(14's Extra) Pancake (U+Z)

17.2K 566 19
                                    

Warning for mature scene and talk

အမှာစကားး...

Unicodeတွေ editလုပ်ရင်း chapter 14မှာ ပန်ကိတ်စားတဲ့ပေါ်ကြီးကို ရေးပေးမယ်ကတိပေးခဲ့လို့လေ..ကတိလာတည်ပေးတာ..မရေးရတာကြာတော့ နဲနဲအဆင်မပြေဘူး သိလား😆သည်းခံဖတ်နော်..21+sceneတွေအဆင်မပြေတဲ့သူဆို မဖတ်နဲ့နော်..နဲနဲအောသလိုခံစားရလို့ကိုယ်လဲ😅။

(ဘုရားစင်ရှေ့ငူတ်တုတ်ထိုင်ရေးတာ ငရဲမကြီးဘူးမလား🤣)

ဒါ ၁၄ရဲ့ scene တခုနော်..မမှတ်မိရင်သွားပြန်ဖတ်။

ကဲ ဖတ်ကြပါတော့

...ပန်ကိတ်စားတဲ့ကိုပေါ်ကြီး......

ရိပေါ် ရှောင်းကျန့်ပေးလိုက်တဲ့ listထဲက ပစ္စည်းတွေ တခုမကျန်ပါအောင်သေချာစစ်ပြီးဝယ်ခဲ့တယ်။

အိမ်ထဲရောက်တော့ ရေချိုးပြီးခါစ ရှောင်းကျန့်ကိုတွေ့ရတယ်...စတော်ဘယ်ရီshowerနံ့သင်းသင်းလေးက နှာခေါင်းကိုလာရိုက်ခတ်နေတယ်။

"ကော showerအသစ်ပြောင်းသုံးထားတာလား"

"ဟုတ်တယ်ကလေး စပွန်ဆာပေးတဲ့ဟာစမ်းသုံးကြည့်တာ မဆိုးဘူး"

ရိပေါ်သိတယ် ကောရဲ့ shower gelက အရင်က Vanilla အနံ့လေ။

သဘက်ပွပွ တထည်နဲ့ခေါင်းကိုရေသုတ်နေတဲ့ ရှောင်းကျန့်နားသွားပြီး သဘက်ကိုလှမ်းယူလိုက်တယ်။

"လာခဲ့ ဒီကို"

ရိပေါ်ဆွဲခေါ်ရာနောက် ရှောင်းကျန့်အသာလိုက်သွားပြီး ဧည့်ခန်းထဲကဆိုဖာပေါ်ထိုင်ချလိုက်တဲ့ ရိပေါ် ပေါင်ပေါ် ထပ်ဆင့်ထိုင်လိုက်တယ်။

ရိပေါ်က ဆံပင်စိုတွေကို ဖွဖွသုတ်ပေးနေတယ်။ ကလေးရဲ့ ဂရုစိုက်တတ်တဲ့ မျက်လုံးတွေကို သဘက်ကြားထဲက ခိုးကြည့်ရတာ သဘောကျတယ်။

ရိပေါ်ကတော့ ပေါင်ပေါ်မှာ အဝတ်တစတောင်မပါပဲ မိမွေးဖမွေးတိုင်း ထိုင်နေတဲ့လူကြီးကို စိတ်ထဲက အကြိမ်ကြိမ် ကျိန်ဆဲနေမိတယ်။အိမ်ကကပ်ထားတော့ မှန်တွေနဲ့ အပြင်က မြင်ရမှာမကြောက်ဘူးလား။ လုပ်မိတော့မယ်။

ဆံပင်တွေခြောက်ခါနီးတော့ရိပေါ် ရှောင်းကျန့် ပခုံးကို ဖွဖွလေးနမ်းပြီး လွှတ်ပေးလိုက်တယ်။

The Meaning of You In My Life Onde histórias criam vida. Descubra agora