...🍂အပယ်ခံသက်သက်🍂...
(Unicode)
Park Chan Yeol အိမ်တွင် မိမိဖြစ်ချင်သလို ဖြစ်လိုက်ရ၍
စိတ်က အနည်းငယ် လန်းဆန်းနေသယောင်.."" ဝှားးး သာယာလိုက်တဲ့မနက်ခင်းလေးပဲ ""
ကျွန်တော် ဒီနေ့မနက် ဟိုပိုင်းလုံးကောင်မျက်နှာကို
Coffee ပူပူ နဲ့ပက်လိုက်ရလို့ စိတ်ထဲမှာကြည်နူးလိုက်တာဗျာ ..
အခုအချိန်ဆို အဲ့အကောင် မျက်နှာမှာ အရည်ကြည်ဘုတွေ
ထနေလောက်ပြီ....."" ဟားဟားးးးး""
Chan Yeol ကျောင်းကကားပါကင်မှာ ကားရပ်ရင်း
မတ်တပ်ရပ်ကာ လက်နှစ်ဖက် ဆန့်တန်းရင်းပြောနေခြင်းပင်.."" အာ ... ငါလည်း အပျော်လွန်ပြီး ကားမောင်းလာတာ
ဟိုနှစ်ကောင်ကိုတောင် ဝင်မခေါ်ခဲ့ရဘူး... အင်း...
ဒီနေ့ အစောကြီးပါလား ငါရောက်တာ...
ရောက်ပြီးမှတော့ သွားပြန်ခေါ်မနေတော့ပါဘူး...
သူတို့နဲ့တွေ့မှ ငါရဲ့လှပတဲ့မနက်ခင်းလေး
ကြက်ပျောက်ငှက်ပျောက်ဖြစ်နေမှ.... အွင်း ..
အတန်းခနသွားလိုက်အုန်းမယ် ""
Yeol လည်း အတန်းထဲ လျှောက်သွားလိုက်သည် ....
Yeol တို့ဌာနက ကျောင်းပေါက်နှင့်နီးသလို ကားပါကင်နှင့်လည်းနီးသည်.
ထို့ကြောင့် သွားရသည်မှာ အခြားဌာနများထက် ပို၍အဆင်ပြေသည်...
Yeol လည်း အတန်းရှေ့ရောက်တော့ အတန်းထဲလူအတော်အများတော့ရောက်နေလေပြီ...
လူတွေ ရုန်းရုန်း ရုန်းရုန်းနှင့်မို့ Yeol လည်းဘာဖြစ်နေတာလဲသိရန် အတန်းထဲဝင်သွားလိုက်သည်.....
"" ဟေ့ ""
Yeol ကောင်လေး တစ်ယောက်ကိုခေါ်လိုက်သည်..
"" ဘာလဲဗ်""
"" ဘာလုပ်နေတာလဲ လူတွေရုန်းရုန်း ရုန်းရုန်းနဲ့ ""
"" အာ ဒီနေ့ ခုံနံပါတ် နဲ့ ကျောင်းသားကဒ် ရပြီလေ. . အဲ့တာကြောင့် ""
YOU ARE READING
🌼အပယ်ခံသက်သက်🌼
Fanfiction"နောင်ဘဝတွေမှာ ပြန်မဆုံစေခြင်းဖြင့် ကျွန်တော်တို့နှစ်ယောက်ကို ကူညီပါ "