◀ 11 ️▶️

3.8K 276 34
                                    

[ Zawgyi ]

ချယ်ရီပန်းတွေ လှိုင်လှိုင်ပွင့်နေသည့်
နွေဦး ။ တေးသီသံလေးတွေက လေညှင်း
နဲ့အတူ ချိုသာတဲ့အသံတွေက နားစည်ဝဆီ စီးဝင်ရိုက်ခတ်လာသည် ။

အနက်ရောင် ဆံနွှယ်တွေက နဖူးထက်မှာ
ရစ်ဝဲလို့ အေးချမ်းစွာ အိပ်စက်နေသည့်
ကောင်လေး တစ်ယောက် ။

မျက်လုံးတွေ ကိုဖွင့်ကြည့်လိုက်တော့
ပြာလဲ့နေသည့်ကောင်းကင်ကြီးကို
မြင်တွေ့လိုက်ရသည်။ ကျွန်တော်
ရောက်နေတာ ဘယ်နေရာလဲ..

တစ်ခါမှရောက်ဖူးခဲ့သည်မရှိ သူစိမ်းဆန်
သောနေရာတစ်ခု။ဘာလို့ ဒီလောက်
အေးချမ်းတဲ့နေရာမှာ လူအရိပ်အယောင်
လေးတောင် မမြင်ရတာပါလိမ့်...။

ဘယ်သူမှ မရှိတဲ့ ဒီနေရာမှာ
ကျွန်တော်က ဘာလို့ရောက်နေတာလဲ
ဘာလာ လုပ်တာလဲ!?

နယ်ချဲ့လွန်းတဲ့အတွေးစလေးတွေက
ပန်းနုရောင် ချယ်ရီပန်းလှလှလေးတွေကို
တွေ့တော့ပြတ်တောက်သွားခဲ့သည်။
လေညှင်းလေးတွေနဲ့အတူ ယိမ်းနွှဲ့နေတဲ့
ချယ်ရီပန်းလေးတွေရဲ့ အလှက သူ့ကို
ဆွဲဆောင်နိုင်လွန်းသည် ။

ဒီလောက် လှပလွန်းတဲ့ ဒီနေရာမှာ
ဘာကြောင့် ဘယ်သူမှမရှိရတာလဲ..

ချယ်ရီပန်းတွေ မြင်နေရတာတောင်
ရုတ်တရက် ချည်း hyungကိုပဲ သတိရလိုက်တာ

ပန်းလေးတွေဘယ်လောက်လှတယ်ဆိုတာပြောပြချင်ယုံလေးပါ ဒါပေမဲ့ ကျွန်တော်မသိနိုင်ဘူး hyungက ကျွန်တော့်ဆီ ပြန်လာပါ့မလား!?

လှပလွန်းတဲ့ ချယ်ရီပန်းလေးတွေကို
ထိတွေ့လိုစိတ် ဖြစ်ပေါ်လာတာကြောင့်
သူ့အရပ်နဲ့မနှီးမဝေးမှာရှိတဲ့ ပန်းခိုင်လေး
ကိုလှမ်းကိုင်ကြည့်မိသည် ။သူကိုင်လိုက်
မှအနည်းငယ် ကြွေကျလာသော
ချယ်ရီပန်းတွေကို ကြည့်ရင်း နှမြောမိပါရဲ့
ပန်းလေးတွေ နုနုလေးတွေ မကိုင်ခဲ့ရင် အကောင်းသား ။

အထက်လူကြီး Nam Joon hyungရဲ့
ဓာတ်တွေကူးကုန်ပြီထင်တယ်...!?

ကြွေလွှင့်သွားတဲ့ ချယ်ရီပန်းလေးတွေ
မြေခခဲ့တဲ့ အချိန်ခဏလေးအတွင်းမှာ
ကျွန်တော့်ရှေ့ကို ရောက်လာခဲ့တဲ့
တစ်စုံတစ်ယောက် ...။

 IMAGE || Completed Where stories live. Discover now