Honey Trap Ep 16

7.9K 908 38
                                    

Zawgyi

ဆေးရုံက ဆင်းခါနီးမှ ခေါင်းကဒဏ်ရာက မသက်သာသဖြင့် တစ်ရက်ထပ်ကြာခဲ့သည်။

အခုပြန်ဆင်းလာတဲ့အထိ ဝမ်​ရိ​ပေါ်ဆိုတဲ့ သူရောက်မလာခဲ့ပါ။

သုံးရက်​လို့​ပြောသွား​ပေမယ့်​ ယခုပင်​တစ်​ပတ်​​ကျော်​​နေပြီဖြစ်​သည်​။

မ​မျှော်​လင့်​သင်​တဲ့အရာ မ​မျှော်​သင့်​တဲ့သူကိုပဲ ​ရှောင်းကျန့်​ ရူးရူးမိုက်​မိုက်​နဲ့ ​မျှော်​လင့်​​နေခဲ့မိတာလား။

အနားမှာ အားပေးနှစ်သိပ်နေသည့် ချင်းဟန်​​ကောကလည်း အားမငယ်ဖို့ တတွတ်တွတ်ပြောရင်း လိုအပ်သမျှကို လုပ်ကိုင်ပေးသည်။

ချင်းဟန်​​ကော က အိမ်လိုက်ပို့ပေးပြီး အလုပ်က အရေးတကြီး ခေါ်သဖြင့် ပြန်ထွက်သွားရပြန်​သည်​။

ဆေးရုံတက်​လိုက်​ရကတည်းက ကျိတ်၍ ဆုံးဖြတ်ပြီးသားမို့ ချင်းဟန်​​ကော မရှိတော့တာနှင့် ​ရှောင်းကျန့်​ ကိုယ့်အတွက် အရေးတကြီး လိုအပ်သည့်ဆေးနှင့် အဝတ်နှစ်စုံ သုံးစုံလောက်ကို လက်ဆွဲအိပ်လေးထဲထည့်ကာ ချင်းဟန်​​ကော ဖွင့်ထားခဲ့သည့် အိမ်တံခါးပေါက်တွေကို ပြန်ပိတ်လိုက်သည်။

လူကလှုပ်ရှားနေရင်း စိတ်တွေက ကယောက်ကယက် နှင့် လောင်မြိုက်နေသည်။

သည်အရိပ် သည်နေရာဟာ သူ့အတွက် ခေတ္တနားခိုရာ ဇရပ်တစ်ဆောင်လား....

ဒါမှမဟုတ်​ မဖြစ်​မ​နေခိုကပ်​ပြီး​နေ​နေရတဲ့ ​နေရာတစ်​ခုလားဆိုတာကိုလည်း ​ဝေခွဲမရ​တော့။

သံယောဇဉ် မပါ အချစ်ဗလာနှင့် ဝမ်​ရိ​ပေါ် ဆိုတဲ့လူ၏ မလွှဲမကင်းသာ၍ စောင့်ရှောက်ခြင်းကို မျက်နှာပြောင်ပြောင် ခံယူခဲ့မိတာကလည်း ကိုယ်ပဲဖြစ်သည်။

ဟုတ်တယ် သူထွက်သွားရင် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်လာလိမ့်မည်။

တစ်ချိန်ချိန်မှာများ နူးညံ့လာတတ်​​လေမလားဟု မျှော်လင့်ခဲ့မိတာတွေ လည်းပြီးဆုံးခဲ့ပြီ။

ဒီဘဝ ဒီမျှနဲ့ပင်​ရှိ​စေ​တော့။

ထိုစဉ်...

Honey TrapWhere stories live. Discover now