Part-2

159 24 4
                                    

"အဲ့​တော့.. မင်း​ပြောချင်​တာက "

"​တော်​.. ​တော်​ပါပြီ.. မင်းကို​လေ ဘာမှကိုမ​ပြောရဲ ​လောက်​​အောင်​ပဲ စကား​လေး တစ်​ခွန်း​ပြောလိုက်​တာကို ထပ်​ခါ ထပ်​ခါ ထပ်​​မေးတတ်​တဲ့ မင်းအကျင့်​​ကြောင့်​ ငါလည်း အ​မောဆို့ပြီး ​သေမှာပဲ "

အလုပ်​ရှင်​ တစ်​​ယောက်​ဖြစ်​ပြီး စိတ်​ကမရှည်​ဘူး ဘာညာနဲ့ ရစ်​​နေပြန်​​သော Kim Jong​ကြောင့်​ ​ပြော​နေတဲ့ စကားက လိုရင်းကို မ​ရောက်​နိုင်​​တော့.. နားပူမယ့်​ ဒဏ်​ကို မခံနိုင်​တာ​ကြောင့်​ ဖုန်းကို ချပစ်​လိုက်​သည်​။

မ​နေ့က ကိုယ်​​တွေ့ခဲ့တဲ့ လူစိမ်းအ​ကြောင်း စကား​လေးစမိပါတယ်​.. ပြန်​​မေး​နေတာက နာရီဝက်​မကဘူး.. ဒီလို လဒူကို ဘာလိုများ သူငယ်​ချင်း​တော်​မိတာပါလိမ့်​ ...

ထားလိုက်​ပါ​တော့​လေ ... ခက်​ခက်​ခဲခဲနဲ့ ရထားတဲ့ ကိုယ့်​ခွင့်​ရက်​​လေးကို အခြားတစ်​​ယောက်​​ကြောင့်​ စိတ်​ညစ်​မခံချင်​တာမလို့ .. ခြံထဲဆင်းလာကာ ပန်းပင်​​တွေနား ​ရေ​လောင်း​နေလိုက်​တယ်​..

ဘာရယ်​မဟုတ်​.. ​ရေ​လောင်း​နေရင်း ​ခေါင်း​လေး​စောင်းကာ ပန်းပင်​​တွေကို ကြည့်​​နေမိရင်း တိုက်​​ဘေး​နောက်​နားက ခပ်​လှမ်းလှမ်းမှာရှိတဲ့ ​တောအုပ်​စီ လှမ်းကာကြည့်​မိ​တော့.. ကြက်​သီး​မွေးညင်းက ထလာ​သေးသည်​။

ကြောက်​တယ်​ရယ်​လို့​တော့ မဟုတ်​​ပေမဲ့ ​တောအုပ်​ပုံကိုက အထီးကျန်​ပုံရတဲ့အပြင်​ ​ခြောက်​ခြားတဲ့ အသွင်​​ဆောင်​​နေ​သေးသည်​ .. 

နောက်​မှ ဦး​လေးမင်​ကို လှမ်း​မေးရ​မယ်​ဟု ​တွေးထားလိုက်​သည်​။ဒါထက်​ သူအဲ့​နေရာကို ကိုယ်​တိုင်​ သွားကြည့်​ချင်​သည်​​လေ ... သူ့ရဲ့ ​မွေးရာပါ စပ်​စုတတ်​တဲ့ အကျင့်​က အလုပ်​ကြီး အကိုင်​ကြီး လုပ်​​နေရတဲ့ လူအ​နေနဲ့ မ​ကောင်းတတ်​မှန်း သိ​ပေမဲ့လည်း အခုလို ဂုဏ်​ အရှိန်​အဝါ​တွေ မရှိတဲ့ အချိန်​မှာဆိုရင်​ ပိုးကထလာသည်​။

နေ့ခင်း​ကြောင်​​တောင်​​တောင်​ကြီး ဖြစ်​​နေတာ​ကြောင့်​လည်း သွားချင်​စိတ်​က တားမရဖြစ်​​နေတာ.. ညဘက်​သာဆိုရင်​ သွားဖို့​တွေးမယ့်​ အစား အိပ်​ရာထဲ ​ပွေး​နေမိပြီ။

Spring Summer Fall in WinterWhere stories live. Discover now