(၉)+Unicode

17.6K 1K 29
                                    

ရိပေါ် မျက်မှောင်ကြုံ့နေတာကို ဓာတ်ပုံဆရာလုံးဝ သဘောမကျတော့။ ခနခနလဲ မပြောချင်ပါ မျက်နှာပျက်ရမယ့်အလုပ်တွေသူမလုပ်ချင်တော့ ဒါပေမယ့် ခုကတော်တော်ဆိုးနေပြီ။

"ကျန်းရုံ..မင်းငါ့အစား ရိပေါ်ကို တချက်ပြောပေးစမ်းပါ..ဆက်လုပ်နေရင် ငါမရိုက်ချင်တော့ဘူးဟ"

ကျန်းရုံလဲ မျက်နှာမကောင်းတော့ ခေါင်းတချက်ငြိမ့်ပြီး ရိပေါ် အနားသွားလိုက်သည်..

"ရိပေါ်..မင်း professional ဆန်ဆန်နေပါကွာ မင်းပဲဒီကြော်ငြာကို မရရင်သေပါမယ်ဆိုလို့ CEO ကအစ တောင်းဆိုပေးထားတာလေ..မင်းဘာဖြစ်နေလဲဆိုတာသိတယ် ဒါပေမဲ့ ညီအကိုတယောက်နေနဲ့ ပြောချင်တာကမင်းလုပ်ပုံတွေက မမှန်နေဘူး ငါ့ညီ..ဘာကိုဆိုလိုလဲသိလား?"

ရိပေါ် ကကျန်းရုံပြောစကားဆိုရင်တော့ အလေးနက်ထားနားထောင်ရှာသည်။ သူ့လုပ်ရပ်တွေက ရိုက်ကွင်းတခုလုံးအတွက် အားနာစရာကောင်းမှန်ခုမှသတိဝင်လာသည်။ ဓာတ်ပုံဆရာမှာလဲ လက်ပန်းကျနေပီ ဘေးက မိတ်ကပ်ပြင်အမတယောက်လဲ သူ့အား သ,ပေးနေရသည်မှာ တော်တော်ညောင်းလောက်ပြီ။ ကျန်းရုံက ရိပေါ် မျက်နှာလေးအရောင်ပြောင်းသွားတော့ ဝမ်းသာအားရ တချက်ခေါင်းငြိမ့်ပြီး လက်ထဲက lemon teaဘူးလေး ကမ်းပေးလိုက်၏။

"ရော့ ငါ့ညီ အမောဖြေပြီး အကောင်းဆုံးလုပ်ရအောင်"

ရိပေါ် ယဲ့ယဲ့လေးပြုံးကာ လီမွန်တီးဘူးကို လှမ်းယူသောက်ပြီး ရင်ထဲတောက်လောင်နေသည့်အပူကို သက်သာလိုသက်သာငြား အကုန်သာမော့ချလိုက်၏
မျက်လုံးထောင့်က မနှစ်မြို့စရာကို မျက်လုံးထဲကထုတ်ပြီး အလုပ်သာအာရုံစိုက်ဖို့ဆုံးဖြတ်လိုက်သည်။

"ကောင်းတယ် ဟုတ်ပြီ အာ့လိုဖြစ်ရမှာ..."
"ပို့စ်နောက်တခု!" "အမလေး ဝမ်ရိပေါ်ရဲ့ talent တွေက တကယ်နောက်စရာမဟုတ်ဘူး"

ဓာတ်ပုံဆရာကတော့ နှစ်ထောင်းအားရဝမ်ရိပေါ်ကို သဘောကျနေကာ ကင်မရာကို စက်သေနတ်အလား တဖျက်ဖျက် ။Staffမလေး အားလုံးကလဲ ရင်ဘက်ကိုလက်နဲ့ဖိကာ မီးရောင်အောက်က အချေမင်းသားလေး၏ အလှကိုငေးမောနေကြ၏။ ရိပေါ်၏ ပေါ်လွင်လေးထေါင့်ကျနေသော မေးရိုးတွင် ငြိတွယ်ကုန်ပါပြီဆိုသူကဆို..ညို့အားပြင်းမျက်လုံးစင်းစင်းလေးကြောင့် နှလုံးခုန်ရပ်ပြီထင်တယ်ဟု အကဲပိုသူကပို..six packတွေ ကြွက်သားတွေကို မှီအုံးအိပ်ချင်တယ် ဆိုတဲ့ အကဲမလေးတွေကရှိသေး။

The Meaning of You In My Life Where stories live. Discover now