[ Zawgyi ]
အိမ်အကျိုးဆောင်ရဲ့စကားကြောင့်
သူရောNam Joonပါထိတ်လန့်ပြီးတစ်
ယောက်ကိုတစ်ယောက်ယောင်ယောင်
မှားမှားကြည့်လိုက်မိကြသည်။'' ခင်ဗျား ဘာပြောချင်တာလဲ! အဲ့စကားကဘာကိုဆိုလိုတာလဲ..''
ဒါတောင်စကားကိုမဆက်နိုင်သေးပဲသူတို့
နှစ်ယောက်ကိုတစ်လှည့်စီကြည့်နေသော
အကျိုးဆောင်ကိုJungkookစိတ်မရှည်ဖြစ်လာသည်..။'' မေးတာဖြေလေ!! အဲ့စကားကဘာ
ပြောချင်တာလဲလို့..!! '''' စိတ်လျော့ပေါ့ ကောင်လေးရာ
ပြောပြမှာပေါ့..ဒီလိုအဲ့အိမ်ကအစက
ဘာမှမဖြစ်ဘူးအိမ်ရဲ့အကြောင်းအရာတွေအားလုံးကငါ့မိန်းမကနေစခဲ့တာ..'''' ရှင်းစမ်းပါဦး..! ''
'' သိချင်တော့လည်းပြောပြတာပေါ့
ငါက ငါ့မိန်းမနဲ့အိမ်ထောင်ကျပြီးမှ
ငါ့မိန်းမက စုန်းမဆိုတာနောက်မှ
သိရခဲ့တာ..ပြောရရင်ငါကလွှဲပြီးငါ့မိန်းမ
အမြင်မကြည်တဲ့သူ သူနဲ့ရန်ဖြစ်တတ်တဲ့
လူတွေအကုန်လုံးကို သူ့အစွမ်းနဲ့ပြုစား
တော့လူတွေကရောဂါတွေတစ်ခုပြီး
တစ်ခုဖြစ်..သေဆုံးကြကုန်တာပေါ့နောက်ဆုံး အိမ်နီးချင်းတစ်ယောက်နဲ့
ရန်ဖြစ်တော့ ငါ့မိန်းမကဒေါသထွက်ပြီးအဲ့
အိမ်နီးချင်းကိုမျက်စိရှေ့တင်သတ်ပစ်လိုက်တော့အဲ့ဒီအိမ်နီးချင်းရဲ့မိသားစုတွေက စုန်းမဆိုပြီးရိပ်မိသွားကြတယ်..ငါအလုပ်သွားတုန်းနောက်တစ်နေ့မှာပဲ
အိမ်ကိုမီးရှို့ ပြီးသတ်ပစ်လိုက်ကြတယ်
ငါ့မိန်းမတင်မဟုတ်ဘူး ငါ့ကလေးတွေပါ ပါသွားတာ...''စကားအစခဏဖြတ်ပြီးရှိုက်သံအနည်းငယ်
ထွက်လာသည့်အိမ်အကျိုးဆောင်Han
ကိုအနည်းငယ်သနားသွားသည်။သူ့ရဲ့ မိသားစုတစ်ခုလုံးဆုံးရှုံးသွားတာ
လေဘယ်လိုနည်းနဲ့ဖြေသိမ့်နိုင်မှာလဲနော်
သူ့ မိသားစုကဘာကြီးပဲဖြစ်နေနေ
သူသိပ်ချစ်ရှာမှာ သိသာပါသည်။'' အဲ့တော့ ငါ့မိန်းမနဲ့ငါ့ကလေးတွေနဲ့
ဘဝချင်းလည်းခြားသွားပြီဒါပေမဲ့မီးလောင်
သွားအိမ်မှာအမှတ်တရတွေများစွာရှိတဲ့
ငါငွေကုန်ကြေးကျခံပြီးအိမ်ကိုပြန်ဆောက်
လိုက်တယ်..အဲ့တော့မှသိခဲ့ရတာ
ငါ့မိန်းမရှိနေသေးတယ်ဆိုတာကိုပေါ့...''
![](https://img.wattpad.com/cover/196405748-288-k394804.jpg)
YOU ARE READING
IMAGE || Completed
Fanfiction[ Zawgyi + Unicode ] '' မင်းတို့ မျက်လုံးနဲ့မြင်တွေ့နေရပေမဲ့ မင်းတို့ မြင်နေရတဲ့ ပုံရိပ်တိုင်းက အစစ်အမှန်မဟုတ်ဘူး . .'' _ Jikook Yaoi _Horror Type/FanFiction