💙💙💙💙Blue💙💙💙💙(Z+U)

471 54 10
                                    

#Zg

ကျွန်တော်အိပ်ယာနိုးတဲ့အခါမှာ ထယ်ရဲ့အခန်းကို
အပြေးအလွှားသွားကြည့်မိသည်။တကယ်လား
အိပ်မက်လား ကျွန်တော်သိချင်မိသည်။အိပ်နေတဲ့ထယ့်ကို
ကျွန်တော်တွေ့တော့ ကုတင်ပေါ်ဝင်လှဲကာ ဖက်ထားလိုက်
သည်။ဒီနေ့ ကျွန်တော်တို့ရဲ့ ပထမဆုံးနေ့လေးလေ။
ဒီနေ့နှင်းကျနေသော်လည်း ရာသီဥတုသာယာနေသည်။

တကယ်ဆို ဟိုးတစ်နေ့ကအမှတ်မထင်နမ်းမိကတည်းက
ထယ့်အပေါ်ကို သေချာချင်နေခဲ့တာ။ကျွန်တော်
ထယ့်အပေါ် စိတ်ယိုင်နေတာ ကြာပြီထင်ပါရဲ့။မနေ့ညကမှ
သေချာခဲ့သည်။ကျွန်တော် ထယ့်ကိုချစ်တယ်ဆိုတာ။

ကျောင်းသွားဖို့ပြင်ဆင်ရင်း
ဖုန်းကိုယူကြည့်တော့ အသဲဖုန်းခေါ်ထားတာပဲ။ညက
ဖုန်းခေါ်ပါပြောပြီး ကိုယ်ကမေ့နေခဲ့သည်။ကျောင်းရောက်မှ
အကျိုးအကြောင်းပြောတော့မည်ဟုတွေးလိုက်သည်။
အသဲကိုလည်း ချစ်တယ်လေ။ကျွန်တော်မကောင်းဘူး
ဆိုတာကိုသိပါတယ်။ဒါပေမယ့် သူတို့မရှိလို့မဖြစ်ဘူးလေ။

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙

ကျွန်တော်နဲ့ထယ် ကျောင်းကိုရောက်တော့ နည်းနည်း
နောက်ကျနေပြီဖြစ်သည်။ ထိုအချိန်အထိ အသဲက
ကျောင်းကိုမရောက်သေးသည်မှာ ထူးဆန်းလှသည်။
တစ်ခါမှကျောင်းမပျက်ဖူးသည့် အသဲ ဘာများဖြစ်နေလဲ။
စိတ်ပူခြင်းနဲ့အတူအတွေးထဲပေါ်လာသည်က ညက
ရုပ်ရှင်ရုံထဲမှာချမ်းနေသည့်အသဲ။မျက်လုံးထဲ
အရာအားလုံးအနှေးပြကွက်နဲ့ပြန်မြင်လာတဲ့အခါမှာ
အသဲအတွက် စိတ်မကောင်းလှပေ။လူကအသဲရဲ့အနား
ရှိနေပေမယ့် စိတ်ကရှိမနေခဲ့ခြင်းပင်။ပြီးတော့
ရေရေရာရာမသိရတဲ့အခြေအနေတစ်ခုကို ဘာမှမမေးဘဲ
ကလေးအပေါ်ကို ဒေါသပုံထားမိခြင်းကြောင့်ပင်။

"ဂျန်းကု မင်ကျောင်းမတက်ဘူးလား
မင်းကိုဖုန်းဆက်လား''

"ဟင့်အင်း မဆက်ဘူး ဘာလို့မလာသေးတာလဲမသိဘူး''

ထယ်က သူ့သူငယ်ချင်းကိုစိတ်ပူသလို
ကျွန်တော်ကလည်း အသဲကိုစိတ်ပူနေသည်။
ကျွန်တော့အဖြစ်က ရယ်စရာတော့ကောင်းသား
ချစ်သူတစ်ယောက်ကို ဘေးနားထားပြီး
နောက်ချစ်သူတစ်ယောက်ကို စိတ်ပူနေခြင်းပင်။

Blue Side( Blue- eyed boy'  back to Blue Side)(completed)(Z+U)Tempat cerita menjadi hidup. Temukan sekarang