◀ 10 ️▶️

1.9K 247 32
                                    

[ Zawgyi ]

ပတ်ဝန်းကျင်ဟာ ကျွန်တော်တို့စကားသံ
များပျောက်ကွယ်သွားပြီးနောက် အပ်ကျသံကိုပင်ကြားရလောက်အထိ တိတ်ဆိတ်နေကြဆဲ ။

ကျွန်တော်ပြောတာကို အာရုံစိုက် နားထောင်နေကြသော Jin hyungနဲ့
Tae hyungကို တစ်ချက်ဝေ့ကြည့်လိုက်
သည် ။

ကျွန်တော်တို့ ဘယ်လိုမှ မတတ်နိုင်တော့
တဲ့ အခြေအနေမှာ Jimin hyung ပြောပြသလို လုပ်ဆောင်ရုံမှလွှဲ၍ တခြား
နည်းလမ်းလည်း မရှိပါချေ ။

" ဒါဆိုရင် လည်းJimin လေးပြောပြတဲ့
အတိုင်း လုပ်ကြတာပေါ့..''

Jin hyungပြောစကားကို ထောက်ခံသလို ခေါင်းညိမ့်လိုက်အပြီး
တစ်ချိန်လုံး ငြိမ်နေသောTae hyungဆီမှ
အသံအနည်းငယ် ထွက်လာသည် ။

'' အဲ့တာဆို သူတို့ကို ငါတို့ပြန်တွေ့ရမှာ
လား hyungတို့ ပြန်လာမယ်မလား ...''

မျှော်လင့်ချက် အပြည့်နဲ့Tae hyung၏
စကားကြားရတော့သူ စိတ်မကောင်းဖြစ်
သွားသည်။အမှန်တကယ်ပင် သူသည်လည်း အဖြေသိချင်နေတုန်း...။

Jimin hyung၏ကြိုးစားပါ့မယ် ဆိုတဲ့
အဖြေစကားကမတိကျဘူး။မယုံကြည်
တာမဟုတ်ဘူး မသေချာလို့ ကျွန်တော်
စိတ်ပူတာ...။

" ကျွန်တော်မသိဘူး hyung..Jimin
hyungက hobi hyungနဲ့အတူ ပြန်လာဖို့ ကြိုးစားပါ့မယ် လို့ပြောခဲ့တာမို့
ယုံကြည်လိုက်ကြမယ်လေ မသေချာပေမဲ့ပေါ့ ''

Tae hyungဆီက အသံပြန်ထွက်မလာ
တော့ဘူး တိတ်ဆိတ်သွားတာကြောင့်
ကျွန်တော့်လိုပဲ အတွေးနယ်ချဲ့နေမယ်
ဆိုတာ ခန့်မှန်းမိတာကြောင့် အတွေးကိုယ်
စီနဲ့ ငြိမ်သက်နေကြသည် ။

'' ကဲ! နှစ်ယောက်လုံး ဘာမှမတွေးကြနဲ့တော့ Jimin လေး ပြောသလို လုပ်ရအောင်
hyung လည်း ဒီကိစ္စကို အဆုံးသတ် ချင်နေတာ ကြာပြီ အဲ့ဒီတော့ ကူညီပေးပါ ''

'' ဟုတ်ကဲ့ အခုပဲစကြတာပေါ့..''

ထို့နောက် သုံးယောက်သား ခေါင်းချင်းဆိုင်လိုက်ကြပြီး အစီအစဉ် အရင်ဆွဲကြသည် ။ ဘယ်လိုပဲဖြစ်ဖြစ် အပင်ကို ခုတ်ပစ်မဲ့သူ အိမ်ရဲ့နယ်နိမိတ် ထဲအရင်ဝင်ရမည့် သူကကျွန်တော်ပါပဲ

 IMAGE || Completed Where stories live. Discover now