Part-3

179 24 1
                                    

မီးဖိုး​ချောင်​ထဲ ​ရောက်​လာ​သော်​လည်း ကျွန်​​တော့မှာ ​ကြောင်​​တောင်​​တောင်​ရယ်​ ... သူက​တော့ ကျွန်​​တော်​နဲ့ ရင်းနှီးသလို ပြုမူ​နေ​လေရဲ့..

"ကိုယ်​​ချောတာ သိ​ပေမယ့်​ အဲ့​လောက်​ထိ ကိုယ့်​ကို စိုက်​ကြည့်​​နေစရာမလိုဘူး​နော်​... "

သူ​ပြောမှ သတိထားမိတယ်​ ကိုယ်​သူ့ကို.. စိုက်​ကြည့်​​နေမိတာပဲ.. အရှက်​​ပြေ ​ချောင်းဟန့်​လိုက်​ရင်း

"အဟမ်း... ငါက ထူးဆန်းတယ်​ ထင်​လို့ပါ.. မ​နေ့တ​နေ့ကမှ ငါတို့သိတာ မဟုတ်​ဘူးလား.. ဒီ​လောက်​ထိရင်းနှီးစရာလိုလား ... "

သူက စားစရာ​တွေ စားပွဲခုံ​ပေါ် ​ရွှေ့​နေရင်းမှ ကိုယ့်​ကိုကြည့်​ကာ ​ပြောလာခဲ့သည်​။

" ကိုယ့်​ဘက်​က သိတာထက်​ပိုတာမလို့ ကိုယ်​​ပြောတဲ့ အတိုင်းသာ လုပ်​​ပေးရင်​ ကိုယ်​ဝမ်းသ.မိမှာပဲ "

လာပြန်​ပြီ .. အဲ့မျက်​ဝန်း​တွေ ချာတိတ်​ တစ်​​ယောက်​ရဲ့ မျက်​ဝန်း​တွေက လူကိုလန့်​​စေလား..?

"ကိုယ့်​ကို မလန့်​ပါနဲ့.. တစ်​ချိန်​​တော့ မင်းကိုယ့်​ကို ​သေချာသိမှာပါ "

"မင်း.. အဲ့ဒီ 'ကိုယ်​'ဆိုတဲ့ နာမ်​စား မသုံးစမ်းနဲ့ ငါမင်းထက်​ မငယ်​ဘူး ချာတိတ်​ရဲ့"

ဟုတ်​တယ်​​လေ ကိုယ့်​လို လုပ်​ငန်းရှင်​ တစ်​​ယောက်​ကိုမ ချာတိတ်​ အရွယ်​က အဲ့လို နာမ်​စား​တွေ မသုံးသင့်​ဘူးထင်​တယ်​ ...

"ကိုယ်​မင်းထက်​.. ပိုကြီးတယ်​....

အသက်​ကို​ပြောတာ ... "

"မင်းက အထက်​တန်း ​ကျောင်းသား မဟုတ်​ဘူးလား? "

ဟို​နေ့က သူ​ကျောင်းဝတ်​စုံနဲ့ပါ..

"မှတ်​ပုံတင်​ထဲမှာ​တော့ အဲ့တိုင်းပဲ ... "

ငင့်​😳😳 ဒီ​ကောင်​​လေးရူး​နေတာလား ဘာ​တွေ​ပြော​နေတာလဲ ... အာ.... ငါသိပြီ ကြည့်​ရတာ ယဉ်​ယဉ်​​လေးရူး​နေတာနဲ့ တူတယ်

စစ​တွေ့တဲ့​နေက ဘာမထီ အ​ချေ​ကောင်​ လူကြီးဆိုဒ်​နဲ့
ဒုတိယ အခါကျ​တော့ က​လေးမသာပုံ ဖြစ်​သွားတယ်​ ...
တတိယ အခါမှာ​တော့ သိမ်​​မွေ့တဲ့ လူငယ်​​လေးတဲ့လား ..

Spring Summer Fall in WinterWhere stories live. Discover now