Part 27

3K 155 1
                                    

🍁အပယ်ခံသက်သက်🍁

Part_27

မျက်နှာပေါ်သို့ ပူပူလောင်လောင်တစ်ခုခု ကျရောက်နေသည်ကို မျက်လုံးမဖွင့်သော်ငြား ခံစားနေရပြီမို့ မပွင့်ချင်သော
မျက်ဝန်းအစုံအား အားယူကာဖွင့်လိုက်သည်...

အနည်းငယ်လှုပ်လိုက်သည်နှင့် တစ်ကိုယ်လုံးမှုကိုက်ခဲမှု အလုံးစုံတို့က နေရာတိုင်းမှဝင်ရောက်လာသည်..

သန့်ရှင်းကျယ်ပြန့်သော အခန်းအနေအထား..
ဖြူဖွေးနေသော မျက်နှာကျက်လွင့်လွင့်တို့အရ တစ်ယောက်ယောက်ရဲ့အခန်းထဲရောက်နေပြီမှန်း သိလိုက်ရသည်...

ခေါင်းကိုအသာဖိနှိပ်ရင်း အဖြစ်အပျက်တို့အား နောက်ကြောင်းပြန်ကောက်မိတော့ နောက်ဆုံးမှတ်မိသည်က ဝေးဝါးဝါးအရိပ်တစ်ခုနှင့်အတူ မေ့မျောသွားခြင်းပင်...

မျက်လုံးအနည်းငယ်ကစားလိုက်ခြင်းကြောင့် တွေ့ရှိရသော
ဘေးဘက်စားပွဲခုံလေးပေါ်မှ မှန်ဘောင်ခတ်ထားသောပုံလေးကြောင့် ပါးစပ်ပြန်မစိနိုင်အောင်ပင် မှင်သက်ရသည်...
မှန်ဘောင်ထဲမှ အဖြူရောင်ကောင်လေးနှစ်ယောက်ကတော့
သူ့ကိုပြုံးပြလို့.. တစ်ယောက်သူကတော့ မျက်နှာငယ်လေးနဲ့ပေါ့...   

ဒါဆို ဒါ!  Chan Yeol အခန်း???
မဖြစ်နိုင်ပါဘူး! Chan  Yeol က ဒီလိုပုံမျိုးကို အမှတ်တရချိတ်ထားတတ်မယ့် သူမျိုးမှမဟုတ်ဘဲလေ..

ဘယ်သူ့အခန်း ပဲ ဖြစ်ဖြစ် ဒီအခန်းထဲနေရတာ တစ်ယောက်ယောက်မြင်သွားရင် အပြောခံရမာကအမှန်...
လူကနုံးချိနေပေမယ့် မတတ်သာဘူး! 
ကိုယ့်အခန်းကိုပြန်ပြီး ဆေးလေးဘာလေးသောက်အုန်းမှပါ..
တော်သေးတယ်!  အဖျားမကြီးဘဲ ဒီလောက်လေးဖြစ်သွားတာ...

*အဲ့နေ့ညက
Baek Hyun မသိခဲ့တာက..
သူ့ကိုတစ်ညလုံး မမှိတ်မသုန်ပြုစုခဲ့တဲ့ ကောင်လေးတစ်ယောက်ကြောင့် အဖျားတွေလျော့ပါးသွားတယ်ဆိုတာကိုလေ...

နောက်တစ်ခုက အဖျားအရမ်းကြီးပြီး  ချမ်းလွန်းလို့လို့အော်ညည်းလို့ အဝတ်တွေအကုန်ချွတ်ပြီး ကိုယ်နှစ်ခုပူးကပ်လျှက်နဲ့
အဖျားတွေကို ဝေမျှယူခဲ့တဲ့ သူ့ကိုအရမ်းချစ်တဲ့ ချစ်သူတစ်ယောက်ရှိခဲ့တယ် ဆိုတာကိုရောပေါ့.... *

🌼အပယ်ခံသက်သက်🌼Where stories live. Discover now