[ Zawgyi ]
" Kookie မင်းတကယ်ပြောင်းရမှာလား''
'' မပြောင်းလို့မရဘူးလား ဟင်!? ''
အသနားခံသလိုတောင်းဆိုနေရှာသည့်
hyung မျက်ဝန်းတွေကိုကြည့်ပြီး
သူ အားနာမိသည်။အလုပ်ကိစ္စနဲ့ပြောင်းရွှေ့လာတာပင်
ဖြစ်သော်ငြား hyung ကိုထားခဲ့လို့ရပါလျက်နဲ့သူမထားခဲ့ချင်။
Hyung မရှိပဲနေရတာ အဆင်မပြေသောကြောင့် hyungကိုလည်းသူနဲ့လိုက်ခဲ့ဖို့တောင်း
ဆိုမိသည်။သနားလို့ပဲလား သူမရှိလျှင်တစ်ယောက်တည်း
နေရမည့်သူမျက်နှာလေးကြောင့်ပင်လား
Hyung ခမျာလိုက်ခဲ့မည်ဆိုပါသော်လည်း
မပြောင်းချင်သည်မှာ သိသာလှသည်။'' ခဏ..ခဏလေးပါပဲ hyungရယ်
ပြီးရင် ဒီကိုပြန်လာနေကြမယ်လေနော်''''အင်းပါ...''
ကိုယ့်ထက် အသက်ကြီးပင်သော်ငြား
ကလေးနဲ့မခြားသည့်hyungကို
ချော့မောပြောပြီးသူအရောက်ခေါ်ထားရသည်။ဒါတောင် သွားခါနီးသူ့ သူငယ်ချင်း
Tae hyungကိုဖက်ပြီးအလွှမ်းသယ်နေရှာ
လို့ကိုယ့်မှာ အားနာရသည်။''Tae..Tae ငါသွားရတော့မယ်..
ဟိုရောက်ရင်ဖုန်းဆက်လိုက်မယ်နော် '''' အင်းပါ..မင်းကလည်း သွားခါနီး
စိတ်မကောင်းဖြစ်အောင်လို့..Jungkook
မျက်နှာကိုလည်းကြည့်ပါဦး..''''ငါက အကြာကြီးနေမှပြန်လာမှာကို
Tae Tae ကလည်းကွာ..မင်းကိုမှာစရာ
ရှိသေးတယ်..ငါမရှိရင် ငါ့အိမ်နားမှာ
မင်းရဲ့Tannie ကိုသိပ်မလာစေနဲ့
တော်ကြာ ငါပြန်လာရင်Tannie
ငါ့ခြံစည်းရိုးနဲ့ပန်းအိုးတွေကိုသေးနဲ့
ပန်းနေတာ မမြင်ချင်ဘူး..''အဲ့ဗျာ..! hyung မှာတဲ့ပုံကိုကြည့်ပြီး
ငိုရအခက် ရယ်ရအခက်
Tae hyung ခမျာပြုံးစိစိနဲ့ရီချင်နေပုံပေါ်သည်။'' နောက်ပြီး..မင်း hobi hyungကိုလည်း
သိပ်ဂျီမတိုက်နဲ့သူ့မှာသနားဖို့ကောင်းတယ်..''အဲ့ဒါတွေ hyung ဘယ်လိုများသိသလဲ!
သွားများချောင်းထားသလား? အဲ့လေ!
သူများအတွဲကြား မကြောက်မလန့်
ဝင်ပါလိုက်သေး..ခက်ပါပြီ။
![](https://img.wattpad.com/cover/196405748-288-k394804.jpg)
YOU ARE READING
IMAGE || Completed
Fanfiction[ Zawgyi + Unicode ] '' မင်းတို့ မျက်လုံးနဲ့မြင်တွေ့နေရပေမဲ့ မင်းတို့ မြင်နေရတဲ့ ပုံရိပ်တိုင်းက အစစ်အမှန်မဟုတ်ဘူး . .'' _ Jikook Yaoi _Horror Type/FanFiction