💙💙Blue💙💙(Z+U)

537 59 5
                                    

#Zg

ကျွန်တော် ရေချိုးပြီး ထမင်းစားဖို့အခန်းထဲက
ထွက်လာတော့ ကလေးမရောက်သေးတာနဲ့ အပေါ်ထပ်ကို
တက်ကြည့်ဖြစ်တယ်။

အခန်းတံခါးကိုခေါက်တော့ ပြန်ထူးသံမကြားတာနဲ့
မနိုးသေးဘူးထင်ပြီး ဒီအတိုင်းဝင်သွားတော့
အိပ်ယာပေါ်မှာစောင်နဲ့လူးလှိမ့်နေတဲ့ကလေး။
အဲ့ဒါကြောင့် ကုတင်ဘေးကိုဝင်ထိုင်လိုက်တော့
စောင်ပုံထဲကမော့ကြည့်လာကာ
အပြုံးလေးနဲ့ ညှို့ငင်လိုက်တဲ့သူ။

ထိုအပြုံးကိုခဏတာမျှ ကြောင်အအနဲ့ငေးကြည့်နေပြီးမှ
ပြန်ပြုံးပြလိုက်ပြီး

"နိုးရင်ထတော့ ညစာစားကြရအောင်''

ကျွန်တော့ကို သေချာကြည့်ပြီးတော့မျက်နှာညှိုးသွားကာ

"Hyung''

မတိုးမကျယ်လေးနဲ့ခေါ်လာသည့်အသံမှာ
သူ့ရင်ထဲက ခံစားချက်အတိမ်အနက်ကိုခန့်မှန်းရခက်
လှသည်။

"အင်း''

"ကျွန်တော့်ကိုလာမတွေ့တာ ကြာပြီနော်
ဘာလို့လဲ''

ကျွန်တော် ကလေးနဲ့တွေ့ပါကဒီမေးခွန်းမေးမည်ဆိုတာကို ကြိုသိထားပါရဲ့နဲ့ အခုထက်ထိအဖြေကို ခိုင်ခိုင်မာမာ
ရှာမတွေ့သေးတဲ့ကျွန်တော်။ကလေးကတော့
မေးခွန်းရဲ့အဖြေကို မျှော်လင့်တကြီးနဲ
့စောင့်နေရင်း ကျွန်တော့ကိုအကဲခတ်လျက်။

စာမေးပွဲခန်းထဲမှာ ကိုယ့်ဘာသာစာစဉ်းစားနေသည်ကို
ဆရာမက လာရပ်ကြည့်နေသည့်အခြေအနေနှင့်တူနေ
သည်။
ဆရာမက ဘာအတွေးနဲ့ဘာသဘောနဲ့လာရပ်ကြည့်နေ
သည်ကိုမသိဘဲ ကိုယ်ကတော့မလုံမလဲဖြစ်ကာ
ငါခိုးချမယ်ထင်နေလို့များလား။ငါဘာများမူမမှန်ဖြစ်နေလဲ
ဆိုပြီး စိုးရိမ်စိတ်မြင့်လာသည့်နှယ်။
ကျွန်တော်ယခုကြုံနေရသည်။

ပူလောင်လွန်းတဲ့တစ်ဖက်သတ်အချစ်က လူကိုအမြဲ
လောင်ကျွမ်းလျက်ပင်။ခိုးစားထားတဲ့ သူခိုးလိုပေါ့။
ကျီးလန့်အစာစားနေရသလို ဖြစ်နေသည်။

ကလေး ကျွန်တော့ကိုမေးလာတဲ့မေးခွန်းက
ဘဝတစ်လျှောက်ဖြေခဲ့ဖူးသမျှထဲမှာ အခက်ဆုံး
မေးခွန်းတစ်ခုပင်။မျက်နှာချင်းဆိုင်မကြည့်ရဲလို့
လက်လေးတွေဆီအကြည့်ပို့ကာ သေချာကိုင်လိုက်ပြီး

Blue Side( Blue- eyed boy'  back to Blue Side)(completed)(Z+U)Donde viven las historias. Descúbrelo ahora