[ Zawgyi ]
'' ကျွန်တော်တို့နေရမှာ ဒီနေရာလေ
hyungရဲ့..''Jungkook ခမျာရောက်ရောက်ချင်း
Jimin လက်ကလေးကိုဆွဲပြီး
ပြရှာသည်။ကြည့်လိုက်တော့
နှစ်ထပ်တိုက်ကလေး..ရှေးဟောင်းအိမ်ပုံစံအနည်းပင်ရှေးကျသည်ဟုထင်သော်ငြား
အကောင်းအတိုင်းပဲမို့လူနေရန်
အဆင်ပြေလှသည်။ခြံဝန်းလည်းတွဲလျက်ပါသည်မို့
ပို၍အဆင်ပြေလှသည်။မဆိုးဘူးKookie အိမ်ရွှေးတာတော်သွားပြီ...ဒါပေမဲ့
ဒီလောက် ကောင်းတဲ့အိမ်မျိုး
သူဘယ်လိုရလာလဲမသိ...'' Kookie..''
'' ဗျာ.. ''
'' ဒီအိမ်က ငှားထားတာလား
ဝယ်လိုက်တာလား...'''' ဝယ်လိုက်တာ hyungရဲ့
ဈေးကလည်းသက်သာတာမို့
အိမ်က ဘယ်လိုနေလဲ hyung ..'''' အင်း.. မဆိုးပါဘူးကောင်းပါတယ် ''
'' hyung သဘောကျတယ်မလား..
အိမ်ထဲဝင်မယ်လေ..hyung..'''' အင်းပါ..''
ခြေလှမ်းကျဲကြီးတွေနဲ့ဦးစွာဝင်သွားတဲ့
Jungkook ရဲ့ကျောပြင်ကြီးကို
ကြည့်ရင်း..သူပါလိုက်ဝင်မည့်
အိမ်အတွင်းထဲသို့ ဝင်လိုက်သည်။အိမ်အတွင်းသို့ ဝင်စဉ်သူ၏ခြေလှမ်းတို့
သည်ရပ်တန့်သွားသည်။
အိမ်ရိပ်သို့ သူခြေလှမ်းလှမ်းလိုက်စဉ်
တစ်မျိုးကြီးခံစားလိုက်သည်။
အေးစိမ့်စိမ့်ဖြင့် သူ၏ကြက်သီးမွှေးညှင်း
များပါထလာသည်။'' အေးလိုက်တာ~ ဒီနေရာလေတိုက်တတ်
မှန်း Kookie ကိုပြောဦးမှပဲ..''ညည်းတွားရင်းJimin အထဲသို့ဝင်သွား
သည်။ပတ်ဝန်းကျင်သည်သူထင်သလို
မည့်သည်လေမျှမတိုက်ခတ်ပါချေ..။
သစ်ပင်သစ်ရွှက်တို့သည်မလှုပ်မရှား
ငြိမ်သက်နေ၍ပိုးကောင်ငယ်တို့၏
အသံငယ်များကိုမကြားရသက်မဲ့
ပြင်ကြီးအလားငြိမ်သက်နေကြသည်။''hyung..ကျွန်တော်အပေါ်ထပ် အရင်
တက်နှင့်မယ်နော်..''''အင်း..hyung ခဏနေရင်လိုက်လာ
ခဲ့မယ် ''Jungkook တက်သွားတော့
Jimin တစ်ယောက်ထဲသန့်ရှင်းရေး
လုပ်နေသည်။
![](https://img.wattpad.com/cover/196405748-288-k394804.jpg)
YOU ARE READING
IMAGE || Completed
Fanfiction[ Zawgyi + Unicode ] '' မင်းတို့ မျက်လုံးနဲ့မြင်တွေ့နေရပေမဲ့ မင်းတို့ မြင်နေရတဲ့ ပုံရိပ်တိုင်းက အစစ်အမှန်မဟုတ်ဘူး . .'' _ Jikook Yaoi _Horror Type/FanFiction