အပိုင်း(၁)*

10.7K 241 38
                                    

Pull upward for unicode🌷

တစ်ထပ်အိမ် ကျဉ်းကျဉ်းလေးထဲမှာ ပစ္စည်းတို့ က ပွစာကြဲနေကာ ဧည့်ခန်းတွင်တော့ဆူညံစွာ ဖဲရိုက်နေသူ ၅ဦ့း့ 

၎ဦးမှာ ယောက်ျားသားများဖြစ်၍ ၁ဦးသာလျှင်မိန်းမသာ့း့ 

ထိုတစ်ဦးတည်းသောသူမ သည် ဤအိမ်၌အဌားနေသူဖြစ်ကာ အိမ်ဌားခပင် မှန်အောင်မပေးနိုင့့် 

အိပ်ခန်းကျဉ်းလေးထဲတွင် နားအား ဆူညံသံများမှ ခေါင်းအုံးဖြင့်ဖိ၍ ကာကွယ်နေသူမှာ ထက်မြင့်မြတ်ရှိန် ဟူသော ဒေါ်မြတ်ဟေသီ၏ သာ့း့ 

အသက်၂၄နှစ်ရှိနေပြီဖြစ်သော ထက်မြင့်မြတ်ရှိန်သည် ၁၀တန်းပင်မအောင့့် 

မိခင်၏ သွန်သင်ဆုံးမမှူအလွဲများကြောင့် လေလွင့်ကာ ပျက်ဆီးနေလေ၏ ။

သူ့ ဝါသနာပါရာ သီချင်းဆိုခြင်းအလုပ်ကို ညဘက်ဘားတွင်လုပ်ကာ အိမ်စရိတ်နှင့် စားရေးကိုတစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးသည် ။

ဝင်းဖန့် ဖန့် အသားအရေ ၊ မြင့်သည်ဟုဆိုနိုင်သော၅ပေ၈လက်မအရပ်နှင့် ညှို့ ဓာတ်ပြင်းသော မျက်လုံးတို့ ကြောင့်  ရေလျှံ သော မမများ၏နှုတ်ဖျားတွင် ထက်မြင့်မြတ်ရှိန် သည် ရှိနေစမြဲ့ 

ဂုတ်အထိရှိသော ရွှေအိုရောင်ဆံနွယ်တို့ သည် အိပ်ယာပေါ်တွင် သူလူးလွန့်လိုက်တိုင်း ရေလှိုင်းများသဖွယ့့် 

"အမေရာ့ တိုးတိုးဆော့ကြပါ့ မသိရင် ရန်ဖြစ်နေကြသလိုပဲ ညက အိပ်တာ နောက်ကျပါတယ်ဆိုမှ"

အိပ်ခန်းအတွင်မှ အားကုန်သုံးကာ ဆူညံနေသော အသံများရပ်လိုရပ်ငြား လှမ်းအော်မိသည် ။

"အေ့း့  အေ့း့ ဆန်ကုန်နေပြီနော် ရှိန် ညကျ ပိုက်ဆံအပ်ဦး"

ထက်မြင့်မြတ်ရှိန် စိတ်ပျက်မိ၏ ။တကယ်ဆို မနေ့ညကရသမျှအမေ့အား ပေးလိုက်သော ပိုက်ဆံများသည် ဖဲဝိုင်းတွင် ကုန်လေပြီဆိုတာ ထကြည့်ဖို့ ပင် မလို့ 

"အမေရေ့ ပိုက်ဆံကတွင်းထဲက နှိုက်လို့ ရလာတာမဟုတ်ဘူး ကြည့်ကျက်သုံး"

"နင်ဒီအရွယ်ထိရောက်အောင် ငါကျွေးလာတာပါ ရှိန်ရယ့့် ခု နင်ရှာကျွေးရတော့ အသံတွေက ထွက်လာပြီ"

❇တစိမ့်စိမ့့် စူး❇(Z+U)♥CompletedOù les histoires vivent. Découvrez maintenant