Part_26

3K 166 5
                                    

အပယ်ခံသက်သက်🍁

Part_26

မလှပခဲ့သော နေ့ရက်များထဲမှ တစ်ရက်ဖြစ်သည့် ဒီနေ့....
Master ဝင်လို့ ကျောင်းဆက်တတ်ရန် bus stop ၌ Xiao Lu အား အတူသွားရန် ph ဆက်ရင်း bus ပေါ်အမြန်ပြေးတတ်လိုက်သည်....

တစ်လိမ့်လိမ့်ရွေ့လျားရင်း မှတ်တိုင်တစ်ခုပြီးတစ်ခု ကျော်ဖြတ်ခဲ့ပြီးနောက် ကျောင်းသို့ရောက်ရှိခဲ့သည်... ကျောင်းအဝင်၌ရပ်စောင့်နေသော Xiao Lu အားလှမ်းခေါ်ရင်း  စာအုပ်ထုတ်ရန် ဌာနဘက်ဦးတည်သွားလိုက်သည်....

" Baekhyun အဆင်ရောပြေရဲ့လား??"

လမ်းလျှောက်လာရင်း Xiao Lu ကဘေးစောင်းလှည့်ကာမေးသည်...

" အဆင်ပြေပါတယ်...  ဘာဖြစ်လို့လဲ?"

" မင်းအဆင်ပြေအောင်နေ... Park Chan Yeol အရင်လို မင်းအပေါ် မကောင်းတာတစ်ခုခုလုပ်ရင် ငါ့ကို ph ဆက်.. ငါသူ့ကို ရဲနဲ့တိုင်မယ် "

" Chan Yeol နဲ့ ငါက စကားတောင်မပြောဖြစ်တော့ပါဘူး..  အခုဆိုလေ...  ငါအားလုံးကို ဆင်ခြင်နေတယ်..  တစ်အိမ်တည်းနေပေမယ့်လို့.. သူနဲ့မတွေ့ဖြစ်အောင်ရှောင်တယ်.. အတတ်နိုင်ဆုံး......
သူ့အပေါ် ထားခဲ့ဖူးတဲ့ ခံစားချက်တွေကိုလည်း ငါ့ရင်ထဲမှာဘဲ မြှုပ်နှံထားဖို့ ဆုံးဖြတ်ထားတယ်... ငါကြိုးစားနေပါတယ်..."

အင်းလေ အခေါ်အဝေါ်တွေက အစ  ပြောင်းလဲပစ်ရမာ...

Chan Yeol အကြောင်း ပြောမိရင် မျက်နှာလေးညှိုးငယ်နေတတ်တဲ့ Baek Hyun ကို  Luhan လုံးဝသဘောမကျ... စိတ်မကောင်းတာလည်းအမှန်...

" အရမ်းခံစားမနေနဲ့ Baek Hyun...  သူမင်းအပေါ် ကောင်းခဲ့တာ တစ်ကြိမ်မှ ရှိခဲ့တာမဟုတ်ဘူး.. မင်းသာ စိတ်နာတတ်မယ်ဆို သူ့ကိုလက်တောင်မထပ်ခဲ့သင့်ဘူး..  ပြီးတော့ မင်းငါ့ကို ဖုံးကွယ်ထားခဲ့တာကြောင့်လည်းပါတယ်.. .
ငါပြောချင်တာ သူနဲ့မပက်သက်ဖို့ဘဲ... မင်းကိုနဲနဲမှ အရေးမပေးတဲ့ Chan Yeol!!   သူကအခုဆို ကောင်မတွေတစ်ထည်လဲ တွဲချင်တွဲနေမာ... နာကြည်းပစ်လိုက်ပါ...
ကြာလာရင် အချိန်က ကုစားပေးသွားပါလိမ့်မယ်.... "

" ငါကြိုးစားနေပါတယ်  ...
အခု သူ့အဒေါ်  လာနေတယ်လေ  ငါတို့အိမ်မာ...  မင်းကိုအမှန်အတိုင်းဖွင့်ပြောရရင်  ငါအဆင်မပြေဘူး... ငါ လုံးဝအဆင်မပြေဘူး...
Chan Yeol ကိုမြင်ရင် အလိုလို သိမ်ငယ်လာတတ်တဲ့ ငါ...  အခုသူ့အဒေါ်ပါ ရောက်နေပြီ.. စတွေ့တုန်းက Chan Yeol ကိုအရမ်းချစ်လို့ ငါ့အပေါ်လည်း နဲနဲလေးလောက်  သဘောထားပြည့်ပေးခဲ့မယ်လို့ ထင်ခဲ့တာ... တကယ် နဲနဲလေးပါပဲ.... ငါ့အတွေးတွေ တတ်တတ်စင်အောင် လွဲခဲ့တယ်... 
ဟက်!!   ဘဝက ရုပ်ရှင်မဆန်ဘူးလေ...  ကိုယ်ဖြစ်သလို ဖြစ်ခွင့်ရရင် ချမ်းသာတဲ့လူတွေချည်းဖြစ်နေကြတော့မှာ....
ဒါမဲ့  ငါကျောင်းပြီးအောင် ဆက်တတ်မှ  ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်မှ ဖြစ်မှာမို့လို့ ကျေးဇူးတရားတွေကို ဦးစားပေးရအုန်းမှာမို့လို့  မေတ္တာကင်းမဲ့ဇုံ မှာ ကုပ်တွယ်နေရအုန်းမယ် "

🌼အပယ်ခံသက်သက်🌼Where stories live. Discover now