🌻Part_23🌻

2.9K 181 6
                                    

🍁အပယ်ခံသက်သက်🍁(Unicode)

Part_23

မနက် 3: 00~

" Baekhyun shii .. မျက်နှာကို ဒါလေးနဲ့ဆေးလိုက်ပါ.. ပြီးမှ ဝတ်စုံလေးလဲလိုက်နော်.. "

" Nae "

Wedding Day မလို့  မနက်မိုးမလင်းခင်တည်းက ရောက်လာကြသော  မိတ်ကပ်ပြင်သူများနဲ့ ဝတ်စုံပြင်ဆင်သူတွေ..
မိတ်ကပ်ပြင်သည့်အစ်မ လှမ်းပေးသည့် ဗူးလေးကိုလှမ်းယူပြီး ရေချိုးခန်းထဲ၌ မျက်နှာသန့်စင်လိုက်သည်..
ထို့နောက် သတို့သားဝတ်စုံအဖြူလေးအား သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်ရင်း မိတ်ကပ်အစ်မတို့ဆီ ပြန်သွားလိုက်သည်...
အိမ်မာ အားလုံးပြင်ဆင်ပြီးမှ ခန်းမသို့သွားရန် Appa အားပြောပြထားသည်...

" ဒီပန်းလေး ဒီမှာထိုးလိုက်ပါ... အာ... အစ်မပဲထိုးပေးလိုက်ပါ့မယ် "

တစ်ချိန်တည်းစကားနှစ်ခွန်းပြောပြီးနောက် သူမလက်ထဲက ပန်းအသေးလေးအား အိပ်ကပ်ထဲ၌ အသာထည့်ပေးသည်...

" မိတ်ကပ်လေးနည်းနည်းပုပ်ရမယ်နော် "

" ဟာ!  ကျနော်မလူးချင်ဘူး.. ကျနော်က ယောကျာ်းလေးတစ်ယောက်ပါ.. ဒီတိုင်းအဆင်ပြေပါတယ် "

"ဒါက အဲ့လိုမဟုတ်ဘူးရှင့်.. Wedding မာ ကြည့်ကောင်းအောင် မျက်နှာလေးဝင်းနေရုံလေးပဲပါ.. Baekhyun shii  ရဲ့ သတို့သားလောင်း မြင်ရင် အချစ်စိတ်တွေ ပိုတိုးပွားစေဖို့လေ..  ဟီးး... လူးလိုက်နော်... "

အချစ်ဆိုတာမှ မရှိတာဗျာ..
ဘယ်က အချစ်စိတ်က တိုးပွားရမှာလဲ...
တိုးချင်တိုး အမုန်းတွေပဲ တိုးမှာပေါ့..
ဟင်းးး အခုတောင် ခန်းမထဲ ဘယ်မျက်နှာနဲ့ ဝင်ရမယ်မှန်း
ကျနော် မသိသေးတာလေ...
သေချာတာတော့ မျက်နှာဗြောင်တိုက်တဲ့ လူတစ်ယောက်လို့
ထင်ပြီး သူ့အမွေတွေကို လိုချင်လို့ သူ့ကိုလက်ထက်တဲ့ အရှက်မရှိ ပိုင်းလုံး ကောင်လို့ လှောင်ပြောင်နေရောပေါ့ဗျာ!

ဒါပေမယ့်လည်း မတတ်နိုင်ဘူး...
ကျေးဇူးတွေက ကျေးဇူးတွေလေ.....

"နှုတ်ခမ်းဆေးလေးလည်း နဲနဲတင်မယ်နော်.. အများကြီး လုပ်စရာမလိုပါဘူး Baekhyun နှုတ်ခမ်းက အစကတည်းက ပန်းနုရောင်လေးဆိုတော့.. "

🌼အပယ်ခံသက်သက်🌼Where stories live. Discover now