(၁၁)+Unicode

15.1K 1K 68
                                    

ဓာတ်လှေကားထဲ ရိပ်ခနဲဝင်သွားတဲ့အရိပ်၂ခုကြောင့် လုံခြုံရေးဦးလေးကြီး ခေါင်းတရမ်းရမ်းလုပ်နေသည်။

ခုခေတ်လူငယ်တွေများ မလွယ်ကြဘူး ရဲတင်းလာကြပီ အိမ်းး....

"ဟင့်..အင့်..ဝမ်ရိပေါ် ကင်မရာ..အာ့..ကင်မရာတွေရှိတယ်လေ"

ရှောင်းကျန့် ရှိသမျှအားလေးသုံးပြီး တွန်းထုတ်ပေမယ့် ရမ္မက်တက်နေသော အသက်၂၁အရွယ်ယောက်ျားပျိုတစ်ယောက်၏ ထိန်းချုပ်မှုကို သူမတွန်းလှန်နိုင်ခဲ့။ အားမရှိလို့တော့မထင်နဲ့ ဒီကောင်ဆိုးလေးရဲ့ အနမ်းတွေကြောင့်ဒူးတွေမခိုင်တော့တာ ဟု ရှက်ရှက်နဲ့ဝန်ခံရမှာပဲ။

ရိပေါ်ကတော့ ကောရဲ့လက်နှစ်ဖက်လုံးကို ခေါင်းပေါ်မှာ ကပ်ချုပ်ထားပြီး ၁၂ထပ်သို့ ခလုတ်ကိုနှိပ်လိုက်သည်။ ကျေးဇူးတင်ပါတယ် အိမ်ကို ၁၂လွှာမှာ စီစဉ်ပေးထားလို့။ ထို့နောက်ကြောက်လန့်နေသောယုန်ပေါက်လေး၏ အောက်နှုတ်ခမ်းကို ဖွဖွလေးကိုက်ဆွဲလိုက်၏။

"ကင်မရာတွေရှိတော့ ပိုစိတ်လှုပ်ရှားစရာကောင်းတာပေါ့ကောရယ်"

နုဖတ်နေသည့်မျက်နှာနဲ့မလိုက် ယုတ်မာတဲ့အပြုံးလေးပန်ဆင်ကာ မိမိနှုတ်ခမ်းကို အငမ်းမရစုပ်ယူစားသုံးနေသော ကောင်လေးကြောင့် ရှောင်းကျန့်ရင်မောရပါသည်။

"ဒီလိုနေ့တွေစောင့်နေတာကြာပြီ ကောရဲ့"

ပြောရင်း ကျန့်ကောဝတ်ထားသော တီရှပ်ကကြယ်သီးတွေကို အကြမ်းပတမ်းဖြုတ်ခါ လည်တိုင်ဝင်းဝင်းလေးကို လက်ချောင်းများဖြင့်ပွတ်သပ်ရင်း ညပ်ရိုးအလှကို ခနရှုစားနေလိုက်သည်။
ကောကို ကြည့်လိုက်တော့ရှက်သွေးဖြာနေတဲ့ပါးနီနီလေး မိမိလက်ချက်နဲ့ ဖူးယောင်နေတဲ့ နှုတ်ခမ်းလေး ထို အသည်းပုံ နှုတ်ခမ်းလေးနဲ့ လိုက်ဖက်သော မှဲ့နက်လေး..ပွယောင်းယောင်းဖြစ်နေသောဆံပင် မိမိကိုကြည့်နေသောသမင်မျက်လုံးလဲ့လဲ့လေးနှင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသာ ကောရင်ဘက်ဝင်းဝင်းလေး..ကောနဖူးနားကစီးနေတဲ့ချွေးကြောင်းလေး.အသက်ရှုနေတဲ့ရှိုက်သံလေး.ထိုအရာများကြောင့် ရိပေါ်ရူးချင်မတက်ဖြစ်သွားမိပြီ။

The Meaning of You In My Life Dove le storie prendono vita. Scoprilo ora