💙💙💙Blue💙💙💙(Z+U)

477 60 9
                                    

#Zg

ဂျန်းကုကို ကျွန်တော်အိမ်ရှေ့မှာထွက်ပြီးစောင့်နေမိတယ်။
သူက ညဘက်ရုပ်ရှင်ကြည့်ဖို့ လာခေါ်နေပြီတဲ့လေ။
ရာသီဥတုကတော့ ဆောင်းတွင်းကြီးဖြစ်လို့ အအေးပိုကာ
ချမ်းတုန်စေလျက်ပင်။

ကျွန်တော်အပျော်လွန်ပြီးထွက်လာတာ မာဖလာပတ်ဖို့ပင်
မေ့ခဲ့သည်။အိမ်ထဲဝင်ယူဖို့ကလည်း ဂျန်းကုကိုယ့်ကို
မတွေ့ဘဲကျော်သွားမည်စိုးရိမ်တာကြောင့်ဝင်မယူဖြစ်ခဲ့ပေ။
ကျွန်တော် ဂျန်းကုဘယ်ဘက်ကလာမည်ကို မသိရ၍
လမ်းနှစ်ဘက်စလုံးကို တမျှော်မျှော်နဲ့ကြည့်နေရသည်။

ထွက်လာသည်မှာနည်းနည်းကြာပြီဖြစ်၍ ခြေထောက်တွေ
ညောင်းနေသလို အအေးဒဏ်ကိုလည်း ခံနေရပြီဖြစ်သည်။
လည်တဆန့်ဆန့်နဲ့ နည်းနည်းနွေးအောင် ခုန်ပေါက်၍
မျှော်နေတုန်း ပခုံးအပုတ်ခံ၍ အလန့်တကြားနဲ့
လှည့်ကြည့်မိတော့

"Hyung''

"အပြင်မှာအေးနေတာကို ကလေးရာ
မာဖလာမေ့ခဲ့ရလား ဆိုးလိုက်တာကွာ''

တကယ်ကိုဆိုးတဲ့ကလေးပါ။ကျွန်တော့ကို သူ့ချစ်သူနဲ့ညဘက်ရုပ်ရှင်သွားကြည့်မလို့လာပြောတာကို ကျွန်တော်က
ဘာအခွင့်အရေးနဲ့တားလို့ရမှာလဲ။နာကျင်နေတဲ့နှလုံးသားကို ကလေးရဲ့အပြုံးချိုချိုနဲ့လဲလှယ်ပြီး အသိအမှတ်ပြုခဲ့တယ်။ဂျန်းကု အိမ်ကထွက်လာပြီလို့ ဖုန်းဆက်ကတည်းက
အပြေးအလွှားထွက်သွားတဲ့ကလေးကို ကျွန်တော့
အိပ်ခန်းထဲကနေ ထိုင်ကြည့်နေမိသည်။

ကလေးကမမြင်ရတဲ့သူကိုမျှော်နေပေမယ့်။မြင်နေရတဲ့
ကိုယ့်ကိုတော့ ကျောခိုင်းထားလေသည်။နာကျင်ရသည်။
ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုမျှော်နေခြင်းမဟုတ်ဘဲ
တစ်ပါးသူကိုစိတ်လှုပ်ရှား ရင်ခုန်စွာစောင့်မျှော်နေခြင်းပင်။

အမှန်ဆို ကျွန်တော်လျစ်လျူရှုသင့်တယ်မဟုတ်ပါလား။
ဘေးလူအနေနဲ့ကြည့်လျှင် ကျွန်တော်ကလူပိုတစ်ယောက်။လက်လျော့သင့်နေပြီဖြစ်တဲ့သူ။ဒါပေမယ့်
တကယ်ချစ်မိတဲ့သူသာ နားလည်ပေးနိုင်တာပါ။ကျွန်တော့
အဖြစ်ကို။လျစ်လျူရှုတယ်ဆိုတာပြောရလွယ်ပေမဲ့
ကိုယ်ချစ်တဲ့သူကို လျစ်လျူရှုရတာက အခက်ခဲဆုံးပင်။

Blue Side( Blue- eyed boy'  back to Blue Side)(completed)(Z+U)Where stories live. Discover now