(၁၅)+Unicode

12K 780 59
                                    

ဘာတွေက ဘယ်လိုဖြစ်ပြီး ဘယ်နေရာကမှားသွားတာလဲ ကျန့်ကော..။

လွန်ခဲ့တဲ့ ၂၄နာရီမပြည့်ခင် အချိန်ကပဲ ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင် စနောက်နေခဲ့တယ်။ ချစ်ရည်လူးနေခဲ့တယ် အနမ်းတွေခြွေနေခဲ့တယ်..။ကျန့်ကော လုပ်ပေးတဲ့ ပန်ကိတ်လေးတွေစားရင်း တီတီတာတာတွေပြောနေခဲ့တာ အဲ့ဒီ ပန်းကန်တွေခွက်တွေတောင်မဆေးရသေးဘူးလေ..။ ပြုံးပြုံးရွှင်ရွှင် အပြင်ထွက်သွားပြီးခါမှ ..ပြန်လာတော့ ဘာဖြစ်ရတာလဲ ကောရယ်။

"ငါတို့ ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူး" တဲ့လား။

ကျွန်တော် ဘာအမှားလုပ်ခဲ့လို့လဲ။

"ကောစိတ်ဆိုးလို့ပြောတာမလားဟင်.."

အိပ်ရာခြေရင်းမှာ ကျောပေးထိုင်ထားတဲ့ ကော ဆီက တိတ်ဆိတ်မှုတွေပဲပြန်ရတယ်။

လည်ပင်းနုနုမှာတောင် ကျွန်တော်ပေးထားတဲ့ အမှတ်သားလေးတွေတောင် မခြောက်သေးဘူး။

"ကော..တခုခုပြောပါ..ကျန့်ကော"

လက်ဖျားလေးတွေကို ဆွဲကိုင်လိုက်တော့ ရုန်းကန်ခြင်းလဲမပြု ပြန်လည်ဆုပ်ကိုင်ခြင်းလဲမပြုဘူး အသက်မဲ့နေတယ်။

"အာ..သိပြီ ကော ညကကျွန်တော် ကြမ်းမိလို့လား...စောစောထပြီး ကောအတွက် မနက်စာလုပ်ပေးမယ့် ကတိပျက်မိလို့လား ...ဟဲဟဲသိပြီ ကောရဲ့ ကြောင်လေးကို ငေါက်မိလို့လား..ကျွန်တော်သူ့ကို ကြောင်စာတွေဝယ်ပေးမယ်လေ..စိတ်မဆိုးပါ.."

"ရိပေါ်.."

ရိပေါ် ခြောက်ကပ်နေသောရယ်သံဖြင့် အားယူပြောနေရသောလဲ ရင်ထဲက တင်းကြပ်နေသည်။ ကော၏ ခေါ်သံကြောင့်စကားစပြတ်သွားသော်လည်း ကောပါးစပ်မှ ထွက်လာမယ့်စကားများကို အတည်မဟုတ်ရန်သာဆုတောင်းနေမိ၏

ကျွန်တော် ကြားချင်တဲ့အတိုင်း စ နေတာ စိတ်ဆိုးနေတာ လို့ပဲပြောလိုက်ပါ ကော..။

"ရိပေါ် ငါနောက်နေတာမဟုတ်ဘူး..ငါတို့ဒီမှာပဲရပ်ရအောင်"

ကျန့်ကော၏
သက်ပြင်းငွေ့ငွေ့ကို ရိပေါ်ခံစားမိလိုက်၏။

မဖြစ်နိုင်ဘူး ငါအိမ်မက်မက်နေတာ..

ရိပေါ် ရှောင်းကျန့် ကျောကို သိုင်းဖက်ရင်း လည်ပင်းကို ဖွဖွလေးနမ်း၏။ ညကကိုက်ရာတွေပေါ် ထပ်ဆင့်ကိုက်တာ သွေးစလေးများထွက်သည်အထိ။

The Meaning of You In My Life Where stories live. Discover now