Honey Trap Ep 40

4.9K 591 79
                                    


Zawgyi

ဝမ်ရိပေါ်အိမ်ပြန်​ရောက်တော့ အိမ်ရှေ့မှာရပ်ထားတဲ့ကားအဖြူလေးကြောင့်မျက်မှောင်အလိုလိုကြုံ့သွားမိသည်၊ အလိုမကျတဲ့မျက်နှာနဲ့ အိမ်ထဲဝင်တော့မှ ဧည့်ခန်းကဆိုဖာမှာထိုင်နေတဲ့ ကျန်းဖန်ရိ.....

"ခင်ဗျား ဘာလာလုပ်တာလဲ........''

"ရှူး......''

ခပ်ကျယ်ကျယ်ထွက်သွားတဲ့ ဝမ်ရိပေါ်စကားသံအဆုံးမှာ ကျန်းဖန်ရိက နှုတ်ခမ်းပေါ်လက်ညှိုးတင်ပြီး တိတ်တိတ်နေဖို့လုပ်ပြတာကြောင့်အလိုမကျမှုကပိုတိုးသွားခဲ့သည်၊ မကြိုက်ဘူး ဒီလူအိမ်ခဏခဏလာပြီး ရှောင်းကျန့်ကိုလာလာတွေ့နေတာကို သူတကယ်မကြိုက်ဘူး။

"တိတ်တိတ်နေစမ်းပါ...မင်းအသံကြီးကကျယ်လိုက်တာ ကလေးနိုးသွားအုံးမယ်.......''

လေသံအုပ်အုပ်နဲ့ထပ်ပြောလာတဲ့ ကျန်းဖန်ရိကြောင့် ဝမ်ရိပေါ်အခုမှ ဆိုဖာပေါ်မှာထိုင်နေတဲ့ ကျန်းဖန်ရိပေါင်ပေါ်ခေါင်းအုံးလျှက်ခပ်ကွေးကွေးလေးအိပ်ပျော်နေတဲ့ ရှောင်းကျန့်ကိုမြင်သွားခဲ့သည်၊ ထိုအခါမှ လေသံကလည်းနူးညံ့သွားကာ....

"အိပ်ပျော်နေတာလား.......''

"ဟုတ်တယ်.....မင်းကပြန်ရောက်တာစောလှချည်လား.......''

"မစောဘူး ကျုပ်ဒီအချိန်ပြန်ရောက်နေကျပဲ.....နေပါအုံး ခင်ဗျားက ကျုပ်အိမ်ကိုဘယ်ကတည်းကရောက်နေတာလဲ.......''

ဝမ်ရိပေါ်နဲ့ ကျန်းဖန်ရိတို့ရဲ့ဆက်ဆံရေးက အရင်ကလောက်ဆိုးဆိုးဝါးဝါးမဟုတ်တော့ပေမယ့် ပြေပြေလည်လည်ကြီးလည်းမဟုတ်ကြပြန်သေး၊ ရန်သူတွေလိုဆက်ဆံရေးမျိုးမဟုတ်ပေမယ့် အရမ်းကြီးတော့ ရင်းနှီနေကြတာလည်းမဟုတ်၊ သို့ပေမယ့် ရှောင်းကျန့်နဲ့ပတ်သတ်လာရင်တော့ နှစ်ယောက်စလုံးရဲ့အတွေးတွေက ထပ်တူညီကြသည်မှာတော့ တိုင်ပင်စရာမလိုပေ။

"ငါမနက်ကတည်းကရောက်နေတာ....မင်းကလည်းအလုပ်မှာ ပြီး​တော့မင်းထန်လည်းအိမ်မှာမရှိ​တော့ ကလေးတစ်ယောက်ထဲမို့လို့ငါစောင့်ပေးနေတာ......မင်းရောက်ပြီဆိုတော့ငါလည်းပြန်မယ်......''

Honey TrapWhere stories live. Discover now