(18)+unicode

12.2K 889 50
                                    

"..သခင်လေး သတိရလာပြီ"

ရိပေါ် အားယူပြီးမျက်လုံးကိုဖွင့်လိုက်တော့ စိုးရိမ်တကြီးကြည့်နေတဲ့ အဖေနဲ့အိမ်တော်ထိန်းမျက်နှာကို တွေ့လိုက်ရသည်။

"ပါး..ပါးကဘယ်လိုလုပ်ပြီး ရောက်နေတာလဲ"

"ကောင်စုတ်လေး..ငါ့သားဆီငါလာတာ ဘာဖြစ်လဲ..စကားတွေမပြောနဲ့အားကုန်လိမ့်မယ်"

"ရေ..ရေဆာတယ်"

ပခုံးကမျက်ခနဲနာတော့ ရိပေါ် မျက်နှာလေးရှုံ့သွားသောအခါ ဝမ်သခင်ကြီးရော အိမ်တော်ထိန်းပါပြာယာခတ်၍ ရေခပ်ပေးကြသည်။

အိမ်တော်ထိန်းကို ဆရာဝန်ကိုသွားခေါ်ခိုင်းပြီး..ရိပေါ် အနားခုံဆွဲထိုင်လိုက်သည်။

ပါပါးကို ရိပေါ်မျက်နှာချင်းဆိုင်မကြည့်ချင်... ကိုယ့်အဖြစ်က ခလုတ်ထိမှအမိတ ဆိုသလိုလေ။ ဖြစ်ခဲ့တာတွေအတွက် ပါးကို စိတ်နာပေမယ့် လောကမှာ သွေးသားရင်းဆိုလို့ပါးတစ်ယောက်ထဲ။

"ရိပေါ်..မင်းကို ဆိုင်ကယ်စီးတာတွေမလုပ်ဖို့ပြောတာနားမထောင်ဘူး ခုတော့"

"ကျွန်တော် ဝါသနာပါတာ ကျနော်ချစ်တာကို လုပ်တာပါ ပါးဝင်ပြောစရာမလိုဘူး.."

"အေး..ငါလဲ မင်းဘာမှမဖြစ်ရင်မပြောချင်ပါဘူး ခုကျတော့ ဖြစ်လာတော့ မင်းပဲ ခံရတာ"

"ဟုတ်တယ် ကျနော်ဖြစ်ရင် ကျနော်ခံမယ်လို့ အစတည်းကဆုံးဖြတ်ပြီးသားပါ ပါးစိတ်မပူပါနဲ့ ပါးကို ကူညီဖို့လဲ ကျနော်မတောင်းဆိုမိဘူး"

ဝမ်သခင်ကြီး နာကျင်နေတာတောင် မာနမလျှော့သည့် သားတော်မောင်ကိုကြည့်၍သက်ပြင်းချလိုက်သည်။

"ငါလဲ အသက်ကြီးပြီ မင်းနဲ့စကားအကန်တွေမပြောချင်တော့ဘူး..မင်းငါနဲ့ပေးထားတဲ့ကတိကော တည်မှာလား"

"ကျနော် ယောက်ျားတယောက်ပါ ကတိတည်ပါတယ်"

"အေးအေး ငါက မင်း ကတိတည်မတည်ကို သံသယမဝင်ပါဘူး ယောက်ျားဟုတ်သေးလားဆိုတာပဲ သံသယဝင်တယ်"

ရိပေါ် မျက်မှောင်ကြုံ့လိုက်၏

"ပါး ဘာစကားပြောတာလဲ"

The Meaning of You In My Life Where stories live. Discover now