အပိုင်း။၁၆။

13.6K 1.4K 96
                                    


##ခြံရှေ့ကားပြန်ဆိုက်ချိန်က
ညကိုးနာရီကျော်...

သူ့ကိုကားမောင်းမသင်တော့ဘူး၊
အိမ်ပြန်နောက်ကျမယ်
ပြောလည်းမရ၊
...
၂နာရီလောက်ကားမောင်း
ခြင်းကိုအတင်းသင်ပေးကာ
သူဖြစ်ချင်တာကို
ဖြစ်အောင်လုပ်ခဲ့သောသူ၊

ခုတော့..ညကိုးနာရီကျော်
မှအိမ်ပြန်ရောက်လာရသည်။##

*ကိုယ် ဝင်ပို့ရအုံးမလား။
ကားမောင်းသင်နေလို့
နောက်ကျကြောင်း
အန်ကယ့်ကိုဝင်ရှင်းပြ
ပေးမယ်လေ။*

*မလိုဘူး..
တော်ပါတော့၊
ပိုမရူတ်ပါနဲ့ဝမ်ရီပေါ်..၊
ငါဘာသာပြောလိုက်မယ်။*

*ဟုတ်ပါပြီ။
..
ဒါဆို
ဘယ်တော့လောက်အဖြေပေးမလဲ၊*

*မဆိုင်တာမပြောနဲ့၊
ဒါတွေပြောနေရမယ့်အချိန်မဟုတ်ဘူး၊*

*ဒါဆို
ဘယ်တော့လောက်
ပြောရမယ့်အချိန်လဲ*

*မသိဘူး..
အခုကငါအရမ်းရင်ပူနေသလိုပဲ၊
မကောင်းတာတခုခုဖြစ်လာမယ်လို့
ခံစားနေရတယ်။*

*လုပ်ပြီ။
ကျစ်..အိမ်လေးနောက်ကျပြီး
တရက်တလေပြန် တာကို
ကြောက်ပြနေတာမဟုတ်သေးဘူး။
မင်းကိုက စိတ်နုလွန်းပါတယ်ကွာ..၊
ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ် ၊
တခုခုဖြစ်ရင် Phဆက်လိုက်
ချက်ခြင်း လာပေးမယ်။*

##သူပြောသမျှ ဘာမှမပြောဖြစ်ခဲ့၊
ဝယ်ပေးသမျှအထုတ်တပုံနဲ့
ကားပေါ်ကဆင်းကာ
ခြံထဲသို့ ဝင်လာခဲ့မိသည်။
...
..
သူသည်လည်း ကိုယ်အိမ်ထဲ
ဝင်မှကားမောင်းထွက်သွားသည်။##

*သိပ်ပျော်နေခဲ့တယ်ပေါ့*

*ဟင်!!!*

*သိပ်ပျော်နေခဲ့တယ်ပေါ့ Xiao zhan*

*မ..မဟုတ်*

*မေးမနေပါနဲ့တော့
ဘာကိုမပျော်ရမှာလဲ
မေမေရဲ့၊ပျော်နေမှာပေါ့*

*အရှက်မရှိယောက်ကျားလေး
တယောက်ဆီက ချု နေတာ
ယောက်ကျားကြီးတန်မဲ့၊
..
တစ်လောကလုံး
ဘာတွေပွထနေမှန်း
နင်မသိဘူးမဟုတ်လား၊
အရှက်မရှိတာတွေ..
ရော့!!!ကြည့်အဲ့ဒီမှာ။*

Phကိုကြမ်းပြင်ပေါ်
ပစ်ချပေးခဲ့တဲ့အန်တီလေး။
ခေါင်းထဲ
...
ဘာမှလိုက်မမှီတော့သည်မို့
ယူကြည့်မိလိုက်တော့...

ကြိုးမဲ့ချည်တိုင်(Completed) Where stories live. Discover now