Honey Trap Ep 13

8.9K 853 27
                                    

Zawgyi

"တစ်ယောက်ယောက်ကို လွမ်းနေတာလား.....''

ဆိုဖာပေါ်မှာ ထိုင်နေရင်းမှ ဗြုန်းခနဲ ဝမ်​ရိ​ပေါ် ရဲ့အသံကြောင့်လန့်သွားပြီး ​ရှောင်းကျန့်​ခန္ဓာကိုယ်​​လေးက တုန်​ခနဲ ဖြစ်​သွားသည်​။

လှည့်ကြည့်လိုက်တော့ လယ်သာ ဂျာကင် အနက်ရောင်ကို အောက်ခံ အင်္ကျီ အမဲနှင် ဂျင်းဘောင်းဘီ အမဲရောင်ကို ဝတ်ထားတဲ့သူက ဝါကျင့်ကျင့် မီးရောင်ပြပြအောက်မှာ တစ်ကိုယ်လုံး နက်စွေ့ကာ ဖြူဝင်းသည့် အသားအရည်ကြောင့် ထည်ဝါသော ချောမွေ့ခြင်းများနှင့် ပြည့်စုံလွန်းသည်။

ရှောင်းကျန့်​ ရှေ့ကို ပြန်လှည့်လိုက်ကာ.....

"​ကော​ကော ကို လွမ်းလို့.....''

ပြောပြီး မျက်ရည်လေးတွေ ဝေ့တက်လာတဲ့ မျက်ဝန်း​လေးကို ဝမ်​ရိ​ပေါ်  ဂရုဏာ သက်သလို ကြည့်လိုက်မိသည်။

"မင်းကိုကိုယ် ပြောစရာရှိတယ်.... ''

"ခင်ဗျား ဘာပြောမှာလဲ....''

သူက ​ရှောင်းကျန့်​ ဘေးမှာ ဝင်ထိုင်လိုက်ပြီး....

"မင်းနဲ့ငါ မနက်ဖြန် Church မှာ လက်ထပ်မယ်.....''

သူ့စကားကြောင့် ​ရှောင်းကျန့်​ ဝမ်းမသာမိပါ။

နှုတ်ခမ်းများကို မဲ့လိုက်မိသည်။

သူဒီလို ပြောလိုက်တာနဲ့ ဝမ်းသာအားရ ခုန်ပေါက်သွားမယ်လို့ ထင်နေလို့လား....

"မင်းအတွက် လက်ထပ်ဆွဲကြိုးပေါ့ ကိုယ်ဝယ်လာခဲ့တယ်.....''

သူပဲဆက်ပြောပြီး ဂျာကင်အိပ်ထဲမှ တစ်စုံတစ်ခု ကို ထုတ်ယူသည်။

ရှောင်းကျန့်​ လှည့်မကြည့်ခဲ့ပါ.....

မျက်ဝန်းထဲမှာ မျက်ရည်တွေ ဝေ့တက်လာတာ ဝမ်းသာလို့မဟုတ်တာတော့ သေချာပါသည်။

သူဂရုစိုက်တာထက် သူ့ရဲ့ရင့်သီးတဲ့ အပြုံးတွေ စကာလုံးတွေက ရင်ထဲမှာ ပြည့်နှက်နေပြီးသားဖြစ်သည်။

"ဒီဘက်လှည့် ကိုယ်ဆွဲပေးမယ်.....''

လှည့်လိုက်တော့ အလင်းရောင်ထဲမှာ လက်ခနဲ ဖြစ်သွားသည့် အဖြူ ရောင်လေးကိုလည်း မြင်ရသည်။

Honey TrapWhere stories live. Discover now