Part-6

163 24 2
                                    

"ဟို​နေက မင်း​ပြောတဲ့ လူကြီးက​လေ.. "

Kim Jongတစ်​​ယောက်​ ​ပြောတဲ့ စကားမှ မဆုံး​သေး

အသံစာစာနဲ့ ထွက်​လာတဲ့ Xiao Lu အသံ

"ဟာ.. မင်​က​လည်း ချာတိတ်​ပါဆို​နေမှ.. လူကြီးပဲ​ပြော​​နေတယ်​.. "

"မင်းက ငါ​ပြောတဲ့ စကားကို​ကော ဆုံး​အောင်​ နား​ထောင်​လို့လား ငါ​ပြောချင်​တာက
'မင်း​ပြောတဲ့ လူကြီးက​လေ ချာတိတ်​ ဖြစ်​​နေတာ​ပေါ့လို့ '​ပြောမလို့ဟ "

မရ​​တော့ဘူး ကြည့်​လို့ကို မရ​တော့ဘူး.. Kim Jong မတရားစိတ်​တို​နေပြီ

ဘယ့်​နှယ့်​ မနက်​8နာရီ ကတည်းက လူကို ရုံးခန်းလာခဲ့ဆိုပြီး ​ခေါ်တာ ဘာများဖြစ်​သလဲလို့

'Oh Sehunက​လေ ' ဆိုတာကို ပါးစပ်​က​နေမချ​တော့ဘူး..

'သူကရူးတာ​တောင်​ ​ပစ်​​ကြွေချင်​စရာ ​ကောင်းတယ် 'တို့

'ငါ မဒီ​ချော​ချော​လေး​တွေကြား ဝန်းရံခံရတာ ကြာသွားလို့များလား.. သူ့ကို ​ကြွေတယ်​ဟ'တို့က ပါ​သေးတယ်

ဒီ​လောက်​​တောင်​ Sehunအဆိပ်​တက်​​နေတဲ့ဟာ​လေး.. ​ပြောပစ်​ဦးမယ်

"မင်းက​လေ.. ​သောက်​ရူးမှန်း သိ​နေတာ​တောင်​ မွှန်​ချင်​တုန်း.. "

ဒါမျိုး​တော့ Xiao Luကို ဘယ်​လာ​ကြောလို့ရမလဲ

"ဒီမှာ Jongလုံး ငါက​လေ မင်းလို အားတိုင်းရားတိုင်း လျှာရိုးမရှိ ချစ်​တယ်​ဆိုတဲ့ စကားကို ထိုင်​​ပြော​နေတဲ့​ကောင်​ မဟုတ်​ဘူးကွ "

တရှုးရှုး တရှဲရှဲ ဖြစ်​လာတဲ့ Xiao Luကို ကြည့်​ရင်း မီး​လောင်​ရာ ​လေပင့်​​ပေးလိုက်​သည်​။

"ဘာပဲဖြစ်​ဖြစ်​ ငါက​တော့ Sang namjaပီသတယ်​ကွဲ့.. မင်း​ပြောတဲ့ သူ့​အ​ကြောင်း​တွေထဲကမှ သူ့ပုံစံကို ​လေ့လာရင်းမှ ငါသတိထားမိတယ်​.. မင်းက​တော့​လေ ဘယ်​လိုကြည့်​ကြည့်​ ဟို​ကောင့်​​အောက်​မှာ ​နေရမဲ့ပုံနဲ့"

ပြောပြီးတာနဲ့ တစ်​ပြိုင်​နက်​တည်း အခန်းအပြင်​ ​ပြေးထွက်​လာခဲ့သည်​။

Spring Summer Fall in WinterWhere stories live. Discover now