💙💙💙💙💙Blue💙💙💙💙💙(Z+U)

773 63 16
                                    

#Zg

ကျွန်တော်အရမ်းဝမ်းနည်းနေတဲ့ ထယ့်ကိုဖက်ပြီး

"ချစ်တယ်ထယ် ကိုယ်အရမ်းချစ်တယ်
မင့်ထက်ပိုပြီး ချစ်နေမိပြီထင်တယ်''

ဟမ် ကျွန်တော့ထက်တောင် ပိုချစ်နေပြီတဲ့လား။
အချစ်က ကျွန်တော်ထင်သလို သိပ်ဆိုးတဲ့ဧည့်သည်ပါ။
အခုတော့ ပြန်တော့မယ်တဲ့။မဖိတ်ခေါ်တာကိုလာခဲ့ပြီး
အခုတော့ပြန်တော့မှာတဲ့။လက်တွေ ခြေတွေတုန်လာပြီး
ကိုင်ထားတဲ့ ပန်းအိုးလေးက အရမ်းလေးလာသလိုပဲ။

သူတို့နှစ်ယောက်ကိုထပ်ကြည့်တဲ့အချိန်မှာတော့
လက်ထဲက ပန်းအိုးပင်လွတ်ကျခဲ့ရပြီ။သူတို့က
အကြင်နာပေးနေကြတာလား။
ကျွန်တော့ကိုထိကပ်ရုံအပြင်မပိုခဲ့တဲ့kissက
ထယ်နဲ့တော့french kissတဲ့။ကျွန်တော်ကအရူး၊
ကျွန်တော်က ငတုံးပဲ။

"ခွမ်းးး''

ကျွန်တော်တို့နမ်းနေကြတုန်းမှာ တစ်ခုခုကျကွဲသံကြားလို့
အလန့်တကြားလှည့်ကြည့်တော့ မျက်ရည်တသွင်သွင်နဲ့
ပန်းအိုးအကွဲကိုကောက်နေတဲ့အသဲရယ်
ဒေါသမီးတောက်နေတဲ့ဟိုလူရယ်။

ကျွန်တော်တို့ပြောသမျှ အသဲအကုန်ကြားမှာပေါ့။
စိတ်မကောင်းပါဘူးအသဲရယ်။အသဲနားကိုအပြေးအလွှား
သွားလိုက်တော့။

"အသဲ''

"မလာနဲ့ အနားကိုမလာခဲ့နဲ့ ဟင့်''

"ကိုယ်ရှင်းပြတာနားထောင်ပါဦး''

"ဟင့်အင်း နားမထောင်ချင်ဘူး အကုန်ကြားပြီးပြီ
ဘာထပ်နားထောင်ရဦးမှာလဲ ''

"အသဲရယ် ကိုယ်ပြောတာနားထောင်ပါဦး''

"ဟင့်အင်း ဟင့်အင်း အသဲမဟုတ်ဘူး
ငါကမင်းရဲ့အသဲမဟုတ်တော့ဘူး ဂျီမင်း ပက်ဂျီမင်း
ငါအကုန်ကြားထားပြီးသားကို ဘာများထပ်ပြီးရှင်းပြဦး
မှာလဲ လူဆိုးကောင်ရဲ့ အီးဟီးဟီး ချစ်တယ်ဆို
ငါ့အပြုံးတွေကိုသဘောကျတယ်ဆို ငါ့ကိုလက်ထပ်မှာဆို
အခုတော့ အခုတော့ ငါ့ကိုလုပ်ရက်လိုက်တာ ဂျန်းကုရယ်'

အသဲတော်တော်စိတ်ထိခိုက်သွားမှာ ကျွန်တော့ကို
သူ့လက်သီးဆုပ်လေးနဲ့ထုပြီး ပြောနေတာ ကျွန်တော်
မျက်ရည်တောင်ကျတယ်။ကျွန်တော့အမှားပါ။
အခုထိကိုမပြတ်သားနိုင်သေးတဲ့ကျွန်တော်ပါ။
အခုထိကိုသူတို့ကိုချစ်နေဆဲပါ။
အသဲနှစ်ခြမ်းမှာသူတို့ရှိတယ်။

Blue Side( Blue- eyed boy'  back to Blue Side)(completed)(Z+U)Where stories live. Discover now