🌻Part_16🌻

2.5K 125 0
                                    


🍂အပယ်ခံသက်သက်🍀
(Unicode)

မေးခွန်းလွှာတွင်ပါသည့် မေးခွန်းအားလုံးမှာ ကျနော်လေ့ကျင့်ခဲ့သမျှအပုဒ်များပင်ဖြစ်သည်...စာဆိုလျှင် အတိအကျလုပ်တတ်သူမို့ အချိန်နှောင့်နှေးနေခြင်းမရှိဘဲ စောစောလျင်လျင်ပြီးစီးခဲ့သည်။ ကျနော့်နည်းတူ Yeol လည်းဖြေနိုင်မယ်လို့ ယုံကြည်တယ်... စာဖြေချိန်တစ်ဝက် ရောက်ရန်လိုသေးသည်မို့ အဖြေများနှင့်နံပါတ်များအား တိကျစေရန် ပြန်လည်စစ်ဆေးနေလိုက်သည်...

နောက်ဆုံးအပုဒ်ရောက်သည့် အချိန်တွင်တော့ စာဖြေလွှာတွေလာအပ်နိုင်ပြီဆိုသော အခန်းမှူးဆရာမ၏ ပြောသံကြားလိုက်ရသည်... ဘယ်သူမျှတော့ သွားမအပ်ကြသေး... မပြီးသေးဘူးထင်ပ့... ကျနော်လည်းကျနော့် စာရေးကိရိယာတွေ သိမ်းပြီး အဖြေလွှာအား အတန်းစောင့်ဆရာမထံ သွားရောက်အပ်နှံလိုက်သည်.... Xiao Lu ကိုကြည့်တော့လည်း ဖြေပြီးသားတွေကို ပြန်စစ်နေသည်ထင်ပါရဲ့ ဟိုလှန်ဒီလှန်နှင့်.... ကျနော်လည်း Xiao Lu အားအခန်းပြင်မှ စောင့်နေရန် စာဖြေခန်းထဲမှထွက်လာခဲ့လိုက်သည်..

အခန်းပြင်ရောက်တော့ ဘယ်သူမျှမရှိဘူးလားဟု ယောင်ရမ်းပြီး ဘေးဘက်များကို ကြည့်လိုက်တော့...

" ဟင်?? Yeol !! "

ကျနော့်၏မကျယ်သောခေါ်သံလေးအဆုံး နားပါးလွန်းသော Yeol ကလှည့်ကြည့်လာသည်.. အို့ ဒါဆို Yeol နဲ့ကအဆောင်ချင်းအတူတူပဲပေါ့ အခန်းချင်းပဲကွဲသွားတာ..

" Hyun ဖြေနိုင်တယ်ဟုတ်.. အမှတ်ပြည့်ပဲမို့လား"

" အင်း ထင်တာပဲ ~_~ "

" Aigoo... Wuri Hyunnee လေးကတော်လိုက်တာ "

အပြောနှင့်အတူ လက်ကလေးကလည်း ကျနော့်ဆံပင်လေးတို့အား နူးနူးညံ့ညံ့လေးလာဖွတယ်...

" အံမယ် .. Yeol ရာ Yeol လည်းအမှတ်ပြည့်ပဲမို့လား? Hyun နဲ့အတူလုပ်ထားတာတွေပဲ ပါသွားတာကို! ဒါကြောင့်လည်း Hyun ထက်တောင်စောပြီးထွက်လာတာမို့လား?? ဟွန့်!! "

" ဟားး ဖြေနိုင်တာတော့ ဟုတ်ပါတယ်ဗျာ, အမှတ်ပြည့်ကတော့မရနိုင်ဘူးထင်တာပဲ... အခုတောင် Yeol ကအချိန်မပြည့်သေးဘဲ ဇွတ်ထွက်လာတာ "

🌼အပယ်ခံသက်သက်🌼Where stories live. Discover now