး​လေးမင်​ ကို ကားထုတ်​ခိုင်းလိုက်​ကာ.. အလုပ်​ဆီ ဦးတည်​လိုက်​သည်​။

"သူ​ဌေး​လေး ကျွန်​​တော်​ "

ပြော​နေတဲ့ ဦး​လေမင်​ရဲ့ စကားကို ဖြတ်​ကာ သူ​ပြောလိုက်​သည်​။

"ဦး​လေးမင်​ကလည်း ၂​ယောက်​ထဲရှိတဲ့အခါ သူ​ဌေး​လေးလို့ မ​ခေါ်ပါနဲ့ဆို.. "

ကျွန်​​တော်​ နှုတ်​ခမ်းဆူကာ ​ပြောမိ​တော့ ဦး​လေးမင်​က ရယ်​သည်​.. ထို့​နောက်

"Xiao Luရယ်​.. ဦး​လေးမင်တို့က အလုပ်​မှာ ​နေရတဲ့အချိန်​က များတယ်​​လေ ဒါ​ကြောင့်​ ဦး​လေးမင်​က အကျင့်​ပါ​နေလို့ပါကွယ်​"

ဦး​လေးမင်​​ပြော​တော့ သူငြိမ်​သွားသည်​။.. ဦး​လေးမင်​ ​ပြောတာလည်း မှန်​တာပဲကို.. ကိုယ့်​အတွင်း​ရေးမှူးဆို​တော့ အမြဲလိုလို ​အလုပ်​ထဲမှာ အချိန်​အများဆုံး ကုန်​ကြ​တာပဲ​လေ.. CEOရာထူးက အားလုံး သိတဲ့အတိုင်း မလွယ်​ပါဘူး.. တစ်​ခါတစ်​​လေဆို company မှာပဲ ညအိပ်​ခဲ့ရတာ​တေကလည်း တစ်​ပတ်​ကို၂ရက်​က အနည်းဆုံး...

Spring Summer Fall in WinterWhere stories live. Discover now